သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ငလ်င္ေၾကာင့္ တူရကီ၊ ဆီးရီးယားမွာ ေသဆံုးသူ ၁၆,၀၀၀ ေက်ာ္ၿပီ 


ဆီးရီးယားႏိုင္ငံေျမာက္ပိုင္း အလက္ပို (Aleppo) ၿမိဳ႕မွာ ငလ်င္ဒဏ္သင့္အပ်က္အစီးေတြၾကား ဆီးရီးယားစစ္သားမ်ားက ကယ္ဆယ္ေရးလုပ္ေဆာင္ေနစဥ္ (ေဖော္ဝါရီ ၉ ၊ ၂၀၂၃)

တူရကီနဲ႔ ဆီးရီးယားႏိုင္ငံေတြမွာ တနလၤာေန႔က လႈပ္သြားခဲ့တဲ့ ငလ်င္ေၾကာင့္ ေသဆုံးအေရအတြက္ဟာ ဒီေန႔ၾကာသပေတးေန႔ အေစာပိုင္းအထိ ၁၆,၀၀၀ ထက္မနည္း ရွိသြားပါၿပီ။ ငလ်င္လႈပ္ခဲ့တာ ၄ ရက္ၾကာလာတဲ့အထိ ပ်က္ဆီးသြားတဲ့ အေဆာက္အဦးေတြၾကားထဲက အသက္ရွင္က်န္ေနႏိုင္သူေတြကို ကယ္ဆယ္ေရးေတြ လိုက္ရွာေနၾကပါတယ္။ တခ်ဳိ႕ကိုလည္း အပ်က္အစီးေတြၾကားက ကယ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေနာက္ထပ္ ကယ္တင္ႏိုင္မယ့္ ေမွ်ာ္လင့္ခ်က္ေတြ တျဖည္းျဖည္း ေမွးမွိန္လာေနပါၿပီ။

အေရးေပၚကယ္ဆယ္ေရး၀န္ထမ္းေတြက Antakya ၿမိဳ႕မွာ မိန္းကေလးငယ္တဦးနဲ႔ သူမရဲ႕ ဖခင္တို႔ကို မေရွးမေႏွာင္းစီမွာ အသက္ရွင္လ်က္ ကယ္တင္ႏိုင္ခဲ့တယ္လို႔ ေဒသတြင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။ Antakya ၿမိဳ႕ရဲ႕အေရွ႕ဘက္ Diyarbakir ၿမိဳ႕မွာလည္း ၿပိဳက်ေနတဲ့ အေဆာက္အဦးထဲမွာ ပိတ္မိေနတဲ့အမ်ဳိးသမီးတဦးကို မနက္ပိုင္းမွာ အသက္ရွင္လ်က္ ကယ္တင္ႏိုင္ခဲ့ေပမယ့္ သူမေဘးမွာ ေသေနတဲ့လူ ၃ ဦးကို ေတြ႕ခဲ့တယ္လို႔ သတင္းေတြမွာ ေရးပါတယ္။

ငလ်င္ေၾကာင့္ တူရကီႏိုင္ငံအတြင္းမွာ အခုခ်ိန္ထိ ၁ ေသာင္းေက်ာ္နဲ႔ ဆီးရီးယားႏိုင္ငံဘက္မွာေတာ့ ၃ ေထာင္ေက်ာ္ ေသဆုံးခဲ့တယ္လို႔ တူရကီကယ္ဆယ္ေရးဌာနက ေျပာပါတယ္။ ထိခိုက္ဒဏ္ရာရသူကလည္း ၂ ႏိုင္ငံေပါင္း ၆၀,၀၀၀ လည္း ထိခိုက္ ဒဏ္ရာရခဲ့ၾကပါတယ္။
ဒီအေတာအတြင္း ကုလသမဂၢရဲ႕ အကူအညီေတြတင္ေဆာင္လာတဲ့ ယာဥ္တန္းဟာ တူရကီႏိုင္ငံဘက္ကတဆင့္ ဆီးရီးယားႏိုင္ငံထဲက ငလ်င္ဒဏ္သင့္တဲ့ Bab al Hawa ကို ေရာက္သြားၿပီလို႔ နယ္စပ္ေဒသမွာရွိေနတဲ့ တာ၀န္ရွိသူေတြက ေျပာပါတယ္။

[Unicode]

ငလျင်ကြောင့် တူရကီ၊ ဆီးရီးယားမှာ သေဆုံးသူ ၁၆,၀၀၀ ကျော်ပြီ

တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေမှာ တနင်္လာနေ့က လှုပ်သွားခဲ့တဲ့ ငလျင်ကြောင့် သေဆုံးအရေအတွက်ဟာ ဒီနေ့ကြာသပတေးနေ့ အစောပိုင်းအထိ ၁၆,၀၀၀ ထက်မနည်း ရှိသွားပါပြီ။ ငလျင်လှုပ်ခဲ့တာ ၄ ရက်ကြာလာတဲ့အထိ ပျက်ဆီးသွားတဲ့ အဆောက်အဦးတွေကြားထဲက အသက်ရှင်ကျန်နေနိုင်သူတွေကို ကယ်ဆယ်ရေးတွေ လိုက်ရှာနေကြပါတယ်။ တချို့ကိုလည်း အပျက်အစီးတွေကြားက ကယ်ထုတ်နိုင်ခဲ့ပေမယ့် နောက်ထပ် ကယ်တင်နိုင်မယ့် မျှော်လင့်ချက်တွေ တဖြည်းဖြည်း မှေးမှိန်လာနေပါပြီ။

အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေက Antakya မြို့မှာ မိန်းကလေးငယ်တဦးနဲ့ သူမရဲ့ ဖခင်တို့ကို မရှေးမနှောင်းစီမှာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ Antakya မြို့ရဲ့အရှေ့ဘက် Diyarbakir မြို့မှာလည်း ပြိုကျနေတဲ့ အဆောက်အဦးထဲမှာ ပိတ်မိနေတဲ့အမျိုးသမီးတဦးကို မနက်ပိုင်းမှာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပေမယ့် သူမဘေးမှာ သေနေတဲ့လူ ၃ ဦးကို တွေ့ခဲ့တယ်လို့ သတင်းတွေမှာ ရေးပါတယ်။

ငလျင်ကြောင့် တူရကီနိုင်ငံအတွင်းမှာ အခုချိန်ထိ ၁ သောင်းကျော်နဲ့ ဆီးရီးယားနိုင်ငံဘက်မှာတော့ ၃ ထောင်ကျော် သေဆုံးခဲ့တယ်လို့ တူရကီကယ်ဆယ်ရေးဌာနက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူကလည်း ၂ နိုင်ငံပေါင်း ၆၀,၀၀၀ လည်း ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။
ဒီအတောအတွင်း ကုလသမဂ္ဂရဲ့ အကူအညီတွေတင်ဆောင်လာတဲ့ ယာဉ်တန်းဟာ တူရကီနိုင်ငံဘက်ကတဆင့် ဆီးရီးယားနိုင်ငံထဲက ငလျင်ဒဏ်သင့်တဲ့ Bab al Hawa ကို ရောက်သွားပြီလို့ နယ်စပ်ဒေသမှာရှိနေတဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG