No media source currently available
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အနောက်ဖက် စက်တော်ရာတောင်ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့က တနေကုန် တိုက်ပွဲပြင်းထန်ခဲ့သလို ဒီနေ့ မနက်ပိုင်းအထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံတွေ ထပ်ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။