[Unicode/Zawgyi]
အငြင်းပွားမှုတွေ ပြင်းထန်ဆဲ ကိုယ်ဝန်ဖျက်ချခွင့် စီရင်ထုံး Roe v Wade (အမျိုးသမီးကဏ္ဍ)
အမေရိကန်ပြည်ထောင်စုမှာ ဖက်ဒရယ်အစိုးရက ကိုယ်ဝန်ဖျက်ချခွင့် ဆယ်စုနှစ်တွေနဲ့ချီ တရားဝင် ခွင့်ပြုထားခဲ့တဲ့ Roe v. Wade စီရင်ထုံးကို ပြီးခဲ့တဲ့နှစ်ထဲ တရားရုံးချုပ်က ပယ်ဖျက်လိုက်တာကြောင့် နိုင်ငံတဝန်း ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ထောက်ခံ ကြိုဆိုသူတွေကြား ကွဲပြားမှုတွေ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။ ဒီ စီရင်ထုံး ပယ်ဖျက်ပြီး ၆ လ ကြာလာချိန်မှာလည်း ကိုယ်ဝန်ဖျက်ချခွင့်နဲ့ ပတ်သက်တဲ့ အယူအဆ ကွဲပြားမှုတွေ ကေတာ့ နိုင်ငံတဝန်း ဆက်လက် ပြင်းထန်နေပြီး ဘယ်တုန်းကမှနဲ့မတူတဲ့ ဥပေဒေရးရာ အငြင်းပွားမှုတွေနဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုအရ ကွဲပြားမှုတွေ ပို ကြုံလာနေရတဲ့အကြောင်း ရိုက်တာ သတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။
ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အများစု လွှမ်းမိုးထားတဲ့ အမေရိကန် တရားရုံးချုပ်မှာ ကိုယ်ဝန်ဖျက်ချခွင့် ဆိုင်ရာ Roe v. Wade စီရင္ထုံးကို ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ပြန်လည် မပယ်ဖျက်ခဲ့ဘူးဆိုရင် ဒီစီရင်ထုံးဟာ ဒီနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ အနှစ် ၅၀ ပြည့်တာဖြစ်ပါတယ်။ ဆယ်စုနှစ် ၅ စုနီးပါး ချမှတ်ခဲ့တဲ့ သမိုင်းဝင် စီရင်ထုံးတခုကို ပယ်ဖျက်လိုက်တာကြောင့် နိုင်ငံတဝန်း သေဘာထား ကွဲလွဲမှုတွေလည်း ပြင်းထန်ခဲ့ပါတယ်။ ဒီ စီရင်ထုံး ပယ်ဖျက်ပြီး ၆ လ ကြာလာတဲ့ အခုချိန်အထိလည်း ပြင်းထန်မှုအရှိန်က တန့်မသွားပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဇန်နဝါရီလ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာတော့ မြို့တော် ဝါရှင်တန်ဒီစီ အပါအဝင် အမေရိကန်မြို့ကြီး အတော်များများမှာ တက်ကြွလှုပ်ရှားသူတွေ ထောင် သောင်းချီ စုဝေး ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။ Roe v. Wade ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ အပြိုင်အဆိုင် ဆန္ဒပြခဲ့ကြတာပါ။
ဖွဲ့စည်းပုံနဲ့အညီ ခွင့်ပြုခဲ့တဲ့ ကိုယ်ဝန်ဖျက်ချခွင့် ဆိုင်ရာ Roe v. Wade စီရင်ထုံးကို တရားရုံးချုပ်က ပယ်ဖျက်လိုက်ပေမဲ့၊ ပြည်နယ်တခုချင်းစီက ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး ဆက်လက် ခွင့်ပြုနိုင်သေးတဲ့အတွက် လှုပ်ရှားမှုတွေ ဆက်လုပ်နေတဲ့အကြောင်း ကိုယ်ဝန်ဖျက်ချခွင့် ဆန့်ကျင်သူတွေက ပြောဆိုကြပါတယ်။
“ပြည်နယ် တခုချင်းစီမှာပါ အပြောင်းအလဲတွေ ဖြစ်လာအောင် ဆက်လုပ်ရပါဦးမယ်။ ကိုယ်ဝန်ဖျက်ချတာကို ဘယ်အဆင့်မှာဆိုရင် လုပ်နိုင်တယ်ဆိုတဲ့ ပြည်နယ်အလိုက် ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ခွင့်ပြုထားတုန်းပါပဲ။ ကျမတို့ကတော့ ကိုယ်ဝန်ဖျက်ချတာကို လုံး၀ မရှိသင့်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် နောက်ထပ် လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါသေးတယ်။”
March for Life - အသက်ရှင်သန်ခွင့်အတွက် ချီတက်ပွဲလို့ နာမည်ပေးထားတဲ့ လှုပ်ရှားမှု တစိတ်တပိုင်းအဖြစ် ပြီးခဲ့တဲ့ သောကြာနေ့က ဝါရှင်တန်မြို့တော် ဆန္ဒပြပွဲမှာ ပါဝင်သူတဦး ပြောသွားတာပါ။
အလားတူ March for Life လှုပ်ရှားမှုအဖွဲ့ ဥက္ကဋ္ဌ ဂျီးနီမန္စီးနီ (Jeanne Mancini) က လည်း လက်ရှိ အောင်မြင်မှုနဲ့ ရပ်နေလို့ မရဘူးလို့ ပြောသွားပါတယ်။
“ဒီတပတ် ချီတက်ပွဲက အနှစ် ၅၀ မြောက် March for Life ချီတက်ပွဲပါ။ လွန်ခဲ့တဲ့ အနှစ် ၅၀ အတွင်း ကိုယ်ဝန်ဖျက်ချတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ ခုချိန်မှာ ကမ္ဘာတဝန်းမှာပါ အကြီးမားဆုံးနဲ့ အကြာရှည်ဆုံး လူ့အခွင့်အရေး ဆန္ဒပြပွဲကြီးတွေ ဖြစ်လာပါတယ်။ ဒီလောက်အထိ ဖြစ်လာတာ မယုံနိုင်လောက်အောင်ပါပဲ။ Roe v. Wade ကို ဇွန်လထဲ ပယ်ဖျက်ခဲ့ပြီးတဲ့နောက် ခုချိန်မှာ လွန်ခဲ့တဲ့ အနှစ် ၅၀ ကေန လက်ရှိအချိန်ထိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြန်သုံးသပ်ရမယ့် အချိန်ပါ။ နောက်တဆင့် ဘာတွေ ဆက်လုပ်ရမယ် ဆိုတာကိုလည်း စဉ်စားကြရမှာ ဖြစ်ပါတယ်။”
ကိုယ်ဝန်ဖျက်ချခွင့်ကို ဖက်ဒရယ်အစိုးရက တားမြစ်ရုံနဲ့ မလုံလောက်ဘဲ ပြည်နယ်တခု ချင်းစီမှာလည်း ဒါကိုတားမြစ်ဖို့ ကိုယ်ဝန်ဖျက်ချခွင့် ဆန့်ကျင်သူတွေက တောင်းဆိုနေတာပါ။ တဘက်မှာ ဒါကို ကန့်ကွက်သူတွေကလည်း ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်တာဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့အညီ ဘေးကင်းတဲ့ ဖျက်ချတာမျိုး ဖြစ်အောင်၊ အမျိုးသမီး တဦးချင်းစီရဲ့ အခြေအနေပေါ် မူတည်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ့် အမျိုးသမီးတွေရဲ့ အခွင့်အရေး ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုကြပါတယ်။
သားဆက်ခြားစီမံကိန်းဆိုင်ရာ အမေရိကန်အဖွဲ့ချုပ်က ဆက်သွယ်ရေး တာဝန်ခံတဦးဖြစ်တဲ့ အီယံတီ မက်ဇ်ဂါ (Ianthe Metzger) က ခုလို ထောက်ပြပါတယ်။
"Roe ဟာ လိုအပ်တဲ့ အခြေခံတခုသာ ဖြစ်ပါတယ်။ အကန့်အသတ် မဟုတ်ပါဘူး။ ကျန်းမာရေး စောင့်ရှောင်မှုစနစ် ပိုမို ကောင်းမွန်အောင် ဘယ်လို လုပ်နိုင်မလဲ။ ကိုယ်ဝန်ဖျက်ချဖို့ လိုအပ်တဲ့သူတွေ.. ဘယ်လိုနေရာမှာ နေတဲ့သူပဲဖြစ်ဖြစ် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်ကို အားလုံး တန်းတူ ညီမျှ ရရှိစေဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်လဲ ခုချိန်မှာ ဒီကိစ္စကို အေလးထား ဦးစားပေး လုပ်နေတာပါ။ ပြည်နယ်တွေက ဥပဒေ လွှတ်တော်အမတ်တွေနဲ့ အတူ လက်တွဲပြီး အခြေအနေနဲ့ ကိုက်ညီတဲ့ ကျန်းမာရေးစနစ်သစ် တည်ဆောက်နိုင်ဖို့ ကျမတို့ ကြိုးစားနေပါတယ်။ တရားရုံးချုပ်ရဲ့ Roe ဆုံးဖြတ်ချက် ပယ်ဖျက်မှုကြောင့် ဖြစ်တဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးစားနေရတာပါ။”
Roe v Wade စီရင်ထုံးကို တရားရုံးချုပ်က ပယ်ဖျက်ပြီးပြီးချင်းမှာပဲ ပြည်နယ်တချို့ကလည်း ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်တဲ့ တင်းကျပ်တဲ့ ဥပဒေတွေ ချမှတ် လာကြပါတယ်။ ဒါဟာ Roe v Wade စီရင်ထုံးမရှိခင် လွန်ခဲ့တဲ့ အနှစ် ၅၀ က အခြေအနေကို ပြန်ရောက်သွားတာလို့လည်း အီယံတီ မက်ဇ်ဒါ (Ianthe Metzger) က ဝေဖန်ပါတယ်။
“အခုဆိုရင် ပြည်နယ် ၁၈ ခုမှာ ကိုယ်ဝန်ဖျက်ချတာကို ကန့်သတ် ဒါမှမဟုတ် လုံး၀ ပိတ်ပင် တားမြစ်ထား ပါတယ်။ ဒါက အမေရိကန်တဝန်းက အမျိုးသမီးတွေရဲ့ သုံးပုံ ၁ ပုံ သူတို့နေထိုင်တဲ့ ပြည်နယ်မှာ ကိုယ်ဝန်ဖျက်ချနိုင်မယ့် အခြေအနေ လုံး၀ မရှိတော့တာ ဖြစ်ပါတယ်။ တကယ့်ကို ဆိုးရွားတဲ့ အခြေအနေကို ရောက်သွားတာပါ။ အခု နှစ်ပတ်လည်နေ့မှာ ကျမတို့ ဒါကို ပိုပြီး သတိပြုရပါမယ်။”
ကိုယ်ဝန်ဖျက်ချတာဟာ ကေလးကိုသတ်တာ၊ လူသတ်တာလို့ ကန့်ကွက်သူတွေက ပြောပေမဲ့၊ ထောက်ခံသူတွေ ကလည်း ဒါဟာ အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေးလို့ ပြောဆို အငြင်းပွားကြပါတယ်။ နှစ်ရှည်လများစွာ ဖြစ်လာတဲ့ ဒီအငြင်းပွားမှုတွေဟာ တရားရုံးချုပ်က Roe v Wade စီရင်ထုံးကို ပယ်ဖျက်လိုက်ချိန်မှာ ပိုမို ပြင်းထန်လာခဲ့ပြီး ဘယ်တုန်းကမှနဲ့မတူတဲ့ ဥပေဒေရးရာ အငြင်းပွားမှုတွေနဲ့ နိုင်ငံရေးအရရော ယဉ်ကျေးမှုအရ ကွဲပြားမှုတွေ ပို ကြုံလာရတယ်လို့ လေ့လာ သုံးသပ်သူတချို့က ထောက်ပြကြပါတယ်။
“အဖြေမရှိတဲ့ မေးခွန်းတွေ အများကြီး ဖြစ်လာပါတယ်။ Roe ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်ရင် ဘယ်တွေ ဖြစ်လာနိုင်တယ် ဆိုတာကို သူတို့ သေချာ တွေးခဲ့ကြပုံ မရပါဘူး။ နောက်ထပ် ပြဿနာတွေ ကြုံလာရဦးမှာပါ။ တရားရေးဆိုင်ရာ ရှုပ်ထွေးမှုတွေ ဖြစ်လာပါလိမ့်မယ်။ ဗွက်အိုင်တခုလို ရှုပ်ပွ လာဦးမှာပါ။”
အခုဆိုရင် ကွန်ဂရက်စ်လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော်တွေမှာအပြင် ပြည်နယ် တရားရုံးချုပ်တွေနဲ့ တရားရုံးတွေမှာ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ ပတ်သက်တဲ့ အခြေအတင် အငြင်းပွားမှုတွေ၊ တရားရင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်နေတာပါ။ နိုင်ငံရေး အရလည်း တိုးတက်တဲ့ အမြင်ရှိသူတွေလို့ ယူဆထားကြတဲ့ ဒီမိုကရက်တွေနဲ့ သမာရိုးကျ အစဉ်အလာကို လက်ခံတဲ့ ရီပတ်ဘလစ်ကန်တွေ အကြား ကွဲလွဲမှုတွေ ပိုများလာနေပါတယ်။ ဒုသမ္မတ Kamala Harris ကတော့ အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဖျက်ချခွင့် အခွင့်အရေး နိုင်ငံတဝန်း ခြိမ်းခြောက်ခံရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောပါတယ်။
“ကွန်ကရက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန် အမတ်တွေက ကိုယ်ဝန်ဖျက်ချခွင့် နိုင်ငံတဝန်းမှာ တားမြစ်ဖို့ တောင်းဆိုနေပါတယ်။ သန္ဓေသား စ တည်တာနဲ့ တားမြစ်ဖို့အထိ တချို့က တောင်းဆိုနေတာပါ။”
“ဒီနိုင်ငံမှာ ပြည်နယ်တိုင်း ပြည်နယ်တိုင်းမှာ ရှိနေကြတဲ့ အမျိုးသမီးတိုင်း ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးရမယ့်အန္တရာယ် ကြုံနေရတာပါ။ ကျမ အရင်ကလည်း ပြောခဲ့ပြီးပါပြီ။ အခု ထပ်ပြောပါမယ်။ လုပ်ရဲရင် လုပ်ကြပါ။ ကျမတို့ လုံး၀ လက်မခံပါဘူး။”
ပယ်ဖျက်ထားရတဲ့ Roe v. Wade စီရင်ထုံး အနှစ် (၅၀) ပြည့် အထိမ်းအမှတ် ဇန်နဝါရီလ ၂၂ ရက် ဖလော်ရီဒါပြည်နယ်မှာ ပြောဆိုခဲ့တဲ့ မိန့်ခွန်းအတွင်း ဒုသမ္မတ Kamala Harris က အခုလို ပြောကြားသွားပါတယ်။။ ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်တာကို အမေရိကန် အများစုက လက်မခံဘူးလို့လည်း ဒုသမ္မတက ပြောသွားပါတယ်။
ဒါပေမဲ့ March for Life လှုပ်ရှားမှုအဖွဲ့ ဥက္ကဋ္ဌ ဂျီးနီမန္စီးနီ ကလည်း အမေရိကန်တဝန်း ကိုယ်ဝန်ဖျက်ချမှုတွေကို လုံး၀ လက်မခံတော့တဲ့အထိ ဆက်ပြီး လှုပ်ရှားသွားမယ်လို့ ပြောပါတယ်။
“ကျမတို့ ယဉ်ကျေးမှုမှာ ကိုယ်ဝန်ဖျက်ချဖို့ ဆိုတာကို တွေးတောင် မတွေးဝံ့တဲ့ အခြေအနေမျိုး ဖြစ်အောင် စိတ်ရော ကိုယ်ပါ အရာအားလုံး ပြောင်းလဲ ပစ်နိုင်ရင် အကောင်းဆုံးပါပဲ။”
အဲ့ဒီလိုဖြစ်လာဖို့အတွက် ကိုယ်ဝန် မလိုချင်ရင် ရတဲ့သူတွေ အနေနဲ့ ကလေးကို ဖျက်မချဘဲ ကျွေးမွေး စောင့်ရှောက်နိုင်အောင် ကူညီပေးတာတွေ ရှိတယ်လို့လည်း ဂျီးနီ မန်စီးနီ က ပြောပါတယ်။
“မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတဲ့ အမျိုးသမီးတွေအနေနဲ့ ကလေးမွေးဖို့ လိုအပ်တဲ့ အထောက်အပံ့ အားလုံး ရယူနိုင်ပါတယ်။ တချို့ ဖြစ်ရပ်တွေမှာ ကိုယ် မမွေးနိုင်ရင် မွေးစားမယ့်သူတွေကို ပေးနိုင်တယ်။ ဒါက အယူအဆ တခုပါ။ ဒီလို ယူဆတဲ့အတိုင်း အခြေအနေမျိုး လာမယ့် ဆယ်စုနှစ်အတွင်း ဖြစ်ပါ့မလား မေးရင်တော့ ကျမ အနေနဲ့ အကောင်းမြင် မျှော်လင့်ပါတယ်။ ဒါက ကျမတို့ရဲ့ ရေရှည် ရည်မှန်းချက် ပန်းတိုင်ပါ။”
ဒီရည်မှန်းချက် ဘယ်လောက်အထိ လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်မလဲ ဆိုတာတော့ သေချာ မသိနိုင်သေးပါဘူး။ ဒါပေမဲ့ အလိုမတူဘဲ ဖိအားပေးခံရလို့ ဒါမှမဟုတ် မတရားပြုကျင့်ခံရလို့ ကိုယ်ဝန်ရသူတွေ၊ ကျန်းမာရေးအရ၊ လူမှုစီးပွားရေး အကျပ်အတည်းတွေအရ ကလေးယူဖို့ မသင့်တော်သူတွေ အတွက်တော့ Roe v. Wade စီရင်ထုံး ပယ်ဖျက်ပြီးနောက်ပိုင်း အခက်အခဲတွေ အများကြီး ပိုဖြစ်လာတာ ကတော့ သေချာပါတယ်။
