No media source currently available
စစ်အာဏာသိမ်းမှု ၂ နှစ် ပြည့်ချိန်မှာ မြန်မာနိုင်ငံအတွင်းက စစ်ဒဏ်သင့်ဒေသတွေက စစ်ပြေးဒုက္ခသည်တွေဟာ အခက်အခဲ မျိုးစုံကြုံတွေ့နေကြရပါတယ်။ စစ်ကိုင်းတိုင်းဟာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ထိတွေတိုက်ပွဲ ပြင်းထန်တာနဲ့အမျှ၊ ကျေးရွာတွေ မီးရှို့ခံရသလို ဒေသခံအများအပြားဟာ အိုးအိမ်စွန့်ခွာပြေးနေကြရတာပါ။