=== [[ ZAWGYI ]] ===
တူရကီ၊ ဆီရီးယား ငလ်င္ေၾကာင့္ ေသဆုံးသူ ၂ ေသာင္းေက်ာ္အထိတုိး
တူရကီနဲ႔ ဆီးရီးယားနယ္စပ္ေဒသမွာ တနလၤာေန႔က လႈပ္ခတ္တဲ့ အားျပင္း ငလ်င္ဒဏ္ေၾကာင့္ ေသဆံုးရသူ အခုအခ်ိန္အထိဆိုရင္ လူေပါင္း ၂ ေသာင္းေက်ာ္ေနၿပီျဖစ္ပါတယ္။ ကယ္ဆယ္ေရးလုပ္သားေတြဟာလည္း ပစၥည္းကရိယာ ေကာင္းေကာင္းမပါပဲ ၿပိဳက်ပ်က္စီးေနတဲ့ အေဆာက္အအံုေတြၾကား အသက္ရွင္က်န္ရစ္သူေတြကို အခ်ိန္လုၿပီး ႀကိဳးစား ရွာေဖြေနၾကဆဲပါ။
တူရကီအစိုးရ သဘာဝေဘးဒဏ္ဆိုင္ရာ စီမံခန္႔ခြဲတဲ့ အဖြဲ႔ကေတာ့ ကယ္ဆယ္ေရးလုပ္သား တသိန္း တေသာင္းေလာက္ အပါအဝင္၊ ထြန္စက္ေတြ၊ ကရိန္းကားေတြ၊ ဘူဒိုဇာေတြ၊ တူးေဖၚေရး ဆိုင္ရာယာဥ္ အစင္းေပါင္း ၅,၅၀၀ ေလာက္ ငလ်င္ဒဏ္သင့္ ေဒသကို ပို႔ေပးထားတယ္လို႔ ေျပာပါတယ္။
တူရကီသမၼတ Recep Tayyip Erdogan ဟာလည္း တူရကီနဲ႔ ဆီးရီးယားနယ္စပ္ ေဒသနဲ႔ ငလ်င္ ဗဟိုခ်က္နားက Gaziantep ၿမိဳ႕ကေလးကို သြားေရာက္ေနတာပါ။ ျပင္းအား ၇.၈ ရွိတဲ့ တနလၤာေန႔ ငလ်င္ဒဏ္သင့္ေဒသအတြက္ အေရးေပၚ တုံ႔ျပန္ေဆာင္ရြက္မႈေတြမွာ ၾကံဳေနရတဲ့ ျပႆနာေတြကိုေရာ ေပ်ာက္ဆံုးေနသူေတြကို ရွာေဖြေနၾကတဲ့ က်န္ရစ္သူေတြရဲ႕ စိတ္ပ်က္မႈေတြကိုပါ တူရကီသမၼတက ျမင္ေတြ႔ခဲ့ရၿပီးေနာက္ ၊ ဒီေလာက္ႀကီးမားတဲ့ သဘာဝေဘးအတြက္ ႀကိဳတင္ ျပင္ဆင္မႈ မလုပ္ႏိုင္ခဲ့ေပမယ့္ သူ႔ႏိုင္ငံသား အားလံုးကို ပစ္ထားမွာ မဟုတ္ေၾကာင္း ေျပာပါတယ္။
Hatay ျပည္နယ္မွာတင္ ငလ်င္ေၾကာင့္ ေသဆံုးရသူ ၃,၃၀၀ ေက်ာ္ ရွိေနတာပါ။ တူရကီႏိုင္ငံမွာ လူေပါင္း ၁၇,၀၀၀ ေက်ာ္ ေသဆံုးခဲ့ရသလို ဒဏ္ရာရသူက ၆၃,၀၀၀ ရွိေနတယ္လို႔ တူရကီအာဏာပိုင္ေတြက ေျပာပါတယ္။ ဆီးရီးယားဘက္မွာေတာ့ ေသဆံုးသူက ၃,၁၀၀ ရွိေနတယ္လို႔ ဆီးရီးယားအစိုးရနဲ႔ ကူညီကယ္ဆယ္သူေတြက ေျပာပါတယ္။
အခုၾကံဳခဲ့ရတဲ့ ငလ်င္ဟာ ဂ်ပန္ႏိုင္ငံ မွာ ၂၀၁၁ တုန္းက ငလ်င္နဲ႔ ဆူနာမိေရလႈိင္း ဒဏ္ခံခဲ့ရတဲ့ လူေပါင္း ၂ ေသာင္းနီးပါး ေသဆံုးခဲ့ရတဲ့ ျဖစ္စဥ္ၿပီးကတည္းက ကမာၻမွာ အေသအေပ်ာက္ အမ်ားဆံုး ျဖစ္ရပ္တခု ျဖစ္ပါတယ္။
တူရကီသမၼတ Erdogan ကေတာ့ ႏိုင္ငံေတာ္ ေအာက္ေမ့ဖြယ္ေန႔အျဖစ္ ၇ ရက္ ျပဳလုပ္မွာျဖစ္ေၾကာင္းနဲ႔ ငလ်င္ဒဏ္သင့္ ျပည္နယ္ ၁၀ ခုအတြက္ အေရးေပၚအေျခေန ၃ လ ေၾကညာထားပါတယ္။
=== {{ UNICODE }} ===
တူရကီ၊ ဆီရီးယား ငလျင်ကြောင့် သေဆုံးသူ ၂ သောင်းကျော်အထိတိုး
တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ တနင်္လာနေ့က လှုပ်ခတ်တဲ့ အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးရသူ အခုအချိန်အထိဆိုရင် လူပေါင်း ၂ သောင်းကျော်နေပြီဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေဟာလည်း ပစ္စည်းကရိယာ ကောင်းကောင်းမပါပဲ ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို အချိန်လုပြီး ကြိုးစား ရှာဖွေနေကြဆဲပါ။
တူရကီအစိုးရ သဘာဝဘေးဒဏ်ဆိုင်ရာ စီမံခန့်ခွဲတဲ့ အဖွဲ့ကတော့ ကယ်ဆယ်ရေးလုပ်သား တသိန်း တသောင်းလောက် အပါအဝင်၊ ထွန်စက်တွေ၊ ကရိန်းကားတွေ၊ ဘူဒိုဇာတွေ၊ တူးဖေါ်ရေး ဆိုင်ရာယာဉ် အစင်းပေါင်း ၅,၅၀၀ လောက် ငလျင်ဒဏ်သင့် ဒေသကို ပို့ပေးထားတယ်လို့ ပြောပါတယ်။
တူရကီသမ္မတ Recep Tayyip Erdogan ဟာလည်း တူရကီနဲ့ ဆီးရီးယားနယ်စပ် ဒေသနဲ့ ငလျင် ဗဟိုချက်နားက Gaziantep မြို့ကလေးကို သွားရောက်နေတာပါ။ ပြင်းအား ရ.၈ ရှိတဲ့ တနင်္လာနေ့ ငလျင်ဒဏ်သင့်ဒေသအတွက် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေမှာ ကြုံနေရတဲ့ ပြဿနာတွေကိုရော ပျောက်ဆုံးနေသူတွေကို ရှာဖွေနေကြတဲ့ ကျန်ရစ်သူတွေရဲ့ စိတ်ပျက်မှုတွေကိုပါ တူရကီသမ္မတက မြင်တွေ့ခဲ့ရပြီးနောက် ၊ ဒီလောက်ကြီးမားတဲ့ သဘာဝဘေးအတွက် ကြိုတင် ပြင်ဆင်မှု မလုပ်နိုင်ခဲ့ပေမယ့် သူ့နိုင်ငံသား အားလုံးကို ပစ်ထားမှာ မဟုတ်ကြောင်း ပြောပါတယ်။
Hatay ပြည်နယ်မှာတင် ငလျင်ကြောင့် သေဆုံးရသူ ၃,၃၀၀ ကျော် ရှိနေတာပါ။ တူရကီနိုင်ငံမှာ လူပေါင်း ၁၇,၀၀၀ ကျော် သေဆုံးခဲ့ရသလို ဒဏ်ရာရသူက ၆၃,၀၀၀ ရှိနေတယ်လို့ တူရကီအာဏာပိုင်တွေက ပြောပါတယ်။ ဆီးရီးယားဘက်မှာတော့ သေဆုံးသူက ၃,၁၀၀ ရှိနေတယ်လို့ ဆီးရီးယားအစိုးရနဲ့ ကူညီကယ်ဆယ်သူတွေက ပြောပါတယ်။
အခုကြံုခဲ့ရတဲ့ ငလျင်ဟာ ဂျပန်နိုင်ငံ မှာ ၂၀၁၁ တုန်းက ငလျင်နဲ့ ဆူနာမိရေလှိုင်း ဒဏ်ခံခဲ့ရတဲ့ လူပေါင်း ၂ သောင်းနီးပါး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ပြီးကတည်းက ကမ္ဘာမှာ အသေအပျောက် အများဆုံး ဖြစ်ရပ်တခု ဖြစ်ပါတယ်။
တူရကီသမ္မတ Erdogan ကတော့ နိုင်ငံတော် အောက်မေ့ဖွယ်နေ့အဖြစ် ရ ရက် ပြုလုပ်မှာဖြစ်ကြောင်းနဲ့ ငလျင်ဒဏ်သင့် ပြည်နယ် ၁၀ ခုအတွက် အရေးပေါ်အခြေနေ ၃ လ ကြေညာထားပါတယ်။