တူရကီနဲ႔ ဆီးရီးယားႏိုင္ငံအၾကားမွာ ဒီကေန႔ လႈပ္ခဲ့တဲ့ ျပင္းအား ၇.၈ ရွိတဲ့ ငလ်င္ဒဏ္ေၾကာင့္ လူ ၂,၃၀၀ ေက်ာ္ ေသဆုံးသြားတယ္လို႔ ေအပီသတင္းမွာ ေဖာ္ျပပါတယ္။ ေဖေဖာ္ဝါရီလ ၆ ရက္၊ ဒီကေန႔မနက္အေစာပိုင္းက လႈပ္သြားခဲ့တဲ့ ဒီ ငလ်င္ဒဏ္ေၾကာင့္ တူရကီႏိုင္ငံ ေျမာက္ပိုင္းမွာ အေဆာက္အဦးအမ်ားအျပား ပ်က္စီးခဲ့ၿပီး ကယ္ဆယ္ေရး ၀န္ထမ္းေတြက အသက္ရွင္ က်န္ရွိေနသူေတြကို လိုက္လံ ရွာေဖြ ကယ္ဆယ္ေနၾကပါတယ္။
ငလ်င္ဟာ တူရကီႏိုင္ငံ အေရွ႕ေတာင္ပိုင္း Kahramanmaras ခ႐ိုင္ကို ဗဟိုျပဳၿပီး လႈပ္ခတ္သြားခဲ့တာျဖစ္ၿပီး အီဂ်စ္ႏိုင္ငံ၊ ကိုင္႐ိုၿမိဳ႕အထိ ငလ်င္လႈပ္တဲ့ဒဏ္ခံကို ခံစားခဲ့ရတယ္လို႔ ဆိုပါတယ္။ အဲဒီ ငလ်င္လႈပ္အၿပီး နာရီပိုင္းအၾကာမွာ ၇.၇ ျပင္းအားရွိတဲ့ ေနာက္ဆက္တြဲ ငလ်င္တစ္ခု ထပ္လႈပ္ခဲ့ပါေသးတယ္။
ငလ်င္ဒဏ္ေၾကာင့္ ဆီးရီးယားႏိုင္ငံက အစိုးရထိန္းခ်ဳပ္ထားတဲ့ေဒသေတြမွာ အနည္းဆုံး ၄၇၃ ေယာက္ ေသဆုံးသြားတယ္လို႔ က်န္းမာေရး တာဝန္ရွိသူေတြက ေျပာပါတယ္။ ဆီးရီးယားက အစိုးရဆန္႔က်င္သူေတြ ထိန္းခ်ဳပ္ေနရာေတြမွာေတာ့ အနည္းဆုံး ေသဆုံးသူ ၁၀၀ ရွိမယ္လို႔ ကယ္ဆယ္ေရး ဝန္ထမ္းေတြက အေစာပိုင္းမွာ ေျပာပါတယ္။
တူရကီအစိုးရက သဘာဝ ေဘးအႏၲရာယ္ အဆင့္ ၄ သတ္မွတ္ထားၿပီး၊ ႏိုင္ငံတကာ အကူအညီကို ေတာင္းခံလိုက္ပါတယ္။ အပ်က္အစီး အနည္းဆုံးနဲ႔ ဒီ ေဘးအႏၲရာယ္ကို ျမန္ႏိုင္သမွ် အျမန္ဆုံး ျဖတ္သန္းႏိုင္မယ္လို႔ တူရကီ သမၼတ Recep Tayyip Erdogan က ေျပာပါတယ္။ ဥေရာပ သမဂၢ၊ ျပင္သစ္၊ ၿဗိတိန္၊ စပိန္၊ အီရန္၊ ပိုလန္၊ ခ်က္၊ ဆြစ္ဇလန္၊ ယူကရိန္း နဲ႔ ႐ုရွားတို႔က ေျမငလ်င္ေဘးဒဏ္ကို ကူညီမယ္လို႔ ေျပာၾကပါတယ္။
ငလ်င္ႀကီး လႈပ္ၿပီးတဲ့ေနာက္ ငလ်င္ငယ္ ၂၀ ေက်ာ္ ဆက္လက္ လႈပ္ခဲ့တယ္လို႔ တူရကီ ျပည္ထဲေရး ဝန္ႀကီး Suleyman Soylu က ေျပာပါတယ္။ ငလ်င္ရဲ႕ သက္ေရာက္မႈက ျပည္နယ္ ၁၀ ျပည္နယ္မွာ ျဖစ္ခဲ့ၿပီး သူနဲ႔ တျခားဝန္ႀကီးေတြဟာ ငလ်င္လႈပ္ခတ္ရာ ေနရာေတြကို သြားေနၾကပါတယ္လို႔ သူက ဆိုပါတယ္။
[Unicode]
ငလျင်ဒဏ်ကြောင့် တူရကီနဲ့ ဆီးရီးယားမှာ လူ ၂,၃၀၀ ကျော် သေဆုံး
တူရကီနဲ့ ဆီးရီးယားနိုင်ငံအကြားမှာ ဒီကနေ့ လှုပ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ဒဏ်ကြောင့် လူ ၂,၃၀၀ ကျော် သေဆုံးသွားတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီကနေ့မနက်အစောပိုင်းက လှုပ်သွားခဲ့တဲ့ ဒီ ငလျင်ဒဏ်ကြောင့် တူရကီနိုင်ငံ မြောက်ပိုင်းမှာ အဆောက်အဦးအများအပြား ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေး ဝန်ထမ်းတွေက အသက်ရှင် ကျန်ရှိနေသူတွေကို လိုက်လံ ရှာဖွေ ကယ်ဆယ်နေကြပါတယ်။
ငလျင်ဟာ တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Kahramanmaras ခရိုင်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တာဖြစ်ပြီး အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့အထိ ငလျင်လှုပ်တဲ့ဒဏ်ခံကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ ငလျင်လှုပ်အပြီး နာရီပိုင်းအကြာမှာ ၇.၇ ပြင်းအားရှိတဲ့ နောက်ဆက်တွဲ ငလျင်တစ်ခု ထပ်လှုပ်ခဲ့ပါသေးတယ်။
ငလျင်ဒဏ်ကြောင့် ဆီးရီးယားနိုင်ငံက အစိုးရထိန်းချုပ်ထားတဲ့ဒေသတွေမှာ အနည်းဆုံး ၄၇၃ ယောက် သေဆုံးသွားတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဆီးရီးယားက အစိုးရဆန့်ကျင်သူတွေ ထိန်းချုပ်နေရာတွေမှာတော့ အနည်းဆုံး သေဆုံးသူ ၁၀၀ ရှိမယ်လို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက အစောပိုင်းမှာ ပြောပါတယ်။
တူရကီအစိုးရက သဘာဝ ဘေးအန္တရာယ် အဆင့် ၄ သတ်မှတ်ထားပြီး၊ နိုင်ငံတကာ အကူအညီကို တောင်းခံလိုက်ပါတယ်။ အပျက်အစီး အနည်းဆုံးနဲ့ ဒီ ဘေးအန္တရာယ်ကို မြန်နိုင်သမျှ အမြန်ဆုံး ဖြတ်သန်းနိုင်မယ်လို့ တူရကီ သမ္မတ Recep Tayyip Erdogan က ပြောပါတယ်။ ဥရောပ သမဂ္ဂ၊ ပြင်သစ်၊ ဗြိတိန်၊ စပိန်၊ အီရန်၊ ပိုလန်၊ ချက်၊ ဆွစ်ဇလန်၊ ယူကရိန်း နဲ့ ရုရှားတို့က မြေငလျင်ဘေးဒဏ်ကို ကူညီမယ်လို့ ပြောကြပါတယ်။
ငလျင်ကြီး လှုပ်ပြီးတဲ့နောက် ငလျင်ငယ် ၂၀ ကျော် ဆက်လက် လှုပ်ခဲ့တယ်လို့ တူရကီ ပြည်ထဲရေး ဝန်ကြီး Suleyman Soylu က ပြောပါတယ်။ ငလျင်ရဲ့ သက်ရောက်မှုက ပြည်နယ် ၁၀ ပြည်နယ်မှာ ဖြစ်ခဲ့ပြီး သူနဲ့ တခြားဝန်ကြီးတွေဟာ ငလျင်လှုပ်ခတ်ရာ နေရာတွေကို သွားနေကြပါတယ်လို့ သူက ဆိုပါတယ်။