သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကေလးတေယာက္ကို ေရာင္းၿပီးမွ က်န္ ကေလးေတြ ကိုေကၽြးေမြးႏိုင္တဲ႔ အာဖဂန္ျပည္သူတခ်ိဳ႕


Najia, second left, pose with her family in Kabul, Afghanistan, Oct. 1, 2021. Soon after the Taliban took control of Kabul, the family sold their households and used the money to try to cross into Pakistan.

လက္ရွိ ကာလမွာ အာဖဂန္ သံုးပံုတပံု ငတ္မြတ္ေနၿပီး ကေလးေတြလည္း အစာအဟာရ ျပတ္ေတာက္မႈနဲ႔ ဆိုးဆိုးရြားရြား ရင္ဆိုင္ေနရပါတယ္။ ထြက္ေပါက္ မရွိတဲ႔ အၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရတဲ႔ ဆင္းရဲ ခ်ိဳ႕တဲ႔သူ အာဖဂန္ေတြဟာ ကေလးေတြကို ေကြ်းေမြး ေစာင့္ေရွာက္ႏိုင္ဖို႔ ကေလးတေယာက္ကို ေရာင္းစားရတာမ်ိဳး အထိ ၾကံမိၾကံရာ လုပ္လာေနၾကေၾကာင္း ဗြီအိုေအ သတင္းေထာက္ Ayesha Tanzeem က သတင္းေပးပို႔ထားပါတယ္။ မသိဂၤ ီထိုက္ ေျပာျပေပးမွာပါ။

သူငယ္ခ်င္းေတြနဲ႔ ကစားေနတဲ႔ မိန္းကေလးငယ္ Sideeqa ကေတာ့ သူမရဲ႕ အနာဂတ္ကို မသိရွာပါဘူး။ ျပည္ပမွာ အလုပ္လုပ္ေနတဲ႔ အာဖဂန္ တဦးထံကို ေဒၚလာ ၂၀၀၀ ေလာက္နဲ႔ သူ႔မိဘေတြက ေရာင္းထားၿပီး ျဖစ္ပါတယ္။ သူမနည္းတူ ေရာင္းစားခံထားရၿပီးတဲ႔ မိန္းကေလးေတြ အမ်ားႀကီးပါ။ ေရာင္းရန္လည္း ရွိပါေသးတယ္။

ဒီစခန္းထဲမွာ ေတြ႕တဲ႔ မိန္းကေလးအမ်ားစုကေတာ့ အသက္ ၁၀ ႏွစ္ေအာက္ အရြယ္ေတြ ျဖစ္ပံုရၿပီး သူတို႔ဟာ ေရာင္းခ်ထားၿပီးသား ဒါမွမဟုတ္လည္း မိဘေတြက ၀ယ္လက္ လိုက္ရွာေနသူေတြ ျဖစ္ၾကပါတယ္လို႔ ဗြီအိုေအ သတင္းေထာက္ Ayesha Tanzeem က ေျပာျပခဲ႔တာပါ။ သမီးေတြကို ဘာေၾကာင့္ ေရာင္းရတာလဲလို႔ ေမးေတာ့ Abdul Aziz က စိတ္ဆိုးပါတယ္။

"ကေလးေတြက ငိုၿပီး စားစရာ ေတာင္းၾကလို႔ သူတို႔ကို အိပ္ေဆး ေပးရပါတယ္။ အရင္ကေတာ့ က်ေနာ္တို႔ဟာ ခ်မ္းသာ ျပည့္စံုခဲ႔ပါတယ္။ ေနာက္ပိုင္းမွာ မိုးေခါင္ေရရွား ျဖစ္တယ္၊ စစ္ေၾကာင့္ အရြယ္ေကာင္း အမ်ိဳးသားေတြ ေသဆံုးရတယ္။ Faryab ျပည္နယ္ကေန Herat ကို က်ေနာ္တို႔ ထြက္ေျပးလာခဲ႔တာပါ။ အစိုးရသစ္လည္း တက္လာေရာ ဂ်ံဳတအိတ္ကို ၂၅ ေဒၚလာထိ ေစ်းတက္သြားပါတယ္။ က်ေနာ္တို႔ ဘယ္လို ၀ယ္ႏိုင္မလဲ။ ဒီအေျခအေနမ်ိဳးနဲ႔ ေနခဲ႔ရတာ သံုးႏွစ္ ရွိပါၿပီ။"

တျခားသူေတြ ငတ္ျပတ္မယ့္ အေရးကေန ကယ္တင္ႏိုင္ဖို႔ ကေလးတေယာက္ကို ေရာင္းရတာလို႔ မိဘေတြက ေျပာပါတယ္။ စစ္ပြဲ၊ ေနာက္ ၾကာရွည္လာတဲ႔ မိုးေခါင္ေရးရွားမႈေၾကာင့္ အာဖဂန္နစၥတန္မွာ အႀကီးအက်ယ္ ေဘးဒဏ္သင့္ေနတာပါ။ ႏိုင္ငံရဲ႕ စီးပြားေရးက ျပည္ပ ေထာက္ပံ႔မႈ အေပၚမွာ အႀကီးအက်ယ္ မွီခိုေနရပါတယ္။ ၿပီးခဲ႔တဲ႔ ၆ လတုန္းက တာလီဘန္တို႔ ႏိုင္ငံ အာဏာရယူၿပီးခ်ိန္မွာ ႏိုင္ငံတကာ ေငြေၾကးေထာက္ပံမႈေတြလည္း အဆံုးသတ္သြားတာ ျဖစ္ပါတယ္။ အာဖဂန္ စီးပြားေရး ၿပိဳလဲမႈေၾကာင့္ ဘ႑ာေရး အခက္အခဲကို ပိုၿပီး ဆိုးရြားေစပါတယ္။ အာဖဂန္ ျပည္သူ ၉၀ ရာခိုင္ႏႈန္းရဲ႕ တရက္ ၀င္ေငြဟာ ၂ ေဒၚလာေတာင္ မျပည့္ပါဘူး။ ႏိုင္ငံ လူဦးေရရဲ႕ ထက္၀က္ နီးပါးက ငတ္မြတ္ေခါင္းပါးမႈနဲ႔ ရင္ဆိုင္ေနရပါတယ္။ ကေလးငယ္ တသန္းဟာ အစာအဟာရ မျပည့္၀မႈ ဆိုးဆိုးရြားရြားနဲ႔ ရင္ဆိုင္ေနရပါတယ္။

ထြက္ေပါက္မရွိတဲ႔ အေျခအေနကို စိတ္ဆိုးေနတဲ႔ Shireena ကေတာ့ အမိႈက္ထုပ္ကို ၾကမ္းေပၚ ပစ္ခ်ၿပီး ေအာ္ပါေတာ့တယ္။

"ကေလးေတြ အတြက္ အစားအေသာက္ မရွိသလို ေဆး၀ယ္စရာလည္း ပိုက္ဆံ မရွိပါဘူး။ ဒီေလာက္ ေအးေနတာကို က်မတို႔ ဒီ ေက်ာက္တံုးေတြေပၚမွာ ေနေနၾကရပါတယ္။ မီးလံႈစရာလည္း မရွိပါဘူး။ က်မ သားက ဒီအမိႈက္ေတြ ေကာက္လာတာပါ။ ၅ ဆင့္ - ၁၀ ဆင့္ေလာက္ေတာ့ ဒီက ရႏိုင္ပါတယ္။ က်မတို႔ ရွိတာ ဒါ အကုန္ပါဘဲ။"

Sideeqa ရဲ႕ ဖခင္ျဖစ္သူကေတာ့ သူ႔ သမီး ဆယ္ေက်ာ္သက္ ျဖစ္လာခ်ိန္မွာ အခု ၀ယ္သြားသူရဲ႕ သားနဲ႔ လက္ထပ္ဖို႔ ျဖစ္ပါတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္လည္း သမီး ျဖစ္သူကို ေရာင္းလိုက္ရတာေၾကာင့္ ၀ယ္သြားသူက သူ႔သမီးကို ပိုင္သြားတာ ျဖစ္ေၾကာင္း ၊ တေယာက္ေယာက္ကို ေရာင္းႏိုင္တယ္လို႔လည္း သူက ေျပာပါတယ္။

"သူက ငယ္ပါေသးတယ္။ သူ ဘာမွ မသိေသးပါဘူး။ အခုေတာ့ သူတို႔က သူမကို ပိုင္သြားပါၿပီ။ သူတို႔ ႀကိဳက္သလို လုပ္ႏိုင္ပါတယ္။ က်ေနာ္တို႔မွာ ေရြးခ်ယ္စရာ မရွိေတာ့လို႔ အခုလို လုပ္လိုက္ရတာပါ။ သူမရဲ႕ အနာဂတ္မွာ ဘာေတြ ျဖစ္လာမလဲ ဆိုတာ က်ေနာ္တို႔ မသိပါဘူး။"

