Texas ျပည္နယ္ ေက်ာင္းတြင္းပစ္ခတ္မႈျဖစ္ပါြးခဲ႔တဲ့ေနရာ သမၼတ Biden သြားေရာက္
{{Zawgyi/Unicode}}
အေမရိကန္သမၼတ Joe Biden နဲ႔ သမၼတကေတာ္ Jill Biden တို႔ဟာ တနဂၤေႏြေန႔မွာ Texas ျပည္နယ္က ေသနတ္သမားရဲ႕ လက္ခ်က္နဲ႔ေသဆံုးခဲ့ရတဲ့ မူလတန္းေက်ာင္းသား ၁၉ ဦးနဲ႔ ဆရာမ ၂ ဦး ရဲ႕က်န္ရစ္သူ မိဘေဆြမ်ိဳးေတြ ရွိရာUvalde ၿမိဳ႕ကို သြားေရာက္ၿပီး အားေပးႏွစ္သိမ့္ စကားေျပာၾကားခဲ့ ၾကပါတယ္။
အခင္းျဖစ္ပြါးခဲ့တဲ့ Robb မူလတန္းေက်ာင္းေရွ႕မွာ ေသဆံုးရသူ ၂၁ ဦး ရဲ႕ ဓါတ္ပံုေတြကပ္ထားတဲ့ ဆိုင္းဘုတ္နဲ႔အတူ ပန္းေတြနဲ႔ ဂုဏ္ျပဳထားတာျဖစ္ၿပီး သမၼတဘိုင္ဒန္က ေသဆံုးသူတဦးခ်င္းရဲ႕ ဓါတ္ပံုေတြကိုလက္နဲ႔ထိပီး အမည္ေတြကိုပါ ဖတ္ၾကားခဲ့တာပါ။
အခုလို သမၼတက ဂုဏ္ျပဳေနခ်ိန္မွာပဲ ဒီေက်ာင္းက အပစ္ခတ္ခံရမႈအတြက္ ရဲတပ္ဖြဲ႔ရဲ႕တုံ႔ျပန္ကိုင္တြယ္ပံုကို ျပန္လွန္သံုးသပ္မွာ ျဖစ္ေၾကာင္း အေမရိကန္တရားေရးဌာနက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ဒါဟာ အခုလို ေသနတ္ပစ္ခတ္မႈေတြအတြက္ တုံ႔ျပန္ကိုင္တြယ္ရာမွာ လံုျခံဳေရးတာဝန္ရွိသူေတြ အေကာင္းဆံုး ဘယ္လိုကိုင္တြယ္ သင့္တယ္ဆိုတာနဲ႔ ဘယ္လို သင္ခန္းစာယူရမယ္ ဆိုတာကို သိဖို႔ Uvalde ၿမိဳ႕ေတာ္ဝန္ Don McLaughlin ရဲ႕ပန္ၾကားခ်က္အရ လုပ္ေဆာင္တာလည္း ျဖစ္ပါတယ္။ အခု အခင္းျဖစ္ပြါးမႈမွာ ေသနတ္သမားကို တနာရီေက်ာ္ၾကာတဲ့ အထိ ထိပ္တိုက္ေတြ႕ဆံုရင္ဆိုင္မႈ မလုပ္ခဲ့တာနဲ႔ ပတ္သက္ၿပီး Texas ရဲအရာရွိေတြ ေမးခြန္းအထုတ္ခံေနရတာ ျဖစ္ပါတယ္။
သမၼတနဲ႔ သမၼတကေတာ္တို႔ဟာ Uvalde ၿမိဳ႕ မူလတန္းေက်ာင္းက စတုတၳတန္းမွာ အသက္ ၁၈ ႏွစ္အရြယ္ ေသနတ္သမားရဲ႕ ပစ္ခတ္မႈေၾကာင့္ ေသဆံုးခဲ့ရတာနဲ႔ ပတ္သက္ၿပီး သက္ေရာက္မႈေတြကို ေဆြးေႏြးေျပာဆိုဖို႔ နာရီအေတာ္ၾကာ အခ်ိန္ေပးဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။ သမၼတဘိုင္ဒန္ဟာ ဒီပစ္ခတ္မႈအတြက္ တိုက္႐ိုက္ကိုင္တြယ္ သူေတြနဲ႔ ေတြ႕ဆံုမွာ ျဖစ္သလို ေသဆံုးရသူေတြအတြက္ ကက္သလစ္ ဘာသာဝင္ေတြရဲ႕ ဆုေတာင္းပြဲကိုပါ တက္ေရာက္မွာ ျဖစ္ပါတယ္။
..................................
Texas ပြည်နယ် ကျောင်းတွင်းပစ်ခတ်မှုဖြစ်ပါွးခဲ့တဲ့နေရာ သမ္မတ Biden သွားရောက်
{{Zawgyi/Unicode}}
အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden တို့ဟာ တနင်္ဂနွေနေ့မှာ Texas ပြည်နယ်က သေနတ်သမားရဲ့ လက်ချက်နဲ့သေဆုံးခဲ့ရတဲ့ မူလတန်းကျောင်းသား ၁၉ ဦးနဲ့ ဆရာမ ၂ ဦး ရဲ့ကျန်ရစ်သူ မိဘဆွေမျိုးတွေ ရှိရာUvalde မြို့ကို သွားရောက်ပြီး အားပေးနှစ်သိမ့် စကားပြောကြားခဲ့ ကြပါတယ်။
အခင်းဖြစ်ပွါးခဲ့တဲ့ Robb မူလတန်းကျောင်းရှေ့မှာ သေဆုံးရသူ ၂၁ ဦး ရဲ့ ဓါတ်ပုံတွေကပ်ထားတဲ့ ဆိုင်းဘုတ်နဲ့အတူ ပန်းတွေနဲ့ ဂုဏ်ပြုထားတာဖြစ်ပြီး သမ္မတဘိုင်ဒန်က သေဆုံးသူတဦးချင်းရဲ့ ဓါတ်ပုံတွေကိုလက်နဲ့ထိပီး အမည်တွေကိုပါ ဖတ်ကြားခဲ့တာပါ။
အခုလို သမ္မတက ဂုဏ်ပြုနေချိန်မှာပဲ ဒီကျောင်းက အပစ်ခတ်ခံရမှုအတွက် ရဲတပ်ဖွဲ့ရဲ့တုံ့ပြန်ကိုင်တွယ်ပုံကို ပြန်လှန်သုံးသပ်မှာ ဖြစ်ကြောင်း အမေရိကန်တရားရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အခုလို သေနတ်ပစ်ခတ်မှုတွေအတွက် တုံ့ပြန်ကိုင်တွယ်ရာမှာ လုံခြုံရေးတာဝန်ရှိသူတွေ အကောင်းဆုံး ဘယ်လိုကိုင်တွယ် သင့်တယ်ဆိုတာနဲ့ ဘယ်လို သင်ခန်းစာယူရမယ် ဆိုတာကို သိဖို့ Uvalde မြို့တော်ဝန် Don McLaughlin ရဲ့ပန်ကြားချက်အရ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ အခု အခင်းဖြစ်ပွါးမှုမှာ သေနတ်သမားကို တနာရီကျော်ကြာတဲ့ အထိ ထိပ်တိုက်တွေ့ဆုံရင်ဆိုင်မှု မလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး Texas ရဲအရာရှိတွေ မေးခွန်းအထုတ်ခံနေရတာ ဖြစ်ပါတယ်။
သမ္မတနဲ့ သမ္မတကတော်တို့ဟာ Uvalde မြို့ မူလတန်းကျောင်းက စတုတ္ထတန်းမှာ အသက် ၁၈ နှစ်အရွယ် သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး သက်ရောက်မှုတွေကို ဆွေးနွေးပြောဆိုဖို့ နာရီအတော်ကြာ အချိန်ပေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ သမ္မတဘိုင်ဒန်ဟာ ဒီပစ်ခတ်မှုအတွက် တိုက်ရိုက်ကိုင်တွယ် သူတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို သေဆုံးရသူတွေအတွက် ကက်သလစ် ဘာသာဝင်တွေရဲ့ ဆုတောင်းပွဲကိုပါ တက်ရောက်မှာ ဖြစ်ပါတယ်။