သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သူပုန္ထိန္းခ်ဳပ္တဲ့နယ္ေျမေတြက ငလ်င္ေဘးသင့္သူေတြထံ အကူအညီပို႔ႏိုင္ေရး ဆီးရီးယားသမၼတ သေဘာတူ


ဆီးရီးယားႏိုင္ငံ Idlib ျပည္နယ္ Harem ၿမိဳ႕က ငလ်င္ဒဏ္သင့္ေနရာတခု (ေဖော္ဝါရီ ၁၀၊ ၂၀၂၃)

ဆီရီးယားႏိုင္ငံရဲ႕ သူပုန္ထိန္းခ်ဳပ္နယ္ေျမကို အကူအညီေတြ ပို႔ေပးႏိုင္ေရးအတြက္ ျဖတ္ကူးေရး လမ္းေၾကာင္းသစ္ ၂ ေၾကာင္း ဖြင့္ေပးဖို႔ ဆီရီးယား သမၼတ Bashar Assad က သေဘာတူလိုက္ၿပီး၊ အစားအေသာက္ ၃၅ တန္ သယ္ေဆာင္လာတဲ့ ေဆာ္ဒီအာေရဗ် ေလယာဥ္ဟာ အစိုးရ ေလယာဥ္ကြင္း Aleppo ေလဆိပ္ ကို ဒီကေန႔မနက္က ဆင္းသက္ႏိုင္ခဲ့တယ္လို႔ ဆီရီးယား ႏိုင္ငံပိုင္ မီဒီယာေတြက ေျပာပါတယ္။ ခုအထိေတာ့ Idlib နယ္ေျမ Bab Al-Hawa လမ္းေၾကာင္းတစ္ခုတည္းကိုပဲ ကုလသမဂၢအတြက္ ဖြင့္ေပးထားတာပါ။ ေျမငလ်င္လႈပ္ခဲ့တဲ့ နယ္ေျမထဲကို ႏိုင္ငံတကာက ဝင္ခြင့္မရတဲ့အတြက္ တူးေဖာ္ႏိုင္တဲ့ စက္ႀကီးေတြနဲ႔ ကိရိယာေတြ မရွိဘဲ၊ အကူအညီေပးေရး အဖြဲ႕ေတြဟာ အပ်က္အစီးေတြၾကားထဲကေန ကယ္ဆယ္ဖို႔ ႀကိဳးစားေနရတာပါ။ ေဂ်ာ္ဒန္နဲ႔ အီဂ်စ္ အပါအဝင္ အာရပ္ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားက ဆီးရီးယားအစိုးရဆီကို အကူအညီေတြ သယ္ေဆာင္လာတဲ့ ေလယာဥ္ေတြ ေစလႊတ္ေနၾကၿပီျဖစ္ပါတယ္။

တူရကီႏိုင္ငံမွာေတာ့ ႏိုင္ငံတကာကူညီေရး အဖြဲ႕ေတြဟာ တစ္ပတ္ေက်ာ္ လာၿပီျဖစ္ေပမဲ့ အသက္ရွင္ႏိုင္ေသးသူေတြကို ဆက္လက္ ရွာေဖြေနၾကပါတယ္။ အျခားေနရာေတြမွာလည္း ကယ္ဆယ္ႏိုင္ခဲ့သူေတြကို ေဆး႐ုံကို အျမန္ပို႔ေပးေနၾကပါတယ္။ ေနာက္ဆုံး တနလၤာေန႔ စာရင္းအရ တူရကီႏိုင္ငံမွာ ေသဆုံးသူ ၃၁၆၄၃ ေယာက္ရွိၿပီး ဆီးရီးယားမွာ ၃၅၈၀ ရွိတာေၾကာင့္ စုစုေပါင္း ေသဆုံးသူ ၃ ေသာင္းခြဲ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

သူပုန်ထိန်းချုပ်တဲ့နယ်မြေတွေက ငလျင်ဘေးသင့်သူတွေထံ အကူအညီပို့နိုင်ရေး ဆီးရီးယားသမ္မတ သဘောတူ

ဆီရီးယား နိုင်ငံ ရဲ့ သူပုန်ထိန်းချုပ် နယ်မြေ ကို အကူအညီတွေ ပို့ပေးနိုင်ရေးအတွက် ဖြတ်ကူးရေး လမ်းကြောင်းသစ် ၂ ကြောင်း ဖွင့်ပေးဖို့ ဆီရီးယား သမ္မတ Bashar Assad က သဘောတူလိုက်ပြီး၊ အစားအသောက် ၃၅ တန် သယ်ဆောင်လာတဲ့ ဆော်ဒီအာရေဗျ လေယာဉ်ဟာ အစိုးရ လေယာဉ်ကွင်း Aleppo လေဆိပ် ကို ဒီကနေ့မနက်က ဆင်းသက်နိုင်ခဲ့တယ် လို့ ဆီရီးယား နိုင်ငံပိုင် မီဒီယာတွေက ပြောပါတယ်။ ခုအထိတော့ Idlib နယ်မြေ Bab Al-Hawa လမ်းကြောင်းတစ်ခုတည်းကိုပဲ ကုလသမဂ္ဂအတွက် ဖွင့်ပေးထားတာပါ။ မြေငလျင်လှုပ်ခဲ့တဲ့ နယ်မြေထဲကို နိုင်ငံတကာက ဝင်ခွင့်မရတဲ့အတွက် တူးဖော်နိုင်တဲ့ စက်ကြီးတွေနဲ့ ကိရိယာတွေ မရှိဘဲ၊ အကူအညီပေးရေး အဖွဲ့တွေဟာ အပျက်အစီးတွေကြားထဲကနေ ကယ်ဆယ်ဖို့ ကြိုးစားနေရတာပါ။ ဂျော်ဒန်နဲ့ အီဂျစ် အပါအဝင် အာရပ်နိုင်ငံ တော်တော်များများက ဆီးရီးယားအစိုးရဆီကို အကူအညီတွေ သယ်ဆောင်လာတဲ့ လေယာဉ်တွေ စေလွှတ်နေကြပြီဖြစ်ပါတယ်။

တူရကီနိုင်ငံမှာတော့ နိုင်ငံတကာကူညီရေး အဖွဲ့တွေဟာ တစ်ပတ်ကျော် လာပြီဖြစ်ပေမဲ့ အသက်ရှင်နိုင်သေးသူတွေ ကို ဆက်လက် ရှာဖွေနေကြပါတယ်။ အခြားနေရာတွေမှာလည်း ကယ်ဆယ်နိုင်ခဲ့သူတွေကို ဆေးရုံကို အမြန်ပို့ပေးနေကြပါတယ်။ နောက်ဆုံး တနင်္လာနေ့ စာရင်းအရ တူရကီနိုင်ငံမှာ သေဆုံးသူ ၃၁၆၄၃ ယောက်ရှိပြီး ဆီးရီးယားမှာ ၃၅၈၀ ရှိတာကြောင့် စုစုပေါင်း သေဆုံးသူ ၃ သောင်းခွဲ ကျော်သွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG