သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တူရကီနဲ႔ ဆီးရီးယားမွာလႈပ္သြားတဲ့ ငလ်င္ေၾကာင့္ ေသဆုံးသူ ၅,၀၀၀ အထိရွိလာ


တူရကီႏိုင္ငံ Hatay ၿမိဳ႕က ငလ်င္ေၾကာင့္ၿပိဳက်သြားတဲ့ အေဆာက္အဦတခုကို ေဝဟင္မွျမင္ေတြ႔ရစဥ္ (ေဖေဖာ္ဝါရီ ၇၊ ၂၀၂၃)

တူရကီနဲ႔ ဆီးရီးယား ႏွစ္ႏိုင္ငံအၾကားလႈပ္သြားခဲ့တဲ့ အားျပင္း ငလ်င္ဒဏ္ေၾကာင့္ ေသဆုံးသူအေရတြက္ဟာ ဒီကေန႔အထိ ၅,၀၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၆ ရက္၊ တနလၤာေန႔မနက္အေစာပိုင္းမွာ လႈပ္သြားခဲ့တဲ့ ဒီငလ်င္ဒဏ္သင့္ခဲ့တဲ့ ေနရာေတြမွာ ကယ္ဆယ္ေရး၀န္ထမ္းေတြက အသက္ရွင္က်န္ရစ္သူေတြကို လိုက္လံ ရွာေဖြ၊ ကယ္ဆယ္ေနၾကပါတယ္။

ငလ်င္လႈပ္ခဲ့တဲ့ ေဒသေတြမွာ ရာသီဥတုက ေရခဲအမွတ္ေလာက္အထိ ေအးေနတဲ့အျပင္ ဒီကေန႔မွာလည္း ျပင္းအားအနည္းဆုံး ၄.၀ ရွိတဲ့ ေနာက္ဆက္တြဲငလ်င္ အႀကိမ္ေရ ၂၀ ထက္မနည္း ႏွစ္ႏိုင္ငံ နယ္စပ္ေဒသေတြမွာ ထပ္လႈပ္ခဲ့တယ္လို႔ ဆိုပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကလည္း ငလ်င္ဒဏ္ခံၾကရတဲ့ တူရကီနဲ႔ ဆီးရီးယားႏိုင္ငံတို႔အတြက္ အားေပးစကားေျပာၾကားလိုက္ၿပီး အခုေသဆုံးဒဏ္ရာရခဲ့တဲ့ အေရအတြက္ဟာ က်န္ရစ္သူ မိသားစုေတြ ခံစားေနရတဲ့ ေၾကကြဲ ၀မ္းနည္းမႈကို ေဖာ္ျပေပးႏိုင္စြမ္း မရွိဘူးလို႔ ေျပာပါတယ္။ WHO အေနနဲ႔ ေဆးဝါးအကူအညီေတြ ႏွစ္ႏိုင္ငံစလုံးအတြက္ ေလယာဥ္နဲ႔ ပို႔ေပးမွာျဖစ္တဲ့အျပင္ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းေတြလည္း ဆက္လက္ ကူညီေပးသြားမယ္လို႔ ဒီကေန႔ ဂ်နီဗာၿမိဳ႕မွာ ျပလုပ္တဲ့ စည္းေ၀းပြဲမွာ မစၥတာ Ghebreyesus က ေျပာပါတယ္။

အေမရိကန္၊ ဥေရာပႏိုင္ငံေတြ၊ အိႏၵိယနဲ႔ ေတာင္ကိုရီးယားအပါအ၀င္ ႏိုင္ငံအေတာ္မ်ားမ်ားကလည္း ကယ္ဆယ္ေရး၀န္ထမ္းေတြနဲ႔ ေထာက္ပံ့ေရးပစၥည္းေတြ တူရကီကို ပို႔ေပးေနၾကၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

တူရကီနဲ့ ဆီးရီးယားမှာလှုပ်သွားတဲ့ ငလျင်ကြောင့် သေဆုံးသူ ၅,၀၀၀ အထိ ရှိလာ

တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံအကြားလှုပ်သွားခဲ့တဲ့ အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူအရေတွက်ဟာ ဒီကနေ့အထိ ၅,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်၊ တနင်္လာနေ့မနက်အစောပိုင်းမှာ လှုပ်သွားခဲ့တဲ့ ဒီငလျင်ဒဏ်သင့်ခဲ့တဲ့ နေရာတွေမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေက အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံ ရှာဖွေ၊ ကယ်ဆယ်နေကြပါတယ်။

ငလျင်လှုပ်ခဲ့တဲ့ ဒေသတွေမှာ ရာသီဥတုက ရေခဲအမှတ်လောက်အထိ အေးနေတဲ့အပြင် ဒီကနေ့မှာလည်း ပြင်းအားအနည်းဆုံး ၄.၀ ရှိတဲ့ နောက်ဆက်တွဲငလျင် အကြိမ်ရေ ၂၀ ထက်မနည်း နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ ထပ်လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း ငလျင်ဒဏ်ခံကြရတဲ့ တူရကီနဲ့ ဆီးရီးယားနိုင်ငံတို့အတွက် အားပေးစကားပြောကြားလိုက်ပြီး အခုသေဆုံးဒဏ်ရာရခဲ့တဲ့ အရေအတွက်ဟာ ကျန်ရစ်သူ မိသားစုတွေ ခံစားနေရတဲ့ ကြေကွဲ ဝမ်းနည်းမှုကို ဖော်ပြပေးနိုင်စွမ်း မရှိဘူးလို့ ပြောပါတယ်။ WHO အနေနဲ့ ဆေးဝါးအကူအညီတွေ နှစ်နိုင်ငံစလုံးအတွက် လေယာဉ်နဲ့ ပို့ပေးမှာဖြစ်တဲ့အပြင် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေလည်း ဆက်လက် ကူညီပေးသွားမယ်လို့ ဒီကနေ့ ဂျနီဗာမြို့မှာ ပြလုပ်တဲ့ စည်းဝေးပွဲမှာ မစ္စတာ Ghebreyesus က ပြောပါတယ်။

အမေရိကန်၊ ဥရောပနိုင်ငံတွေ၊ အိန္ဒိယနဲ့ တောင်ကိုရီးယားအပါအဝင် နိုင်ငံအတော်များများကလည်း ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တူရကီကို ပို့ပေးနေကြပြီ ဖြစ်ပါတယ်။

XS
SM
MD
LG