သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီနဲ့ ဆီးရီးယားမှာ ငလျင်ကြောင့် သေဆုံးသူ ၁၁,၀၀၀ ကျော်အထိရှိလာ


ဆီးရီးယားနိုင်ငံ အဲလက်ပိုမြို့မှာတွေ့ရတဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ အဆောက်အဦများကြား ကယ်ဆယ်ရေးလုပ်ကိုင်နေစဉ် (ဖေဖော်ဝါရီ ၇၊ ၂၀၂၃)
ဆီးရီးယားနိုင်ငံ အဲလက်ပိုမြို့မှာတွေ့ရတဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ အဆောက်အဦများကြား ကယ်ဆယ်ရေးလုပ်ကိုင်နေစဉ် (ဖေဖော်ဝါရီ ၇၊ ၂၀၂၃)

တူရကီနဲ့ ဆီးရီးယားနိုင်ငံ မြေငလျင်ကြောင့် သေဆုံးသူစာရင်းက ၁၁၀၀၀ ကျော်သွားပြီဖြစ်ပြီး ကယ်ဆယ်ရေး ဝန်ထမ်းတွေက အပျက်အစီးတွေကြားမှာ အသက်ရှင်ကျန်ခဲ့သူတွေကို ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းမှာ လူပေါင်း ၉၆၀၀၀ ပါဝင်နေတယ်လို့ တူရကီ အရေးပေါ် စီမံခန့်ခွဲမှုဌာနက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ တူရကီနိုင်ငံမှာ ငလျင်ကြောင့် သေဆုံးသူ ၈၅၇၄ ယောက် ရှိပြီး ၃၈၀၀၀ ကျော် ဒဏ်ရာရှိတယ်လို့ တူရကီတာဝန်ရှိသူတွေက ပြောပါတယ်။ ဆီးရီးယားမှာတော့ အနည်းဆုံး ၂၅၃၀ ရှိပြီလို့ အစိုးရနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။ တူရကီရဲ့ အခြားနေရာတွေကနေ မြေငလျင်ဒဏ်ခံလိုက်ရတဲ့ အမျိုးတွေနဲ့ မိတ်ဆွေတွေကို သွားတွေ့ကြဖို့အတွက် ခရီးသွားဖို့လည်း အခက်အခဲတွေ့နေရပါတယ်။

အပျက်အစီးပုံတွေကြားထဲက အသက်ရှင်နေထိုင်နေကြသူတွေရဲ့ အသံတွေကို ကြားနေရတယ်လို့ ကယ်ဆယ်ဖို့ ကြိုးစားနေကြသူတွေက ပြောပါတယ်။ အပျက်အစီးတွေကြားထဲက လူ ၈၀၀၀ ကျော် ကို ကယ်ထုတ်နိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

မြေငလျင်ကြောင့် သေဆုံးသွားရသူတွေအတွက် နိုင်ငံတဝှမ်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ၇ ရက် သတ်မှတ်လိုက်ပြီး၊ ငလျင်ဒဏ် ခံလိုက်တဲ့ ပြည်နယ် ၁၀ ပြည်နယ်ကို အရေးပေါ် အခြေအနေ အဖြစ် ၃ လ သတ်မှတ်လိုက်ကြောင်း သမ္မတ Recep Tayyip Erdogan က ကျေညာလိုက်ပါတယ်။ ငလျင်ဗဟိုချက်မနေရာဟာ တူရကီ ဆီးရီးယား နယ်စပ်အနီး တူရကီဘက်က မြို့ Gaziantep အနီးက Pazarcik ဒေသ ဖြစ်ပါတယ်။ ငလျင်ဒဏ်ခံနေရာတွေကို သမ္မတ ဒီနေ့ဗုဒ္ဓဟူးနေ့မှာ သွားရောက်ပါတယ်။ ၁၉၉၉ ခုနှစ် ပြင်းအား ၇.၄ ရှိတဲ့ တူရကီ ငလျင်တုန်းကတော့ လူပေါင်း ၁၇၀၀၀ ကျော် သေဆုံးခဲ့ရတာပါ။

တူရကီနဲ့ ဆီးရီးယားမှာ ငလျင်ကြောင့် သေဆုံးသူ ၁၁,၀၀၀ ကျော်အထိရှိလာ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

[Unicode]

တူရကီနဲ့ ဆီးရီးယားမှာ ငလငြျကွောင့ျ သဆေုံးသူ ၁၁,၀၀၀ ကြောျအထိရှိလာ




XS
SM
MD
LG