သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဒဏ်သင့် အာဖဂန်လူထုအတွက် ဒေါ်လာ ၅၅ သန်း အမေရိကန် ထောက်ပံ့


(Zawgyi / Unicode)


အာဖဂန်နစ္စတန် နိုင်ငံ အရှေ့တောင်ပိုင်းမှာ လတ်တလော ငလျင်ဒဏ်သင့်ခဲ့တဲ့ လူထုကို အရေးပေါ် စာနာမှု အကူအညီအဖြစ် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၅၅ သန်း ပေးအပ်မှာ ဖြစ်ပါတယ်။

မရှိမဖြစ် စားနပ်ရိက္ခာတွေ၊ အဝတ်အထည်၊ အိုးခွက်ပန်ကန်တွေ၊ စောင်၊ ရေပုံးတွေနဲ့ သဘာ၀ ဘေးဒဏ်သင့် ဒေသတွင်း ရေကနေ တဆင့် ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ရေး အတွက် သန့်စင်ရေးသုံး ပစ္စည်းတွေ အတွက် အခု ရန်ပုံငွေကို သုံးမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ အာဖဂန်နစ္စတန်ရဲ့ စာနာမှု အကူအညီ ဆိုင်ရာ အများဆုံး လှူဒါန်းတဲ့ နိုင်ငံ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အတွင်း စာနာမှု အကူအညီ ဒေါ်လာ ၇၇၄ သန်းကျော် ပေးအပ်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောဆိုထားပါတယ်။

အာဖဂန် လူထု အတွက် အမေရိကန် ပြည်ထောင်စုက အခိုင်အမာ ပိုင်းဖြတ်ထားကြောင်းနဲ့ အခုလို အကူအညီ အကြီးအကျယ် လိုအပ်နေချိန်မှာ နိုင်ငံတကာ မိတ်ဖက်တွေဘက်က ထောက်ပံ့မှုတွေကိုလည်း ကြိုဆို အားပေးကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အင်္ဂါနေ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ငလျင်ဒဏ်သင့် အာဖဂန်ပြည်သူ ၃၆၀,၀၀၀ ကျော် အတွက် အရေးပေါ် စာနာမှု အကူအညီပေးနိုင်ရေး ဒေါ်လာ သန်း ၁၁၀ ကျော် ရရှိဖို့ ကုလသမဂ္ဂဘက်က ပန်ကြားလိုက်ပြီး နောက်တနေ့မှာဘဲ အမေရိကန် ပြည်ထောင်စုရဲ့ အကူအညီ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဇွန်လ ၂၂ ရက်နေ့က ပြင်းအား ၅ ဒသမ ၉ ငလျင် လှုပ်ခတ်တာကြောင့် ကလေးငယ် ၁၅၀ အပါအဝင် လူ ၁၀၀၀ လောက် သေဆုံးခဲ့ရပြီး Paktika နဲ့ Khost ပြည်နယ်တွေ အတွင်းမှာ အိမ်ပေါင်း ရာချီ ပျက်စီး ပြိုကျခဲ့ကြောင်း အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ တာလီဘန် တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ငလျင်ဒဏ်သင့် အာဖဂန်လူထုအတွက် ဒေါ်လာ ၅၅ သန်း အမေရိကန် ထောက်ပံ့
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

(Unicode)









XS
SM
MD
LG