Roe v. Wade စီရင်ထုံး ပယ်ဖျက်လိုက်ပေမဲ့ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ ပတ်သက်တဲ့ အခြေအတင် အငြင်းပွားမှုတွေ၊ အပြန်အလှန် တိုက်ခိုက် ပြောဆိုမှုတွေ ကတော့ ရပ်မသွားဘူး ဆိုတာကို ကွဲလွဲနေတဲ့ နှစ်ဘက်စလုံးကလည်း လက်ခံထားကြပါတယ်။ လေ့လာသုံးသပ်သူတွေ ကတော့ တရားအရ အငြင်းပွားမှုတွေဟာ နောက်ပိုင်း ပိုလို့တောင် ရှုပ်ထွေးလာနိုင်တယ်လို့ သတိပေး ပြောဆိုနေကြတယ်ဆိုတာ တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။
====================================
[Zawgyi]
အျငင္းပြားမႈေတြ ျပင္းထန္ဆဲ ကိုယ္ဝန္ဖ်က္ခ်ခြင့္ စီရင္ထုံး Roe v Wade (အမ်ိဳးသမီးက႑)
အေမရိကန္ျပည္ေထာင္စုမွာ ဖက္ဒရယ္အစိုးရက ကိုယ္ဝန္ဖ်က္ခ်ခြင့္ ဆယ္စုႏွစ္ေတြနဲ႔ခ်ီ တရားဝင္ ခြင့္ျပဳထားခဲ့တဲ့ Roe v. Wade စီရင္ထံုးကို ျပီးခဲ့တဲ့ႏွစ္ထဲ တရား႐ုံးခ်ဳပ္က ပယ္ဖ်က္လိုက္တာေၾကာင့္ ႏိုင္ငံတဝန္း ဆန႔္က်င္ ဆႏၵျပသူေတြနဲ႔ ေထာက္ခံ ႀကိဳဆိုသူေတြၾကား ကြဲျပားမႈေတြ အျပင္းအထန္ ျဖစ္ခဲ့ပါတယ္။ ဒီ စီရင္ထံုး ပယ္ဖ်က္ၿပီး ၆ လ ၾကာလာခ်ိန္မွာလည္း ကိုယ္ဝန္ဖ်က္ခ်ခြင့္နဲ႔ ပတ္သက္တဲ့ အယူအဆ ကြဲျပားမႈေတြ ေကတာ့ ႏိုင္ငံတဝန္း ဆက္လက္ ျပင္းထန္ေနၿပီး ဘယ္တုန္းကမွနဲ႔မတူတဲ့ ဥေပေဒရးရာ အျငင္းပြားမႈေတြနဲ႔ ႏိုင္ငံေရးနဲ႔ ယဥ္ေက်းမႈအရ ကြဲျပားမႈေတြ ပို ႀကဳံလာေနရတဲ့အေၾကာင္း ႐ိုက္တာ သတင္းေဆာင္းပါးကို အေျခခံၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။
ေရွး႐ိုးစြဲ ကြန္ဆာေဗးတစ္ အမ်ားစု လႊမ္းမိုးထားတဲ့ အေမရိကန္ တရား႐ုံးခ်ဳပ္မွာ ကိုယ္ဝန္ဖ်က္ခ်ခြင့္ ဆိုင္ရာ Roe v. Wade စီရငၳံုးကို ၿပီးခဲ့တဲ့ႏွစ္ ဇြန္လထဲမွာ ျပန္လည္ မပယ္ဖ်က္ခဲ့ဘူးဆိုရင္ ဒီစီရင္ထံုးဟာ ဒီႏွစ္ ဇန္နဝါရီလ ၂၂ ရက္ေန႔မွာ အႏွစ္ ၅၀ ျပည့္တာျဖစ္ပါတယ္။ ဆယ္စုႏွစ္ ၅ စုနီးပါး ခ်မွတ္ခဲ့တဲ့ သမိုင္းဝင္ စီရင္ထံုးတခုကို ပယ္ဖ်က္လိုက္တာေၾကာင့္ ႏိုင္ငံတဝန္း ေသဘာထား ကြဲလြဲမႈေတြလည္း ျပင္းထန္ခဲ့ပါတယ္။ ဒီ စီရင္ထံုး ပယ္ဖ်က္ၿပီး ၆ လ ၾကာလာတဲ့ အခုခ်ိန္အထိလည္း ျပင္းထန္မႈအရွိန္က တန္႔မသြားပါဘူး။
ျပီးခဲ့တဲ့ သီတင္းပတ္ကုန္ ဇန္နဝါရီလ ၂၀ နဲ႔ ၂၁ ရက္ေန႔ေတြမွာေတာ့ ၿမိဳ႕ေတာ္ ၀ါ႐ွင္တန္ဒီစီ အပါအဝင္ အေမရိကန္ျမိဳ႕ႀကီး အေတာ္မ်ားမ်ားမွာ တက္ႂကြလႈပ္ရွားသူေတြ ေထာင္ ေသာင္းခ်ီ စုေဝး ခ်ီတက္ ဆႏၵျပ ခဲ့ၾကပါတယ္။ Roe v. Wade ကို ေထာက္ခံသူေတြနဲ႔ ဆန႔္က်င္သူေတြ အၿပိဳင္အဆိုင္ ဆႏၵျပခဲ့ၾကတာပါ။
ဖြဲ႕စည္းပုံနဲ႔အညီ ခြင့္ျပဳခဲ့တဲ့ ကိုယ္ဝန္ဖ်က္ခ်ခြင့္ ဆိုင္ရာ Roe v. Wade စီရင္ထံုးကို တရား႐ုံးခ်ဳပ္က ပယ္ဖ်က္လိုက္ေပမဲ့၊ ျပည္နယ္တခုခ်င္းစီက ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ၿပီး ဆက္လက္ ခြင့္ျပဳႏိုင္ေသးတဲ့အတြက္ လႈပ္ရွားမႈေတြ ဆက္လုပ္ေနတဲ့အေၾကာင္း ကိုယ္ဝန္ဖ်က္ခ်ခြင့္ ဆန႔္က်င္သူေတြက ေျပာဆိုၾကပါတယ္။
“ျပည္နယ္ တခုခ်င္းစီမွာပါ အေျပာင္းအလဲေတြ ျဖစ္လာေအာင္ ဆက္လုပ္ရပါဦးမယ္။ ကိုယ္ဝန္ဖ်က္ခ်တာကို ဘယ္အဆင့္မွာဆိုရင္ လုပ္ႏုိင္တယ္ဆိုတဲ့ ျပည္နယ္အလိုက္ ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္ေတြ ခြင့္ျပဳထားတုန္းပါပဲ။ က်မတို႔ကေတာ့ ကိုယ္ဝန္ဖ်က္ခ်တာကို လံုး၀ မရွိသင့္ဘူးလို႔ ထင္ပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ လုပ္ေဆာင္စရာေတြ အမ်ားႀကီး ရွိေနပါေသးတယ္။”
March for Life - အသက္ရွင္သန္ခြင့္အတြက္ ခ်ီတက္ပြဲလို႔ နာမည္ေပးထားတဲ့ လႈပ္ရွားမႈ တစိတ္တပိုင္းအျဖစ္ ျပီးခဲ့တဲ့ ေသာၾကာေန႔က ၀ါရွင္တန္ျမိဳ႕ေတာ္ ဆႏၵျပပြဲမွာ ပါ၀င္သူတဦး ေျပာသြားတာပါ။
အလားတူ March for Life လႈပ္ရွားမႈအဖြဲ႕ ဥကၠ႒ ဂ်ီးနီမႏၥီးနီ (Jeanne Mancini) က လည္း လက္ရွိ ေအာင္ျမင္မႈနဲ႔ ရပ္ေနလို႔ မရဘူးလို႔ ေျပာသြားပါတယ္။
“ဒီတပတ္ ခ်ီတက္ပြဲက အႏွစ္ ၅၀ ေျမာက္ March for Life ခ်ီတက္ပြဲပါ။ လြန္ခဲ့တဲ့ အႏွစ္ ၅၀ အတြင္း ကိုယ္ဝန္ဖ်က္ခ်တာကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြဟာ ခုခ်ိန္မွာ ကမာၻတဝန္းမွာပါ အႀကီးမားဆုံးနဲ႔ အၾကာ႐ွည္ဆံုး လူ႔အခြင့္အေရး ဆႏၵျပပြဲႀကီးေတြ ျဖစ္လာပါတယ္။ ဒီေလာက္အထိ ျဖစ္လာတာ မယုံႏိုင္ေလာက္ေအာင္ပါပဲ။ Roe v. Wade ကို ဇြန္လထဲ ပယ္ဖ်က္ခဲ့ၿပီးတဲ့ေနာက္ ခုခ်ိန္မွာ လြန္ခဲ့တဲ့ အႏွစ္ ၅၀ ေကန လက္ရွိအခ်ိန္ထိ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြကို ျပန္သုံးသပ္ရမယ့္ အခ်ိန္ပါ။ ေနာက္တဆင့္ ဘာေတြ ဆက္လုပ္ရမယ္ ဆိုတာကိုလည္း စဥ္စားၾကရမွာ ျဖစ္ပါတယ္။”
ကိုယ္ဝန္ဖ်က္ခ်ခြင့္ကို ဖက္ဒရယ္အစိုးရက တားျမစ္႐ုံနဲ႔ မလုံေလာက္ဘဲ ျပည္နယ္တခု ခ်င္းစီမွာလည္း ဒါကိုတားျမစ္ဖို႔ ကိုယ္ဝန္ဖ်က္ခ်ခြင့္ ဆန႔္က်င္သူေတြက ေတာင္းဆိုေနတာပါ။ တဘက္မွာ ဒါကို ကန႔္ကြက္သူေတြကလည္း ကိုယ္ဝန္ဖ်က္ခ်ခြင့္ တားျမစ္တာဟာ က်န္းမာေရး ေစာင့္ေရွာက္မႈနဲ႔အညီ ေဘးကင္းတဲ့ ဖ်က္ခ်တာမ်ိဳး ျဖစ္ေအာင္၊ အမ်ိဳးသမီး တဦးခ်င္းစီရဲ႕ အေျခအေနေပၚ မူတည္ၿပီး ကိုယ္ပိုင္ ဆုံးျဖတ္ပိုင္ခြင့္ ရွိရမယ့္ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရး ျဖစ္တယ္လို႔ ေထာက္ျပ ေျပာဆိုၾကပါတယ္။
သားဆက္ျခားစီမံကိန္းဆိုင္ရာ အေမရိကန္အဖြဲ႕ခ်ဳပ္က ဆက္သြယ္ေရး တာဝန္ခံတဦးျဖစ္တဲ့ အီယံတီ မက္ဇ္ဂါ (Ianthe Metzger) က ခုလို ေထာက္ျပပါတယ္။
"Roe ဟာ လိုအပ္တဲ့ အေျခခံတခုသာ ျဖစ္ပါတယ္။ အကန႔္အသတ္ မဟုတ္ပါဘူး။ က်န္းမာေရး ေစာင့္ေရွာင္မႈစနစ္ ပိုမို ေကာင္းမြန္ေအာင္ ဘယ္လို လုပ္ႏုိင္မလဲ။ ကိုယ္ဝန္ဖ်က္ခ်ဖို႔ လိုအပ္တဲ့သူေတြ.. ဘယ္လိုေနရာမွာ ေနတဲ့သူပဲျဖစ္ျဖစ္ လိုအပ္တဲ့ က်န္းမာေရး ေစာင့္ေရွာက္ခြင့္ကို အားလံုး တန္းတူ ညီမွ် ရရွိေစဖို႔အတြက္ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ခုခ်ိန္မွာ ဒီကိစၥကို ေအလးထား ဦးစားေပး လုပ္ေနတာပါ။ ျပည္နယ္ေတြက ဥပေဒ လႊတ္ေတာ္အမတ္ေတြနဲ႔ အတူ လက္တြဲၿပီး အေျခအေနနဲ႔ ကိုက္ညီတဲ့ က်န္းမာေရးစနစ္သစ္ တည္ေဆာက္ႏိုင္ဖို႔ က်မတို႔ ႀကိဳးစားေနပါတယ္။ တရား႐ုံးခ်ဳပ္ရဲ႕ Roe ဆုံးျဖတ္ခ်က္ ပယ္ဖ်က္မႈေၾကာင့္ ျဖစ္တဲ့ အက်ပ္အတည္းေတြကို ေျဖရွင္းဖို႔ ႀကိဳးစားေနရတာပါ။”
Roe v Wade စီရင္ထံုးကို တရား႐ုံးခ်ဳပ္က ပယ္ဖ်က္ၿပီးၿပီးခ်င္းမွာပဲ ျပည္နယ္တခ်ိဳ႕ကလည္း ကိုယ္ဝန္ဖ်က္ခ်ခြင့္ တားျမစ္တဲ့ တင္းက်ပ္တဲ့ ဥပေဒေတြ ခ်မွတ္ လာၾကပါတယ္။ ဒါဟာ Roe v Wade စီရင္ထုံးမရွိခင္ လြန္ခဲ့တဲ့ အႏွစ္ ၅၀ က အေျခအေနကို ျပန္ေရာက္သြားတာလို႔လည္း အီယံတီ မက္ဇ္ဒါ (Ianthe Metzger) က ေဝဖန္ပါတယ္။
“အခုဆိုရင္ ျပည္နယ္ ၁၈ ခုမွာ ကိုယ္ဝန္ဖ်က္ခ်တာကို ကန႔္သတ္ ဒါမွမဟုတ္ လံုး၀ ပိတ္ပင္ တားျမစ္ထား ပါတယ္။ ဒါက အေမရိကန္တဝန္းက အမ်ိဳးသမီးေတြရဲ႕ သံုးပံု ၁ ပံု သူတို႔ေနထိုင္တဲ့ ျပည္နယ္မွာ ကိုယ္ဝန္ဖ်က္ခ်ႏိုင္မယ့္ အေျခအေန လံုး၀ မရွိေတာ့တာ ျဖစ္ပါတယ္။ တကယ့္ကို ဆိုး႐ြားတဲ့ အေျခအေနကို ေရာက္သြားတာပါ။ အခု ႏွစ္ပတ္လည္ေန႔မွာ က်မတို႔ ဒါကို ပိုၿပီး သတိျပဳရပါမယ္။”
ကိုယ္ဝန္ဖ်က္ခ်တာဟာ ေကလးကိုသတ္တာ၊ လူသတ္တာလို႔ ကန႔္ကြက္သူေတြက ေျပာေပမဲ့၊ ေထာက္ခံသူေတြ ကလည္း ဒါဟာ အမ်ိဳးသမီး အခြင့္အေရး၊ လူ႔အခြင့္အေရးလို႔ ေျပာဆို အျငင္းပြားၾကပါတယ္။ ႏွစ္ရွည္လမ်ားစြာ ျဖစ္လာတဲ့ ဒီအျငင္းပြားမႈေတြဟာ တရား႐ုံးခ်ဳပ္က Roe v Wade စီရင္ထံုးကို ပယ္ဖ်က္လိုက္ခ်ိန္မွာ ပိုမို ျပင္းထန္လာခဲ့ၿပီး ဘယ္တုန္းကမွနဲ႔မတူတဲ့ ဥေပေဒရးရာ အျငင္းပြားမႈေတြနဲ႔ ႏိုင္ငံေရးအရေရာ ယဥ္ေက်းမႈအရ ကြဲျပားမႈေတြ ပို ႀကဳံလာရတယ္လို႔ ေလ့လာ သုံးသပ္သူတခ်ိဳ႕က ေထာက္ျပၾကပါတယ္။
“အေျဖမရွိတဲ့ ေမးခြန္းေတြ အမ်ားႀကီး ျဖစ္လာပါတယ္။ Roe ဆုံးျဖတ္ခ်က္ကို ပယ္ဖ်က္လိုက္ရင္ ဘယ္ေတြ ျဖစ္လာႏိုင္တယ္ ဆုိတာကို သူတုိ႔ ေသခ်ာ ေတြးခဲ့ၾကပံု မရပါဘူး။ ေနာက္ထပ္ ျပႆနာေတြ ႀကံဳလာရဦးမွာပါ။ တရားေရးဆိုင္ရာ ရႈပ္ေထြးမႈေတြ ျဖစ္လာပါလိမ့္မယ္။ ဗြက္အိုင္တခုလို ရႈပ္ပြ လာဦးမွာပါ။”
အခုဆိုရင္ ကြန္ဂရက္စ္လႊတ္ေတာ္နဲ႔ ျပည္နယ္ လႊတ္ေတာ္ေတြမွာအျပင္ ျပည္နယ္ တရား႐ုံးခ်ဳပ္ေတြနဲ႔ တရား႐ုံးေတြမွာ ကိုယ္ဝန္ဖ်က္ခ်ခြင့္နဲ႔ ပတ္သက္တဲ့ အေျခအတင္ အျငင္းပြားမႈေတြ၊ တရားရင္ဆိုင္မႈေတြ ဆက္တိုက္ ျဖစ္ေနတာပါ။ ႏိုင္ငံေရး အရလည္း တိုးတက္တဲ့ အျမင္ရွိသူေတြလို႔ ယူဆထားၾကတဲ့ ဒီမိုကရက္ေတြနဲ႔ သမာ႐ိုးက် အစဥ္အလာကို လက္ခံတဲ့ ရီပတ္ဘလစ္ကန္ေတြ အၾကား ကြဲလြဲမႈေတြ ပိုမ်ားလာေနပါတယ္။ ဒုသမၼတ Kamala Harris ကေတာ့ အမ်ိဳးသမီးေတြရဲ႕ ကိုယ္ဝန္ဖ်က္ခ်ခြင့္ အခြင့္အေရး ႏိုင္ငံတဝန္း ၿခိမ္းေျခာက္ခံရတဲ့ အေျခအေန ျဖစ္ေနတယ္လို႔ ေျပာပါတယ္။
“ကြန္ကရက္လႊတ္ေတာ္မွာ ရီပတ္ဘလစ္ကန္ အမတ္ေတြက ကိုယ္ဝန္ဖ်က္ခ်ခြင့္ ႏိုင္ငံတဝန္းမွာ တားျမစ္ဖို႔ ေတာင္းဆိုေနပါတယ္။ သေႏၶသား စ တည္တာနဲ႔ တားျမစ္ဖို႔အထိ တခ်ိဳ႕က ေတာင္းဆိုေနတာပါ။”
“ဒီႏုိင္ငံမွာ ျပည္နယ္တိုင္း ျပည္နယ္တိုင္းမွာ ရွိေနၾကတဲ့ အမ်ိဳးသမီးတိုင္း ကိုယ့္ခႏၶာကိုယ္နဲ႔ ပတ္သက္တဲ့ ဆုံးျဖတ္ပိုင္ခြင့္ အခြင့္အေရး ဆုံးရႈံးရမယ့္အႏၲရာယ္ ႀကဳံေနရတာပါ။ က်မ အရင္ကလည္း ေျပာခဲ့ၿပီးပါၿပီ။ အခု ထပ္ေျပာပါမယ္။ လုပ္ရဲရင္ လုပ္ၾကပါ။ က်မတို႔ လံုး၀ လက္မခံပါဘူး။”
ပယ္ဖ်က္ထားရတဲ့ Roe v. Wade စီရင္ထံုး အႏွစ္ (၅၀) ျပည့္ အထိမ္းအမွတ္ ဇန္နဝါရီလ ၂၂ ရက္ ဖေလာ္ရီဒါျပည္နယ္မွာ ေျပာဆိုခဲ့တဲ့ မိန႔္ခြန္းအတြင္း ဒုသမၼတ Kamala Harris က အခုလို ေျပာၾကားသြားပါတယ္။။ ကိုယ္ဝန္ဖ်က္ခ်ခြင့္ တားျမစ္တာကို အေမရိကန္ အမ်ားစုက လက္မခံဘူးလို႔လည္း ဒုသမၼတက ေျပာသြားပါတယ္။
ဒါေပမဲ့ March for Life လႈပ္ရွားမႈအဖြဲ႕ ဥကၠ႒ ဂ်ီးနီမႏၥီးနီ ကလည္း အေမရိကန္တဝန္း ကိုယ္ဝန္ဖ်က္ခ်မႈေတြကို လံုး၀ လက္မခံေတာ့တဲ့အထိ ဆက္ၿပီး လႈပ္ရွားသြားမယ္လို႔ ေျပာပါတယ္။
“က်မတို႔ ယဥ္ေက်းမႈမွာ ကိုယ္ဝန္ဖ်က္ခ်ဖို႔ ဆိုတာကို ေတြးေတာင္ မေတြးဝံ့တဲ့ အေျခအေနမ်ိဳး ျဖစ္ေအာင္ စိတ္ေရာ ကိုယ္ပါ အရာအားလံုး ေျပာင္းလဲ ပစ္ႏိုင္ရင္ အေကာင္းဆုံးပါပဲ။”
အဲ့ဒီလိုျဖစ္လာဖို႔အတြက္ ကိုယ္ဝန္ မလိုခ်င္ရင္ ရတဲ့သူေတြ အေနနဲ႔ ကေလးကို ဖ်က္မခ်ဘဲ ေကြၽးေမြး ေစာင့္ေရွာက္ႏိုင္ေအာင္ ကူညီေပးတာေတြ ရွိတယ္လို႔လည္း ဂ်ီးနီ မန္စီးနီ က ေျပာပါတယ္။
“မထင္မွတ္ဘဲ ကိုယ္ဝန္ရသြားတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ ကေလးေမြးဖို႔ လိုအပ္တဲ့ အေထာက္အပံ့ အားလံုး ရယူႏိုင္ပါတယ္။ တခ်ိဳ႕ ျဖစ္ရပ္ေတြမွာ ကိုယ္ မေမြးႏိုင္ရင္ ေမြးစားမယ့္သူေတြကို ေပးႏိုင္တယ္။ ဒါက အယူအဆ တခုပါ။ ဒီလို ယူဆတဲ့အတိုင္း အေျခအေနမ်ိဳး လာမယ့္ ဆယ္စုႏွစ္အတြင္း ျဖစ္ပါ့မလား ေမးရင္ေတာ့ က်မ အေနနဲ႔ အေကာင္းျမင္ ေမွ်ာ္လင့္ပါတယ္။ ဒါက က်မတို႔ရဲ႕ ေရရွည္ ရည္မွန္းခ်က္ ပန္းတိုင္ပါ။”
ဒီရည္မွန္းခ်က္ ဘယ္ေလာက္အထိ လက္ေတြ႕က်က် အေကာင္အထည္ ေဖာ္ႏိုင္မလဲ ဆိုတာေတာ့ ေသခ်ာ မသိႏိုင္ေသးပါဘူး။ ဒါေပမဲ့ အလိုမတူဘဲ ဖိအားေပးခံရလို႔ ဒါမွမဟုတ္ မတရားျပဳက်င့္ခံရလို႔ ကိုယ္ဝန္ရသူေတြ၊ က်န္းမာေရးအရ၊ လူမႈစီးပြားေရး အက်ပ္အတည္းေတြအရ ကေလးယူဖို႔ မသင့္ေတာ္သူေတြ အတြက္ေတာ့ Roe v. Wade စီရင္ထံုး ပယ္ဖ်က္ၿပီးေနာက္ပိုင္း အခက္အခဲေတြ အမ်ားႀကီး ပိုျဖစ္လာတာ ကေတာ့ ေသခ်ာပါတယ္။
Roe v. Wade စီရင္ထံုး ပယ္ဖ်က္လိုက္ေပမဲ့ ကိုယ္ဝန္ဖ်က္ခ်ခြင့္နဲ႔ ပတ္သက္တဲ့ အေျခအတင္ အျငင္းပြားမႈေတြ၊ အျပန္အလွန္ တိုက္ခိုက္ ေျပာဆိုမႈေတြ ကေတာ့ ရပ္မသြားဘူး ဆိုတာကို ကြဲလြဲေနတဲ့ ႏွစ္ဘက္စလုံးကလည္း လက္ခံထားၾကပါတယ္။ ေလ့လာသုံးသပ္သူေတြ ကေတာ့ တရားအရ အျငင္းပြားမႈေတြဟာ ေနာက္ပိုင္း ပိုလို႔ေတာင္ ရႈပ္ေထြးလာႏိုင္တယ္လို႔ သတိေပး ေျပာဆိုေနၾကတယ္ဆိုတာ တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။