သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻေက်ာ္ အီဂ်စ္ ပိရမစ္ရဲ႕ လွ်ိဳ႕ဝွက္ဥမင္လႈိဏ္ေခါင္း


EGYPT-ARCHAEOLOGY-PYRAMIDS

=== [[ ZAWGYI ]] ===

ကမာၻေက်ာ္ အီဂ်စ္ ပိရမစ္ရဲ႕ လွ်ိဳ႕ဝွက္ဥမင္လႈိဏ္ေခါင္း

အီဂ်စ္ႏိုင္ငံက သိပၸံပညာရွင္ေတြဟာ ကမာၻ႔ အံ့ဖြယ္စာရင္းဝင္တဲ့ နာမည္ေက်ာ္ ဂီဇာ ပိရမစ္ရဲ႕ အဓိကဝင္ေပါက္အနီးမွာ ေပ ၃၀ နီးပါးေလာက္ အရွည္ရွိတဲ့ လွ်ိဳ႕ဝွက္စႀကႍ ဥမင္လိုဏ္ေခါင္း တခုကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဲဒါရဲ႕ အက်ယ္က ၆ ေပခြဲေက်ာ္ ရွိတယ္လို႔ ဆိုပါတယ္။

ေရွးေခတ္ အီဂ်စ္ယဥ္ေက်းမႈရဲ႕ ေနာက္ထပ္လွ်ိဳ႕ဝွက္ခ်က္ေတြကို ေဖာ္ထုတ္ဖို႔အတြက္ အဆင့္ျမင့္ နည္းပညာေတြနဲ႔ ေရွးေဟာင္း လက္ရာေတြကို မထိခိုက္တဲ့ သိပၸံနည္းက် နည္းလမ္းေတြ အသုံးျပဳကာ သုေတသနလုပ္ငန္းေတြ ဆက္လက္ လုပ္ေဆာင္ေနတယ္လို႔ အီဂ်စ္ ခရီးသြားလာေရးဝန္ႀကီးက ေျပာပါတယ္။

ဒီ ဂီဇာ ပိရမစ္ႀကီးကို တည္ေဆာက္ခဲ့တဲ့ ေရွးေဟာင္း အီဂ်စ္ ဖာ႐ိုးဘုရင္ ကူဖူ (Khufu)ရဲ႕ သခ်ႋဳင္းဟာ လက္ရွိထိတိုင္ ရွိေနဆဲ ဆိုတာကို ဒီ ရွာေဖြေတြ႕ရွိမႈက ပထမဆုံးအႀကိမ္ အတည္ျပဳ လိုက္ႏိုင္တာေၾကာင့္ အခုေတြ႕တဲ့ လိုဏ္ေခါင္းက အေရးပါတယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။ ေရွ႕လာမယ့္ လ အနည္းငယ္အၾကာမွာ အဲဒီ သခ်ႋဳင္းကို ရွာေတြ႕ႏိုင္ဖို႔လည္း ေမွ်ာ္လင့္ရတယ္လို႔ အီဂ်စ္ေရွးေဟာင္းသမိုင္း ပညာရွင္လည္းျဖစ္၊ ေရွးေဟာင္းသုေတသနဝန္ႀကီးဌာန ဝန္ႀကီးေဟာင္းလည္းျဖစ္သူ ဇာဟီဟာဝတ္စ္ ( ahi Hawass) က ေျပာပါတယ္။

EGYPT-ARCHAEOLOGY-PYRAMID
EGYPT-ARCHAEOLOGY-PYRAMID

ဒီ ရွာေဖြေတြ႕ရွိမႈက အီဂ်စ္ေရွးေဟာင္းနဲ႔ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အေဆာက္အအုံေတြကို ေလ့လာရာမွာ ထိခိုက္မႈ တစုံတရာ မရွိေစတဲ့ “Scan ပေရာဂ်က္” လို႔ေခၚတဲ့ နည္းပညာနဲ႔ ရွာေဖြေတြ႕ရွိခဲ့မႈထဲက တခုလည္း ျဖစ္ပါတယ္။

ဒီ ပိရမစ္ႀကီးဟာ ဘီစီ ၂၅၀၉ ကေန ၂၄၈၃ အထိ စတုတၳမင္းဆက္ေခတ္မွာ စိုးစံခဲ့တဲ့ ကူဖူ (Khufu) ဘုရင္ကို အစြဲျပဳကာ ကူဖူ ပိရမစ္ႀကီးလို႔လည္း လူသိမ်ားၿပီး ကိုင္႐ို ၿမိဳ႕လယ္ကေန ၁၀ မိုင္ခြဲေလာက္ အကြာမွာ ရွိပါတယ္။ ၂၀၁၇ တုန္းကလည္း အလားတူ အခန္း တခန္းကို ရွာေဖြေတြ႕ရွိခဲ့ဖူးပါတယ္။

အီဂ်စ္ ေရွးေဟာင္းသမိုင္းပညာရွင္ေတြၾကားမွာ ကူဖူ ပိရမစ္ အပါအဝင္ အီဂ်စ္က ပိရမစ္ေတြ ဘယ္လို ရည္႐ြယ္ခ်က္နဲ႔ ဘယ္လို တည္ေဆာက္ခဲ့ၾကသလဲဆိုတာ အျမင္အမ်ိဳးမ်ိဳး ကြဲျပားေနၾကလို႔ အေသးအဖြယ္ ရွာေဖြေတြ႕ရွိမႈေတြကိုေတာင္မွ စိတ္ဝင္တစားနဲ႔ ေလ့လာေလ့ရွိၾကပါတယ္။

ဒီ ပိရမစ္ႀကီးဟာ ေရွးေခတ္ ကမာၻ႔အံ့ဖြယ္ ခုနစ္ပါးထဲမွာ တခုတည္းေသာ ေျမမွာရပ္တည္ေနတဲ့ အေဆာက္အအုံလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ကမ္ဘာကျော် အီဂျစ် ပိရမစ်ရဲ့ လျှို့ဝှက်ဥမင်လှိုဏ်ခေါင်း

အီဂျစ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ ကမ္ဘာ့ အံ့ဖွယ်စာရင်းဝင်တဲ့ နာမည်ကျော် ဂီဇာ ပိရမစ်ရဲ့ အဓိကဝင်ပေါက်အနီးမှာ ပေ ၃၀ နီးပါးလောက် အရှည်ရှိတဲ့ လျှို့ဝှက်စင်္ကြံ ဥမင်လိုဏ်ခေါင်း တခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါရဲ့ အကျယ်က ၆ ပေခွဲကျော် ရှိတယ်လို့ ဆိုပါတယ်။

ရှေးခေတ် အီဂျစ်ယဉ်ကျေးမှုရဲ့ နောက်ထပ်လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့အတွက် အဆင့်မြင့် နည်းပညာတွေနဲ့ ရှေးဟောင်း လက်ရာတွေကို မထိခိုက်တဲ့ သိပ္ပံနည်းကျ နည်းလမ်းတွေ အသုံးပြုကာ သုတေသနလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ အီဂျစ် ခရီးသွားလာရေးဝန်ကြီးက ပြောပါတယ်။

ဒီ ဂီဇာ ပိရမစ်ကြီးကို တည်ဆောက်ခဲ့တဲ့ ရှေးဟောင်း အီဂျစ် ဖာရိုးဘုရင် ကူဖူ (Khufu)ရဲ့ သင်္ချိုင်းဟာ လက်ရှိထိတိုင် ရှိနေဆဲ ဆိုတာကို ဒီ ရှာဖွေတွေ့ရှိမှုက ပထမဆုံးအကြိမ် အတည်ပြု လိုက်နိုင်တာကြောင့် အခုတွေ့တဲ့ လိုဏ်ခေါင်းက အရေးပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ရှေ့လာမယ့် လ အနည်းငယ်အကြာမှာ အဲဒီ သင်္ချိုင်းကို ရှာတွေ့နိုင်ဖို့လည်း မျှော်လင့်ရတယ်လို့ အီဂျစ်ရှေးဟောင်းသမိုင်း ပညာရှင်လည်းဖြစ်၊ ရှေးဟောင်းသုတေသနဝန်ကြီးဌာန ဝန်ကြီးဟောင်းလည်းဖြစ်သူ ဇာဟီဟာဝတ်စ် ( ahi Hawass) က ပြောပါတယ်။

ဒီ ရှာဖွေတွေ့ရှိမှုက အီဂျစ်ရှေးဟောင်းနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဆောက်အအုံတွေကို လေ့လာရာမှာ ထိခိုက်မှု တစုံတရာ မရှိစေတဲ့ “Scan ပရောဂျက်” လို့ခေါ်တဲ့ နည်းပညာနဲ့ ရှာဖွေတွေ့ရှိခဲ့မှုထဲက တခုလည်း ဖြစ်ပါတယ်။

ဒီ ပိရမစ်ကြီးဟာ ဘီစီ ၂၅၀၉ ကနေ ၂၄၈၃ အထိ စတုတ္ထမင်းဆက်ခေတ်မှာ စိုးစံခဲ့တဲ့ ကူဖူ (Khufu) ဘုရင်ကို အစွဲပြုကာ ကူဖူ ပိရမစ်ကြီးလို့လည်း လူသိများပြီး ကိုင်ရို မြို့လယ်ကနေ ၁၀ မိုင်ခွဲလောက် အကွာမှာ ရှိပါတယ်။ ၂၀၁၇ တုန်းကလည်း အလားတူ အခန်း တခန်းကို ရှာဖွေတွေ့ရှိခဲ့ဖူးပါတယ်။

အီဂျစ် ရှေးဟောင်းသမိုင်းပညာရှင်တွေကြားမှာ ကူဖူ ပိရမစ် အပါအဝင် အီဂျစ်က ပိရမစ်တွေ ဘယ်လို ရည်ရွယ်ချက်နဲ့ ဘယ်လို တည်ဆောက်ခဲ့ကြသလဲဆိုတာ အမြင်အမျိုးမျိုး ကွဲပြားနေကြလို့ အသေးအဖွယ် ရှာဖွေတွေ့ရှိမှုတွေကိုတောင်မှ စိတ်ဝင်တစားနဲ့ လေ့လာလေ့ရှိကြပါတယ်။

ဒီ ပိရမစ်ကြီးဟာ ရှေးခေတ် ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးထဲမှာ တခုတည်းသော မြေမှာရပ်တည်နေတဲ့ အဆောက်အအုံလည်း ဖြစ်ပါတယ်။

XS
SM
MD
LG