Sideeqa ရဲ႕ ဖခင္ျဖစ္သူက ေမးတာေတြကို ေျဖေနခ်ိန္မွာဘဲ အနားမွာ ဝိုင္းေနတဲ႔ သူေတြလည္း ၾကားျဖတ္ၿပီး ၀င္ေျပာၾကပါတယ္။ ဘာမွ မရွိတဲ႔ သူတို႔ အေနနဲ႔ ဘာမ်ား လုပ္လို႔ရမလဲလို႔ သူတို႔က ေမးၾကပါတယ္။ ဒီထဲက အမ်ိဳးသမီး တဦးက ဆိုရင္ က်မတို႔ ကေလးေတြကို တိရိစာၦန္ေတြလို ေရာင္းတယ္လို႔ ေဆာက္တည္ရာ မရ စိတ္ဆိုး ေဒါသထြက္ေနတဲ႔ အသံနဲ႔ ေျပာပါတယ္။

---------------------------------

ကလေးတယောက်ကို ရောင်းပြီးမှ ကျန် ကလေးတွေကိုကျွေးမွေးနိုင်တဲ့ အာဖဂန်ပြည်သူတချို့

လက်ရှိ ကာလမှာ အာဖဂန် သုံးပုံတပုံ ငတ်မွတ်နေပြီး ကလေးတွေလည်း အစာအဟာရ ပြတ်တောက်မှုနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။ ထွက်ပေါက် မရှိတဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဆင်းရဲ ချို့တဲ့သူ အာဖဂန်တွေဟာ ကလေးတွေကို ကျွေးမွေး စောင့်ရှောက်နိုင်ဖို့ ကလေးတယောက်ကို ရောင်းစားရတာမျိုး အထိ ကြံမိကြံရာ လုပ်လာနေကြကြောင်း ဗွီအိုအေ သတင်းထောက် Ayesha Tanzeem က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

သူငယ်ချင်းတွေနဲ့ ကစားနေတဲ့ မိန်းကလေးငယ် Sideeqa ကတော့ သူမရဲ့ အနာဂတ်ကို မသိရှာပါဘူး။ ပြည်ပမှာ အလုပ်လုပ်နေတဲ့ အာဖဂန် တဦးထံကို ဒေါ်လာ ၂၀၀၀ လောက်နဲ့ သူ့မိဘတွေက ရောင်းထားပြီး ဖြစ်ပါတယ်။ သူမနည်းတူ ရောင်းစားခံထားရပြီးတဲ့ မိန်းကလေးတွေ အများကြီးပါ။ ရောင်းရန်လည်း ရှိပါသေးတယ်။

ဒီစခန်းထဲမှာ တွေ့တဲ့ မိန်းကလေးအများစုကတော့ အသက် ၁၀ နှစ်အောက် အရွယ်တွေ ဖြစ်ပုံရပြီး သူတို့ဟာ ရောင်းချထားပြီးသား ဒါမှမဟုတ်လည်း မိဘတွေက ဝယ်လက် လိုက်ရှာနေသူတွေ ဖြစ်ကြပါတယ်လို့ ဗွီအိုအေ သတင်းထောက် Ayesha Tanzeem က ပြောပြခဲ့တာပါ။ သမီးတွေကို ဘာကြောင့် ရောင်းရတာလဲလို့ မေးတော့ Abdul Aziz က စိတ်ဆိုးပါတယ်။

"ကလေးတွေက ငိုပြီး စားစရာ တောင်းကြလို့ သူတို့ကို အိပ်ဆေး ပေးရပါတယ်။ အရင်ကတော့ ကျနော်တို့ဟာ ချမ်းသာ ပြည့်စုံခဲ့ပါတယ်။ နောက်ပိုင်းမှာ မိုးခေါင်ရေရှား ဖြစ်တယ်၊ စစ်ကြောင့် အရွယ်ကောင်း အမျိုးသားတွေ သေဆုံးရတယ်။ Faryab ပြည်နယ်ကနေ Herat ကို ကျနော်တို့ ထွက်ပြေးလာခဲ့တာပါ။ အစိုးရသစ်လည်း တက်လာရော ဂျုံတအိတ်ကို ၂၅ ဒေါ်လာထိ ဈေးတက်သွားပါတယ်။ ကျနော်တို့ ဘယ်လို ဝယ်နိုင်မလဲ။ ဒီအခြေအနေမျိုးနဲ့ နေခဲ့ရတာ သုံးနှစ် ရှိပါပြီ။"

တခြားသူတွေ ငတ်ပြတ်မယ့် အရေးကနေ ကယ်တင်နိုင်ဖို့ ကလေးတယောက်ကို ရောင်းရတာလို့ မိဘတွေက ပြောပါတယ်။ စစ်ပွဲ၊ နောက် ကြာရှည်လာတဲ့ မိုးခေါင်ရေးရှားမှုကြောင့် အာဖဂန်နစ္စတန်မှာ အကြီးအကျယ် ဘေးဒဏ်သင့်နေတာပါ။ နိုင်ငံရဲ့ စီးပွားရေးက ပြည်ပ ထောက်ပံ့မှု အပေါ်မှာ အကြီးအကျယ် မှီခိုနေရပါတယ်။ ပြီးခဲ့တဲ့ ၆ လတုန်းက တာလီဘန်တို့ နိုင်ငံ အာဏာရယူပြီးချိန်မှာ နိုင်ငံတကာ ငွေကြေးထောက်ပံမှုတွေလည်း အဆုံးသတ်သွားတာ ဖြစ်ပါတယ်။ အာဖဂန် စီးပွားရေး ပြိုလဲမှုကြောင့် ဘဏ္ဍာရေး အခက်အခဲကို ပိုပြီး ဆိုးရွားစေပါတယ်။ အာဖဂန် ပြည်သူ ၉၀ ရာခိုင်နှုန်းရဲ့ တရက် ဝင်ငွေဟာ ၂ ဒေါ်လာတောင် မပြည့်ပါဘူး။ နိုင်ငံ လူဦးရေရဲ့ ထက်ဝက် နီးပါးက ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကလေးငယ် တသန်းဟာ အစာအဟာရ မပြည့်ဝမှု ဆိုးဆိုးရွားရွားနဲ့ ရင်ဆိုင်နေရပါတယ်။

ထွက်ပေါက်မရှိတဲ့ အခြေအနေကို စိတ်ဆိုးနေတဲ့ Shireena ကတော့ အမှိုက်ထုပ်ကို ကြမ်းပေါ် ပစ်ချပြီး အော်ပါတော့တယ်။

"ကလေးတွေ အတွက် အစားအသောက် မရှိသလို ဆေးဝယ်စရာလည်း ပိုက်ဆံ မရှိပါဘူး။ ဒီလောက် အေးနေတာကို ကျမတို့ ဒီ ကျောက်တုံးတွေပေါ်မှာ နေနေကြရပါတယ်။ မီးလှုံစရာလည်း မရှိပါဘူး။ ကျမ သားက ဒီအမှိုက်တွေ ကောက်လာတာပါ။ ၅ ဆင့် - ၁၀ ဆင့်လောက်တော့ ဒီက ရနိုင်ပါတယ်။ ကျမတို့ ရှိတာ ဒါ အကုန်ပါဘဲ။"

Sideeqa ရဲ့ ဖခင်ဖြစ်သူကတော့ သူ့ သမီး ဆယ်ကျော်သက် ဖြစ်လာချိန်မှာ အခု ဝယ်သွားသူရဲ့ သားနဲ့ လက်ထပ်ဖို့ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း သမီး ဖြစ်သူကို ရောင်းလိုက်ရတာကြောင့် ဝယ်သွားသူက သူ့သမီးကို ပိုင်သွားတာ ဖြစ်ကြောင်း ၊ တယောက်ယောက်ကို ရောင်းနိုင်တယ်လို့လည်း သူက ပြောပါတယ်။

"သူက ငယ်ပါသေးတယ်။ သူ ဘာမှ မသိသေးပါဘူး။ အခုတော့ သူတို့က သူမကို ပိုင်သွားပါပြီ။ သူတို့ ကြိုက်သလို လုပ်နိုင်ပါတယ်။ ကျနော်တို့မှာ ရွေးချယ်စရာ မရှိတော့လို့ အခုလို လုပ်လိုက်ရတာပါ။ သူမရဲ့ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျနော်တို့ မသိပါဘူး။"

Sideeqa ရဲ့ ဖခင်ဖြစ်သူက မေးတာတွေကို ဖြေနေချိန်မှာဘဲ အနားမှာ ဝိုင်းနေတဲ့ သူတွေလည်း ကြားဖြတ်ပြီး ဝင်ပြောကြပါတယ်။ ဘာမှ မရှိတဲ့ သူတို့ အနေနဲ့ ဘာများ လုပ်လို့ရမလဲလို့ သူတို့က မေးကြပါတယ်။ ဒီထဲက အမျိုးသမီး တဦးက ဆိုရင် ကျမတို့ ကလေးတွေကို တိရိစ္ဆာန်တွေလို ရောင်းတယ်လို့ ဆောက်တည်ရာ မရ စိတ်ဆိုး ဒေါသထွက်နေတဲ့ အသံနဲ့ ပြောပါတယ်ရှင်။

XS
SM
MD
LG