=== [[ ZAWGYI ]] ===
တူရကီ၊ ဆီးရီးယား ငလ်င္ေၾကာင့္ ေသဆုံးသူ ၄၇၀၀၀ ေက်ာ္
တူရကီနဲ႔ ဆီးရီးယား နယ္စပ္မွာ ေဖေဖၚဝါရီ ၆ ရက္က လႈပ္ခဲ့တဲ့ ျပင္းအား ၇.၈ ရွိ ငလ်င္ေၾကာင့္ ေသဆံုးရသူ အေရအတြက္ဟာ အခုဆိုရင္ ၄ ေသာင္း ၇ ေထာင္ေက်ာ္သြားပါၿပီ။
တူရကီမွာ ေသဆံုးရသူက (၄၃ ၅oo) ေက်ာ္ရွိၿပီလို႔ တူရကီျပည္ထဲေရးဝန္ႀကီး Suleyman Soylu က ေၾကညာခဲ့တာေၾကာင့္ ၾကာသပေတးေန႔ အထိဆို တူရကီနဲ႔ ဆီးရီးယား ၂ ႏိုင္ငံေပါင္း ေသဆံုးရသူ အေရအတြက္ဟာ (၄၇ ၂၀၀) ေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။
ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ပ်က္စီးေနတဲ့ အေဆာက္အအံုေတြ ထဲကေန ေသဆံုးေနသူေတြရဲ႕ အေလာင္းေတြ ဆက္ၿပီးထုတ္ယူေနဆဲ ျဖစ္ပါတယ္။ ဒီသီတင္းပတ္ထဲမွာပဲ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးေနတဲ့ တူရကီႏိုင္ငံ Hatay ျပည္နယ္ထဲမွာ ျပင္းအား ၆.၄ ရွိတဲ့ ေနာက္ဆက္တြဲ ငလ်င္ ထပ္လႈပ္ခဲ့တာေၾကာင့္ အေျခေနက ပိုဆိုးလာေနတာပါ။
ငလ်င္ဒဏ္ခံရတဲ့ ေဒသေတြက ပ်က္စီးေနတဲ့ အေဆာက္အအံုေတြၾကား အသက္ရွင္က်န္ရစ္သူေတြကို လိုက္လံရွာေဖြေနမႈေတြလည္း အဆံုးသတ္ရေတာ့မွာ ျဖစ္တယ္လို႔လည္း တူရကီျပည္ထဲေရးဝန္ႀကီးက ေျပာပါတယ္။ တူရကီမွာ အေဆာက္အဦးေပါင္း (၁၆,၄၀၀) ထက္မနည္း ၿပိဳက် ပ်က္စီးခဲ့ရသလို ဒါေတြကို ဖယ္ရွားပစ္ဖို႔ လိုေနၿပီလို႔ တူရကီသဘာဝဝန္းက်င္ နဲ႔ ၿမိဳ႕ျပဆိုင္ရာ ဝန္ႀကီးကေျပာပါတယ္။
ဆီးရီးယား အေနာက္ေျမာက္ပိုင္း ေဒသဆိုင္ရာ ကာကြယ္ေရးဌာနကေတာ့ ကေလးငယ္ ေထာင္ေပါင္းမ်ားစြာနဲ႔ ေသာင္းနဲ႔ ခ်ီတဲ့မိသားစုေတြဟာ ေနာက္ထပ္ ငလ်င္ထပ္လႈပ္မွာကို စိုးရိမ္တဲ့ အတြက္ ကားေတြ၊ ယာယီတဲေတြမွာပဲ ေနေနၾကဆဲပဲလို႔ ေျပာပါတယ္။
ဆႏၵျပသူေတြကို ရက္ရက္စက္ရက္ ႏွိမ္နင္းခဲ့တဲ့ ဆီးရီးယားက သမၼတ Bashar Assad နဲ႔ ဆက္ဆံေရး တင္းမာေနတဲ့ အာရပ္ႏိုင္ငံ တခ်ိဳ႕ကလည္း ဆီးရီးယားငလ်င္ေဘးအတြက္ အကူအညီေတြ ေပးလာေနပါတယ္။
=== {{ UNICODE }} ===
တူရကီ၊ ဆီးရီးယား ငလျင်ကြောင့် သေဆုံးသူ ၄၇၀၀၀ ကျော်
တူရကီနဲ့ ဆီးရီးယား နယ်စပ်မှာ ဖေဖေါ်ဝါရီ ၆ ရက်က လှုပ်ခဲ့တဲ့ ပြင်းအား ရ.၈ ရှိ ငလျင်ကြောင့် သေဆုံးရသူ အရေအတွက်ဟာ အခုဆိုရင် ၄ သောင်း ရ ထောင်ကျော်သွားပါပြီ။
တူရကီမှာ သေဆုံးရသူက (၄၃ ၅oo) ကျော်ရှိပြီလို့ တူရကီပြည်ထဲရေးဝန်ကြီး Suleyman Soylu က ကြေညာခဲ့တာကြောင့် ကြာသပတေးနေ့ အထိဆို တူရကီနဲ့ ဆီးရီးယား ၂ နိုင်ငံပေါင်း သေဆုံးရသူ အရေအတွက်ဟာ (၄၇ ၂၀၀) ကျော် ရှိသွားပြီဖြစ်ပါတယ်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေ ထဲကနေ သေဆုံးနေသူတွေရဲ့ အလောင်းတွေ ဆက်ပြီးထုတ်ယူနေဆဲ ဖြစ်ပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ တူရကီနိုင်ငံ Hatay ပြည်နယ်ထဲမှာ ပြင်းအား ၆.၄ ရှိတဲ့ နောက်ဆက်တွဲ ငလျင် ထပ်လှုပ်ခဲ့တာကြောင့် အခြေနေက ပိုဆိုးလာနေတာပါ။
ငလျင်ဒဏ်ခံရတဲ့ ဒေသတွေက ပျက်စီးနေတဲ့ အဆောက်အအုံတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံရှာဖွေနေမှုတွေလည်း အဆုံးသတ်ရတော့မှာ ဖြစ်တယ်လို့လည်း တူရကီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ တူရကီမှာ အဆောက်အဦးပေါင်း (၁၆,၄၀၀) ထက်မနည်း ပြိုကျ ပျက်စီးခဲ့ရသလို ဒါတွေကို ဖယ်ရှားပစ်ဖို့ လိုနေပြီလို့ တူရကီသဘာဝဝန်းကျင် နဲ့ မြို့ပြဆိုင်ရာ ဝန်ကြီးကပြောပါတယ်။
ဆီးရီးယား အနောက်မြောက်ပိုင်း ဒေသဆိုင်ရာ ကာကွယ်ရေးဌာနကတော့ ကလေးငယ် ထောင်ပေါင်းများစွာနဲ့ သောင်းနဲ့ ချီတဲ့မိသားစုတွေဟာ နောက်ထပ် ငလျင်ထပ်လှုပ်မှာကို စိုးရိမ်တဲ့ အတွက် ကားတွေ၊ ယာယီတဲတွေမှာပဲ နေနေကြဆဲပဲလို့ ပြောပါတယ်။
ဆန္ဒပြသူတွေကို ရက်ရက်စက်ရက် နှိမ်နင်းခဲ့တဲ့ ဆီးရီးယားက သမ္မတ Bashar Assad နဲ့ ဆက်ဆံရေး တင်းမာနေတဲ့ အာရပ်နိုင်ငံ တချို့ကလည်း ဆီးရီးယားငလျင်ဘေးအတွက် အကူအညီတွေ ပေးလာနေပါတယ်။