ဥတုရာသီပြောင်းလဲမှုအရေး အများကိုအသိပညာပေးတဲ့အနေနဲ့ Ultima Generazione လို့ခေါ်တဲ့ "နောက်ဆုံးမျိုးဆက်"အဖွဲ့ရဲ့ ဥတုရာသီအရေးလှုပ်ရှားတွေဟာ မီလန်မြို့ Duomo ရင်ပြင်မှာရှိတဲ့ အီတလီဘုရင် ဒုတိယ Vittorio Emanuele ရဲ့ ရုပ်တုကို အဝါရောင်ဆေးရေတွေနဲ့ ပက်ဖြန်းခဲ့ပါတယ်။ အဖွဲ့ဝင်၂ဦးကို ရဲကဖမ်းဆီးခေါ်ဆောင်သွားချိန်မှာပဲ အီတလီနိုင်ငံဟာ ရုပ်ကြွင်းလောင်စာကဏ္ဍမှာ ဆက်လက်ရင်းနှီးမြှုပ်နှံတာတွေလုပ်နေတုန်းပဲလို့ တဦးကအော်ဟစ်ပြောဆိုသွားပါတယ်။
မနှစ်ကလည်း အဲဒီအဖွဲ့က လှုပ်ရှားတက်ကြွသူတချို့ မီလန်မြို့က La Scala အော်ပရာခန်းမရဲ့ အဝင်ဝကို ဆေးရောင်တွေ ဖြန်းခဲ့ပြီး၊ ပြင်သစ်က အဖွဲ့ဝင်တချို့နဲ့ပူးပေါင်းကာ Mont Blanc လှိုဏ်ခေါင်းကိုလည်း ပိတ်ဆို့တားဆီးတာတွေပြုလုပ်ခဲ့ဖူးပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို