သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ြ မန်မာအပေါ် အီးယူရဲ့ နောက်ထပ် ဒဏ်ခတ်မှု လူ့အခွင့်ရေးအဖွဲ့တွေ ကြိုဆို


Austria Officer meets a representative of Myanmar military junta (#JusticeForMyanmar FB)
Austria Officer meets a representative of Myanmar military junta (#JusticeForMyanmar FB)

=== [[ ZAWGYI ]] ===

မြန်မာအပေါ် အီးယူရဲ့ နောက်ထပ် ဒဏ်ခတ်မှု လူ့အခွင့်ရေးအဖွဲ့တွေ ကြိုဆို

ဥရောပ သမဂ္ဂရဲ့ မြန်မာ စစ်ကောင်စီ အပေါ် ဒဏ်ခတ် အရေးယူမှု အသစ်ကို မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ စည်းရုံးလှုပ်ရှားရေး အဖွဲ့တွေက ကြိုဆိုကြပါတယ်။

နောက်ထပ်ချမှတ်တဲ့ အရေးယူဒဏ်ခတ်မှုတွေဟာ လက်နက်ပွဲစားတွေနဲ့ စစ်ကောင်စီအတွက် လက်နက်ထုတ်လုပ် ပံ့ပိုးရာမှာ တာဝန်ရှိသူတွေ အပေါ် အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့က ချမှတ်ထားတဲ့ အရေးယူမှုတွေကို ပံ့ပိုးပေးတာမျိုး ဖြစ်ဖို့ အရေးကြီးတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Justice for Myanmar က ပြောခွင့်ရ မရတနာမောင်က ကြာသပတေးနေ့က ဗွီအိုအေကို ပေးပို့တဲ့ ကြေညာချက်မှာ ပြောပါတယ်။

တနလာင်္နေ့က ထုတ်တဲ့ Burma Campaign UK အဖွဲ့ရဲ့ ကြေညာချက် တခုထဲမှာလည်း ဒီတခေါက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုကြည့်ရင် လေယာဉ်ဆီ တင်သွင်းသူတွေ၊ လက်နက်ပွဲစားတွေ၊ စစ်တပ်ရဲ့ ဝယ်ယူရေး လုပ်ငန်းကြီးတွေနဲ့ မြန်မာ စစ်တပ်က တာဝန်ရှိသူတွေနဲ့ သူတို့နဲ့ ဆက်စပ်သူတွေကို အဓိကထား ပစ်မှတ်ထားဆောင်ရွက်ထားကြောင်း ဖော်ပြထားပါတယ်။

ဥရောပ သမဂ္ဂ EU ရဲ့ တနလာင်္နေ့က ချမှတ်လိုက်တဲ့ ဆဌမ အကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာတော့ လူပုဂ္ဂိုလ် ၉ ဦးနဲ့ လုပ်ငန်းကြီး ၇ ခုတို့ ပါဝင်ပြီး သူတို့ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ အကြမ်းဖက်မှုတွေ တိုးလာစေတာကြောင့်လို့ EU က ပြောပါတယ်။

Justice for Myanmar အဖွဲ့ရဲ့ ကြေညာချက်မှာတာ့ အီးယူရဲ့ အခု နောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေထဲမှာ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်နဲ့ ကျော်မင်းဦးတို့နဲ့ အတူ Dynasty International, International Gateways Group နဲ့ Sky Aviator Company Limited တို့လည်း ပါဝင်ပြီး ဒီ မြန်မာ လက်နက်ပွဲစားတွေနဲ့ ကုမ္ပဏီတွေ ဥရောပဒေသတွင်းက ကုမ္ပဏီတွေနဲ့ ဘယ်လို ချိတ်ဆက်နေတယ် ဆိုတာကိုပါ ဖော်ပြထားပါတယ်။

မြန်မာ စစ်ကောင်စီဘက်ကတော့ အခု ဥရောပ သမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး မှတ်ချက် တစုံတရာ မထုတ်ပြန်သေးပါဘူး။

မြန်မာအပေါ် အီးယူရဲ့ နောက်ထပ် ဒဏ်ခတ်မှု လူ့အခွင့်ရေးအဖွဲ့တွေ ကြိုဆို
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG