သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံတကာ အသိအမွတ္ျပဳ မခံရတဲ့အေပၚ အာဖဂန္တာလီဘန္ေတြ အေမရိကန္ကို အျပစ္ဖို႔


(Zawgyi/ Unicode)

အာဖဂန္နစၥတန္ တာလီဘန္တို႔က သူတို႔ အစိုးရကို ႏိုင္ငံတကာက အသိအမွတ္ျပဳမႈ ရရွိေရးမွာ အေမရိကန္ ျပည္ေထာင္စုက ပိတ္ပင္ တားဆီးေနတာ ျဖစ္တယ္လို႔ စြပ္စြဲလိုက္ပါတယ္။ အာဖဂန္မွာ အေမရိကန္ ဦးေဆာင္တဲ႔ ႏိုင္ငံတကာ တပ္ဖြဲ႔ေတြရဲ႕ ႏွစ္ေပါင္း ၂၀ နီးပါးၾကာ စစ္ေရးေဆာင္ရြက္ခဲ႔ၾကၿပီးေနာက္ ၿပီးခဲ႔တဲ႔ႏွစ္ ၾသဂုတ္လအတြင္း တာလီဘန္တို႔က အာဏာ ျပန္လည္ ရယူခဲ႔ၾကၿပီး အမ်ိဳးသားေတြ သက္သက္သာ ပါ၀င္တဲ့ အစိုးရ တရပ္ကို ဖြဲ႔စည္းခဲ႔တာပါ။

အခုအခ်ိန္ထိ ႏိုင္ငံျခား တိုုင္းျပည္ေတြက အသိအမွတ္ျပဳေရး ကိစၥ မေျပလည္ေသးတဲ႔ ကိစၥမွာ ဆိုရင္ အေမရိကန္ ျပည္ေထာင္စုက အႀကီးဆံုး အတားအဆီး ျဖစ္ေနတယ္လို႔ ယူဆေၾကာင္း တာလီဘန္ရဲ႕ ေျပာခြင့္ရ Zabihullah Mujahid က ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။ အသိအမွတ္ျပဳခံရေရး ေႏွာင့္ေႏွးေနရတဲ႔ ကိစၥမွာ တာလီဘန္ အဖြဲ႔ရဲ႕ မူဝါဒေတြေၾကာင့္လား ဒါမွမဟုတ္လည္း တျခား ႏိုင္ငံေတြေၾကာင့္လား ဆိုတာကို ရွင္းျပဖို႔ ေမးျမန္းတာမွာ သူက အခုလို ေျဖခဲ႔တာ ျဖစ္ပါတယ္။ သတင္းေထာက္ေတြ အတြက္ တာလီဘန္က ဖြင့္ေပးထားတဲ႔ WhatsApp မွာ သတင္းေထာက္ေတြ ေမးတာကို ေျဖၾကားတဲ႔ အထဲမွာေတာ့ တျခားႏိုင္ငံေတြ ဒီလို ေဆာင္ရြက္လာဖို႔ အတြက္ကိုလည္း အေမရိကန္က ခြင့္မျပဳသလို သူကိုယ္တိုင္ကလည္း ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဘာမွ မလုပ္ဘူးလို႔ တာလီဘန္ ေျပာခြင့္ရက ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

သံတမန္ေရး အသိအမွတ္ျပဳခြင့္ ရေရး အတြက္ တာလီဘန္ အစိုးရ အဖြဲ႔မွာ လိုအပ္ခ်က္ေတြ အားလံုးနဲ႔ ျပည့္စံု ကိုက္ညီမႈ ရွိတယ္လို႔လည္း Mujahid က ေျပာပါတယ္။ တာလီဘန္နဲ႔ ႏိုင္ငံေရး အရ ထိေတြ႕ဆက္ဆံမႈဟာ အားလံုးရဲ႕ အက်ိဳးစီးပြား အတြက္ ျဖစ္တယ္ဆိုတာကို အေမရိကန္ အပါအ၀င္ ႏိုင္ငံ အားလံုးက နားလည္ သေဘာေပါက္ဖို႔ လိုအပ္တယ္လို႔လည္း တာလီဘန္ရဲ႕ ေျပာခြင့္ရက အခိုင္အမာ ေျပာပါတယ္။

တာလီဘန္နဲ႔ မေက်လည္မႈေတြကို ကမ ၻာႀကီး အေနနဲ႔ တရား၀င္ ေဆြးေႏြးခြင့္ ရေစမွာ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီလ အတြင္း ကာတာႏိုင္ငံ ဒိုဟာမွာ ႏွစ္ႏိုင္ငံ လက္မွတ္ထိုးခဲ႔တဲ႔ သေဘာတူညီခ်က္ အတိုင္း အေမရိကန္နဲ႔ အက်ိဳးတူ ဆက္ဆံေရး ပိုၿပီး ေကာင္းမြန္လာေစဖို႔ တာလီဘန္ ေခါင္းေဆာင္ေတြက လိုလားေၾကာင္းလည္း သူက ေျပာဆိုခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နိုင်ငံတကာ အသိအမှတ်ပြု မခံရတဲ့အပေါ် အာဖဂန်တာလီဘန်တွေ အမေရိကန်ကို အပြစ်ဖို့

အာဖဂန်နစ္စတန် တာလီဘန်တို့က သူတို့ အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုမှု ရရှိရေးမှာ အမေရိကန် ပြည်ထောင်စုက ပိတ်ပင် တားဆီးနေတာ ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။ အာဖဂန်မှာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေရဲ့ နှစ်ပေါင်း ၂၀ နီးပါးကြာ စစ်ရေးဆောင်ရွက်ခဲ့ကြပြီးနောက် ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း တာလီဘန်တို့က အာဏာ ပြန်လည် ရယူခဲ့ကြပြီး အမျိုးသားတွေ သက်သက်သာ ပါဝင်တဲ့ အစိုးရ တရပ်ကို ဖွဲ့စည်းခဲ့တာပါ။

အခုအချိန်ထိ နိုင်ငံခြား တိုင်းပြည်တွေက အသိအမှတ်ပြုရေး ကိစ္စ မပြေလည်သေးတဲ့ ကိစ္စမှာ ဆိုရင် အမေရိကန် ပြည်ထောင်စုက အကြီးဆုံး အတားအဆီး ဖြစ်နေတယ်လို့ ယူဆကြောင်း တာလီဘန်ရဲ့ ပြောခွင့်ရ Zabihullah Mujahid က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အသိအမှတ်ပြုခံရရေး နှောင့်နှေးနေရတဲ့ ကိစ္စမှာ တာလီဘန် အဖွဲ့ရဲ့ မူဝါဒတွေကြောင့်လား ဒါမှမဟုတ်လည်း တခြား နိုင်ငံတွေကြောင့်လား ဆိုတာကို ရှင်းပြဖို့ မေးမြန်းတာမှာ သူက အခုလို ဖြေခဲ့တာ ဖြစ်ပါတယ်။ သတင်းထောက်တွေ အတွက် တာလီဘန်က ဖွင့်ပေးထားတဲ့ WhatsApp မှာ သတင်းထောက်တွေ မေးတာကို ဖြေကြားတဲ့ အထဲမှာတော့ တခြားနိုင်ငံတွေ ဒီလို ဆောင်ရွက်လာဖို့ အတွက်ကိုလည်း အမေရိကန်က ခွင့်မပြုသလို သူကိုယ်တိုင်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ဘူးလို့ တာလီဘန် ပြောခွင့်ရက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သံတမန်ရေး အသိအမှတ်ပြုခွင့် ရရေး အတွက် တာလီဘန် အစိုးရ အဖွဲ့မှာ လိုအပ်ချက်တွေ အားလုံးနဲ့ ပြည့်စုံ ကိုက်ညီမှု ရှိတယ်လို့လည်း Mujahid က ပြောပါတယ်။ တာလီဘန်နဲ့ နိုင်ငံရေး အရ ထိတွေ့ဆက်ဆံမှုဟာ အားလုံးရဲ့ အကျိုးစီးပွား အတွက် ဖြစ်တယ်ဆိုတာကို အမေရိကန် အပါအဝင် နိုင်ငံ အားလုံးက နားလည် သဘောပေါက်ဖို့ လိုအပ်တယ်လို့လည်း တာလီဘန်ရဲ့ ပြောခွင့်ရက အခိုင်အမာ ပြောပါတယ်။ တာလီဘန်နဲ့ မကျေလည်မှုတွေကို ကမ ္ဘာကြီး အနေနဲ့ တရားဝင် ဆွေးနွေးခွင့် ရစေမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ အတွင်း ကာတာနိုင်ငံ ဒိုဟာမှာ နှစ်နိုင်ငံ လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက် အတိုင်း အမေရိကန်နဲ့ အကျိုးတူ ဆက်ဆံရေး ပိုပြီး ကောင်းမွန်လာစေဖို့ တာလီဘန် ခေါင်းဆောင်တွေက လိုလားကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG