ငလျင်သင့်အထပ်မြင့်ကနေ ချယ်ရီခူးကားနဲ့ လူတွေကယ်
တူရကီမှာ ပြင်းအား ၈ နီးပါးရှိတဲ့ ငလျင်ကြီး ၂ ခုလှုပ်ပြီး ကယ်ဆယ်ရေးတွေ အပြင်းအထန် လုပ်နေပါတယ်။အတည်ပြုနိုင်တဲ့ သေဆုံးသူအရေအတွက် ၂၄ နာရီအတွင်း ဆီးရီးယားနဲ့ တူရကီ ၂ နိုင်ငံပေါင်း သေဆုံးသူ ၄ ထာင်ကျော်ကာ ဒီအရေအတွက် အချိန်နဲ့ အမျှ တိုးနေပါတယ်။ ငလျင်တွေကြောင့် အဆောက်အဦးပေါင်း ၃ ထောင်နီးပါး ပျက်ဆီးခဲ့ရပါတယ်။