သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပျက်အစီးတွေကြား အသက်ရှင်သူတချို့ ကယ်ထုတ်နိုင်


တူရကီနိုင်ငံ Hatay မြို့က ငလျင်ကြောင့်ပြိုကျသွားတဲ့အဆောက်အဦတခုကြား ကယ်ဆယ်ရေးလုပ်ဆောင်နေကြသည်ကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၉ ၊ ၂၀၂၃)
တူရကီနိုင်ငံ Hatay မြို့က ငလျင်ကြောင့်ပြိုကျသွားတဲ့အဆောက်အဦတခုကြား ကယ်ဆယ်ရေးလုပ်ဆောင်နေကြသည်ကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၉ ၊ ၂၀၂၃)

တူရကီနိုင်ငံမှာ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံတွေကြားကနေ ဒီကနေ့ မနက်မှာပဲ လူ ၃ ယောက်ကို အသက်ရှင်လက် ကယ်တင်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်၊ တနင်္လာနေ့ မနက်ကလှုပ်ခဲ့တဲ့ ပြင်းအားကြီး ငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံမှာ သေဆုံးသူ ၂ သောင်းကျော်အထိ ရှိနေပြီး နောက်ထပ် သေဆုံးသူတွေ ထပ်တွေ့လာရနိုင်ဖွယ်လည်း ရှိနေတာပါ။ ကူညီ ကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်နေတာမှာ Diyarbakir မြို့မှာ ဒီကနေ့ မနက်ပိုင်းက အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ သူ့ရဲ့ သားကို အပျက်အစီးပုံတွေ ကြားကနေ နာရီပေါင်း ၁၀၀ ကျော် အချိန်ယူ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

တူရကီ နိုင်ငံတခုတည်းမှာတင် သေဆုံးသူ ၁ သောင်း ၈ ထောင်ကျော် ရှိနေပြီး ၇ သောင်းခွဲနီးပါး ဒဏ်ရာရခဲ့တာလို့ တူရကီရဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံဆောင်ရွက်မှု အေဂျင်စီ က ပြောပါတယ်။ ငလျင်ကြောင့် လူဘယ်နှစ်ယောက် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ရတယ်ဆိုတာ မထုတ်ပြန်ပေမယ့် လူပေါင်း ၇ သောင်းခွဲကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒီအေဂျင်စီက ပြောပါတယ်။ ဆီးရီးယားနိုင်ငံ ဘက်ခြမ်းမှာတော့ သေဆုံးသူ ၃၃၀၀ ကျော် ရှိတဲ့အကြောင်း အတည်ပြု ထားပါတယ်။ နဂိုကတည်းက စစ်ပွဲဒဏ်ကြောင့် လူသားချင်း စာနာမှု အကူအညီတွေ အကြီးအကျယ် လိုအပ်နေတဲ့ ဆီးရီးယား နိုင်ငံက ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် လူသားချင်း စာနာမှုအကူအညီတွေ တင်ဆောင်လာတဲ့ ကုန်တင်ကား ၁၄ စီး ဒီကနေ့ တူရကီကတဆင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကို နယ်စပ်ဖြတ်ကျော်သွားပြီလို့ ရွှေ့ပြောင်းသွားလာမှုများဆိုင်ရာ နိုင်ငံတကာကူညီရေးအဖွဲ့ IOM က ပြောပါတယ်။

[Unicode]




XS
SM
MD
LG