သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ထောက်ခံတဲ့ နိုင်ငံတွေ တရုတ်မှာစည်းဝေး


AFGHANISTAN-CHINA-POLITICS-DIPLOMACY
AFGHANISTAN-CHINA-POLITICS-DIPLOMACY

အာဖဂန်နစ်စတန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကြာသပတေးနေ့က တရုတ်နိုင်ငံမှာ တွေ့ဆုံပြီး စစ်ကြောင့်ပျက်စီးယိုယွင်းနေတဲ့ အာဖဂန်နိုင်ငံကို ထောက်ခံပံ့ပိုးကြောင်းပြသခဲ့ကြပါတယ်။ တာလီဘန်တွေဟာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်အကာအကွယ်ပေးရေးမှာ အရေးပါကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

အာဖဂန်ထောက်ခံတဲ့ နိုင်ငံတွေ တရုတ်မှာစည်းဝေး

{{Zawgyi/Unicode}}
အာဖဂန်နစ်စတန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကြာသပတေးနေ့က တရုတ်နိုင်ငံမှာ တွေ့ဆုံပြီး စစ်ကြောင့်ပျက်စီးယိုယွင်းနေတဲ့ အာဖဂန်နိုင်ငံကို ထောက်ခံပံ့ပိုးကြောင်းပြသခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံကို ထိန်းချုပ်ထားတဲ့ တာလီဘန်တွေဟာ အာဖဂန်က အမျိုးသမီးတွေ ပညာသင်ကြားခွင့် အပါအဝင် အာဖဂန်ပြည်သူတွေရဲ့ ရပိုင်ခွင့်အကာကွယ်ပေးရေးမှာ အရေးပါကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း Tunxi မြို့မှာ တရုတ်အစိုးရကအိမ်ရှင်အဖြစ် လက်ခံကျင်းပပေးတဲ့ ဒီတွေ့ဆုံပွဲကို ပါကစ္စတန်၊ အီရန်၊ တာဂျီကစ်စတန်၊ Turkmenistan ၊ Uzbekistan နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ အတူ တာလီဘန် နိုင်ငံခြားရေး ဝန်ကြီး Amir Khan Muttaqi နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အာဖဂန်နစ်စတန် နိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ပညာရေးကို အာမခံနိုင်အောင် ဆက်လုပ်ဖို့ အရေးကြီးကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် နိုင်ငံတွင်း အမျိုးသမီး၊ ကလေးငယ်တွေနဲ့ တိုင်းရင်းသာမျိုးနွယ်စုတွေ အပါအဝင် ပြည်သူအားလုံးအတွက် အခြေခံရပိုင်ခွင့်တွေကို အကာကွယ်ပေးဖို့ လည်း တောင်းဆိုထားပါတယ်။

အာဖဂန်မြေမှာ အကြမ်းဖက်အဖွဲ့တွေကို နေရာပေးတာ၊ အာဖဂန်မြေကို အသုံးချပြီး အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်တာတွေ မလုပ်ဖို့ နိုင်ငံတကာအသိုင်းဝိုင်းကို တာလီဘန်တွေဘက်က ကတိပေးထားတာကို အသိမှတ်ပြုကြောင်းလည်း ပြောပါတယ်။

တရုတ်အစိုးရဟာ တာလီဘန်တွေကို ကမ္ဘာ့တခြားနိုင်ငံတွေလို လူဆိုးစာရင်းထဲ ထည့်မထားသလို အခုထိလည်း အသိမှတ်မပြုသေးပါဘူး။

အာဖဂန်က မနှစ်သြဂုတ်လ အမေရိကန် နဲ့ NATO မဟာမိတ်တပ်တွေ ပြန်ရုတ်သိမ်းခဲ့တဲ့နောက်မှာ လက်ရှိ အာဖဂန်အစိုးရကို သံတမန်ရေး ဆက်ဆံမှုကို တိုးမြှင့်ပြီး ဒေသတွင်းညီလာခံ နဲ့ ဆက်စပ်အစည်းဝေးတွေ တရုတ်က ကမကထလုပ် ကျင်းပလာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

..................................................................


{{Unicode}}






XS
SM
MD
LG