သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ စိတ်ကြွဆေးသုံးစွဲသူ သိသိသာသာ တိုးလာကြောင်း လေ့လာတွေ့ရှိ


THAILAND-CRIME-NARCOTICS
THAILAND-CRIME-NARCOTICS

=== [[ ZAWGYI ]] ===

ထိုင်းနိုင်ငံမှာ စိတ်ကြွဆေးသုံးစွဲသူ သိသိသာသာ တိုးလာကြောင်း လေ့လာတွေ့ရှိ


မြန်မာနိုင်ငံမှာ ဥပဒေမဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တဟုန်ထိုးများလာရာက ဒေသတွင်းမှာ မူးယစ်ဆေးတွေ ဈေးပေါပေါနဲ့ ရလာချိန်မှာပဲ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မနှစ်က Methamphetamine သုံးစွဲသူဟာ ရာခိုင်နှုန်း ၃၀ အထိ ခုန်တက်သွားတယ်လို့ သုတေသန စစ်တမ်းတွေမှာ ဖေါ်ပြပါတယ်။

ဒါကို ထိန်းချုပ်နိုင်ဖို့ အတွက် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တင်းကျပ်တဲ့ ဥပဒေသစ်တွေ ပြဌာန်းပြီး Meth ဆေးပြား တပြားထက်ပိုပြီး သယ်လာတာ ဖမ်းမိရင် မူးယစ်ဆေးရောင်းဝယ်သူအဖြစ် တရားစွဲလို့ရတယ်လို့ သတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ ပညာရှင်တွေ၊ လူမှုဝန်ထမ်း တာဝန်ရှိသူတွေကတော့ ဒါဟာ ဆေးသုံးသူတိုးလာတာကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အပြင် ပြဿနာပါ ပိုကြီးလာစေ နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ချူလာလောင်ကောင်း တက္ကသိုလ်က ဦးဆောင်တဲ့ ထိုင်းတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်တမ်းကောက်ယူချက်အရ ၂၀၂၂ မှာ အသက် ၁၈ နှစ်ကနေ ၆၅ နှစ်ကြား ထိုင်းနိုင်ငံသား ၅ သောင်း ၈ ထောင်လောက်ဟာ meth ဆေးပြားကို အနည်းဆုံး တကြိမ်တော့ စမ်းသောက်ခဲ့တာ တွေ့ရပြီး ဒါဟာ ၄ သောင်းခွဲ နီးပါးရှိတဲ့ ၂၀၂၁ ကထက် ပိုတိုးလာတာပါ။ ဒါပေမယ့် ဘယ်သူဘယ်ဝါဆိုတာ မသိစေရဘူးလို့ အာမခံသည့်တိုင် မူးယစ်ဆေးသုံးတယ်လို့ ဝန်မခံ သူတွေ ရှိနေတာကြောင့် ဒီအရေအတွက်ဟာ တကယ်သုံးစွဲသူ အရေတွက်ထက် နည်းနိုင်တယ်လို့ သုတေသနကို ဦးဆောင်တဲ့ Rasmon Kalayasiri က ပြောပါတယ်။ အရင် ထိုင်းအစိုးရ မူးယစ်ထိန်းချုပ်ရေးဆိုင်ရာ ဘုတ်အဖွဲ့ ONCB က ကောက်ယူတဲ့ စစ်တမ်းမှာတော့ meth သုံးစွဲသူဟာ မကြာခင် နှစ်တွေအတွင်း သိန်းဂဏန်းထိ ရှိနေတယ်လို့ ပြောပါတယ်။

မူးယစ်ဆေးပြား ဈေးကလည်း ရာခိုင်နှုန်း ၃၀ ကနေ ၄၀ လောက်အထိ တိုးလာတာပါ။ ထိုင်းနိုင်ငံမြောက်ပိုင်းက မြန်မာနယ်စပ်နားမှာတော့ ယာဘ စိတ်ကြွဆေး တပြားဟာ အမေရိကန်ငွေ ၁ ဒေါ်လာတောင် မကျဘူးလို့ စစ်တမ်းကောက်သူတွေက ပြောပါတယ်။ ဒီလို ဆေးပြားဈေးတွေ ကျလာသလို ဆေးပြားရဖို့ကလည်း စီးကရက်ရဖို့ထက် ပိုလွယ်ကူနေတာကြောင့် ဆေးခြောက်သုံးစွဲသူတွေ meth ကို စမ်းသုံးလာကြသလို သုံးစွဲသူဦးရေကလည်း ပိုများလာနေတယ်လို့ ချင်းမိုင်တက္ကသိုလ် မူးယစ်ဆေးစွဲသူများဆိုင်ရာဌာနက ပြောပါတယ်။

အခုလို မူးယစ်ဆေးဈေးတွေ ကျလာတာဟာ အရှေ့နဲ့ အရှေ့တောင်အာရှဒေသတလွှား မူးယစ်ဆေးဖမ်းဆီးရမိမှု တိုးလာတာနဲ့ တိုက်ဆိုင်နေသလို ဖမ်းဆီးရမိတဲ့ ဆေးအများစုဟာ ၂၀၂၁ မှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ဖြစ်စေ ထိုင်းကနေ တဆင့်ဖြစ်စေ ဒေသတွင်း ပျံ့သွားတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာ UNODC ဌာန ထုတ်ပြန်ချက်အရ ၂၀၂၁ မှာ ဒေသတွင်း Meth မူးယစ်ဆေး တန်ချိန် ၁၇၀ ေ ကျာ် စံချိန်တင် ဖမ်းဆီးရမိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG