သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတလွှား လွတ်လပ်မှုသတ်မှတ်ချက် မြန်မာကျဆင်း

Freedom House Report 2023
Freedom House Report 2023

ကမ္ဘာတလွှား လွတ်လပ်မှုသတ်မှတ်ချက် မြန်မာကျဆင်း

မြန်မာနိုင်ငံဟာ ကမ္ဘာတလွှား လွတ်လပ်မှုသတ်မှတ်ချက် အမှတ် ၁၀၀ မှာ ၉ မှတ်ပဲရှိတဲ့ လွတ်လပ်မှု မရှိတဲ့နိုင်ငံဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Freedom House လူ့အခွင့်ရေးအဖွဲ့ကြီးရဲ့ ၂၀၂၃ အတွက် ထုတ်ပြန်တဲ့ ကမ္ဘာတလွှား လွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မနှစ်ကတော့ မြန်မာနိုင်ငံဟာ ပေးထားတဲ့အမှတ် ၁၀၀ မှာ ၁၂ မှတ်ပဲ ရထားတာပါ။

ဒီမိုကရေစီ အသွင်ကူးပြောင်းခါစ မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖေါ်ဝါရီက စစ်တပ်က အာဏာသိမ်းခဲ့ပြီး အတိုက်အခံတွေကို ဖမ်းဆီးခဲ့တဲ့ အပြင် သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက်တာ၊ ဖမ်းဆီးတာတွေကို အခုအချိန်အထိ ဆက်လက် လုပ်ဆောင်နေတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

အင်တာနက် လွတ်လပ်ခွင့်ကို ကြည့်ရင်လည်း အမှတ် ၁၀၀ မှာ ၁၂ မှတ်သာ ရှိပြီး လွတ်လပ်ခွင့်မရှိတဲ့ စာရင်းမှာ ထည့်သွင်းထားပါတယ်။ မြန်မာနိုင်ငံရဲ့ အင်တာနက် လွတ်လပ်ခွင့်ဟာ မနှစ်ကလည်း အမှတ် ၁၇ မှတ်နဲ့ လွတ်လပ်ခွင့်မရှိဘူးလို့ သတ်မှတ်တာ ခံထားရတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်ကိုဆန့်ကျင်တဲ့ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေး အတိုက်အခံတွေအပြင် လက်နက်ကိုင် တွန်းလှန်နေသူ အများအပြား ပေါ်ထွက်လာခဲ့တာဖြစ်ပြီး စစ်တပ်ကလည်း အင်တာနက်ပိတ်ပင် ကန့်သတ်မှုတွေကို ၂၀၂၁ အစောပိုင်းကတည်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့သလို၊ အတိုက်အခံတွေများတဲ့ ဒေသတွေမှာ ခုချိန်ထိ သီးခြား ကန့်သတ်မှုတွေ ပြင်းပြင်းထန်ထန် ဆက်လုပ်နေတာ ဖြစ်ပါတယ်။ ပြည်တွင်းက အင်တာနက်သုံးစွဲသူ အများစုဟာ အစိုးရခွင့်ပြုတဲ့ ဝဘ်ဆိုက် ၁၂၀၀ လောက်ကိုပဲ ကြည့်ခွင့်ရနေတာပါ။ စစ်တပ်ကို မိုဘိုင်းဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို တိုက်ရိုက် ထိန်းချုပ်မှုတွေ၊ စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်နေတယ် လို့ ဖေါ်ပြထားပါတယ်။

ကမ္ဘာတလွှား လွတ်လပ်ခွင့်တွေ ဆက်တိုက်ကျဆင်းနေတာ ၁၇ နှစ်ရှိပြီဖြစ်ပြီး အစိုးရိမ်ရဆုံးက သတင်းလွတ်လပ်ခွင့်ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ သတင်းသမားတွေ လုံလောက်တဲ့ ကာကွယ်မှု မရတာ၊ အခြိမ်းခြောက်ခံရတာ အကြမ်းဖက်ခံရတာတွေကြောင့် နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ထိခိုက်နေပြီး၊ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီနဲ့ အာဏာသိမ်းတာကို ဝေဖန်လို့ အသတ်ခံရသူတွေပါ ရှိနေတယ်လို့ အစီရင်ခံစာ ပူးတွဲရေးသားသူ Yana Gorokhovskaia က ပြောပါတယ်။

ကမ္ဘာတလွှား လွတ်လပ်မှုသတ်မှတ်ချက် မြန်မာကျဆင်း
please wait

No media source currently available

0:00 0:01:56 0:00
တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===







This item is part of
XS
SM
MD
LG