သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္မိန္းကေလးမ်ား ေက်ာင္းတက္ခြင္႔ တာလီဘန္ဆက္လက္ပိတ္ပင္


FILE - Afghan students leave school classes in a primary school in Kabul, Afghanistan on March 27, 2021.

အာဖဂန္စၥတန္မွာ ေဆာင္းရာသီပိတ္ရက္ၿပီးေနာက္ မတ္လ ၂၃ ရက္ေန႔မွာ ေက်ာင္းေတြျပန္ဖြင့္ေပမယ့္၊ မိန္းကေလးေတြကို ၇ တန္းကေန ၁၂ တန္းအထိ အထက္တန္းအဆင့္ကို တက္ခြင့္မေပးဘဲ တာလီဘန္ေတြက ဆက္လက္ ပိတ္ပင္ထားပါတယ္။  

အာဖဂန္မိန္းကေလးမ်ား ေက်ာင္းတက္ခြင္႔ တာလီဘန္ဆက္လက္ပိတ္ပင္

{{Zawgyi/Unicode}}

အာဖဂန္စၥတန္မွာ ေဆာင္းရာသီပိတ္ရက္ၿပီးေနာက္ မတ္လ ၂၃ ရက္ေန့မွာ ေက်ာင္းေတြျပန္ဖြင့္ေပမယ့္၊ မိန္းကေလးေတြကုိ ၇ တန္းကေန ၁၂ တန္းအထိ အထက္တန္းအဆင့္ကုိ တက္ခြင့္မေပးဘဲ တာလီဘန္ေတြက ဆက္လက္ ပိတ္ပင္ထားပါတယ္။

မိန္းကေလးေတြကုိ အထက္တန္းအဆင့္ ေက်ာင္းတက္ခြင့္ေပးဖုိ႔ကုိ အစၥလမၼစ္ရွာရီးယား ဥပေဒနဲ႔ အစီအစဥ္ေရးဆဲြရဦးမွာျဖစ္ေၾကာင္းနဲ႔ ေနာက္ထပ္ညြန္ ၾကားခ်က္မလာမခ်င္း မိန္းကေလးေတြ ၇ တန္းကေန ၁၂ တန္းအထိတက္ ခြင့္မရေသးဘူးလုိ့ တာလီဘန္တာ၀န္ရွိသူေတြကေျပာဆုိထားပါတယ္။

တာလီဘန္က အခုလုိဆုံးျဖတ္လုိက္တဲ့အေပၚျပည္တြင္းျပည္ပ ေဝဘန္မွုေတြ လည္းေပၚထြက္လာၾကပါတယ္။ ေထာင္ေပါင္းမ်ားစြာေသာ အာဖဂန္မိန္းကေလးငယ္မ်ား၊ မိသားစုမ်ားနဲ႔ ဆရာဆရာမမ်ားလည္း စိတ္မေကာင္းျဖစ္ၾက ပါတယ္။

အာဖဂန္နစၥတန္ႏုိင္ငံဆုိင္ရာ အေမရိကန္အထူးကုိယ္စားလွယ္ Thomas West ကေတာ့ ျပည္သူေတြအတြက္ လုပ္ေဆာင္ရမယ့္အရာေတြကုိ အျပည့္အဝအေကာင္အထည္ေဖၚဖုိ႔ တာလီဘန္ေတြကုိ တုိက္တြန္းလုိက္ၿပီး၊ ေက်ာင္း တက္ခြင့္မရတဲ့ သန္းေပါင္းမ်ားစြာေသာ အာဖဂန္မိသားစုေတြနဲ႔အတူ အံၾသ၊ စိတ္မေကာင္း ျဖစ္မိတယ္လုိ႔ သူရဲ့ Twitter စာမ်က္ႏွာကေနတဆင့္ေျပာဆုိခဲ့ပါတယ္။

NATO စစ္မဟာမိတ္အဖဲြ့ အတြင္းေရးမွုးခ်ဳပ္ Jens Stoltenberg ကေတာ့ အာဖဂန္နစၥတန္ ကုိ ေမ့မထားဖုိ့ဟာအေရးႀကီးပါတယ္။ ပညာေရးဟာ အေျခခံလူ့အခြင့္အေရးျဖစ္ၿပီး မိန္းကေလးေတြနဲ့ အမ်ိဳးသမီးေတြအတြက္လည္းပါဝင္ပါတယ္လုိ့ ဗုဒၶဟူးေန႔မွာ ေျပာဆုိခဲ့ပါတယ္။

................................................

တိုက္႐ိုက္ လင့္ခ္

အာဖဂန်မိန်းကလေးများ ကျောင်းတက်ခွင့် တာလီဘန်ဆက်လက်ပိတ်ပင်

{{Unicode}}

အာဖဂန်စ္စတန်မှာ ဆောင်းရာသီပိတ်ရက်ပြီးနောက် မတ်လ ၂၃ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်ပေမယ့်၊ မိန်းကလေးတွေကို ၇ တန်းကနေ ၁၂ တန်းအထိ အထက်တန်းအဆင့်ကို တက်ခွင့်မပေးဘဲ တာလီဘန်တွေက ဆက်လက် ပိတ်ပင်ထားပါတယ်။

မိန်းကလေးတွေကို အထက်တန်းအဆင့် ကျောင်းတက်ခွင့်ပေးဖို့ကို အစ္စလမ္မစ်ရှာရီးယား ဥပဒေနဲ့ အစီအစဉ်ရေးဆွဲရဦးမှာဖြစ်ကြောင်းနဲ့ နောက်ထပ်ညွန် ကြားချက်မလာမချင်း မိန်းကလေးတွေ ၇ တန်းကနေ ၁၂ တန်းအထိတက် ခွင့်မရသေးဘူးလို့ တာလီဘန်တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။

တာလီဘန်က အခုလိုဆုံးဖြတ်လိုက်တဲ့အပေါ်ပြည်တွင်းပြည်ပ ဝေဘန်မှုတွေ လည်းပေါ်ထွက်လာကြပါတယ်။ ထောင်ပေါင်းများစွာသော အာဖဂန်မိန်းကလေးငယ်များ၊ မိသားစုများနဲ့ ဆရာဆရာမများလည်း စိတ်မကောင်းဖြစ်ကြ ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Thomas West ကတော့ ပြည်သူတွေအတွက် လုပ်ဆောင်ရမယ့်အရာတွေကို အပြည့်အဝအကောင်အထည်ဖေါ်ဖို့ တာလီဘန်တွေကို တိုက်တွန်းလိုက်ပြီး၊ ကျောင်း တက်ခွင့်မရတဲ့ သန်းပေါင်းများစွာသော အာဖဂန်မိသားစုတွေနဲ့အတူ အံသြ၊ စိတ်မကောင်း ဖြစ်မိတယ်လို့ သူရဲ့ Twitter စာမျက်နှာကနေတဆင့်ပြောဆိုခဲ့ပါတယ်။

NATO စစ်မဟာမိတ်အဖွဲ့ အတွင်းရေးမှုးချုပ် Jens Stoltenberg ကတော့ အာဖဂန်နစ္စတန် ကို မေ့မထားဖို့ဟာအရေးကြီးပါတယ်။ ပညာရေးဟာ အခြေခံလူ့အခွင့်အရေးဖြစ်ပြီး မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအတွက်လည်းပါဝင်ပါတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG