သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ရုရှား တာဝန်ယူမှု ဝိုင်းဝန်းဝေဖန်


 Sergei Vershinin
Sergei Vershinin

ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတ Vladimir Putin အစိုးရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် စယူတဲ့သတင်းက April Fool ဟာသ လုပ်တဲ့သတင်း မဟုတ်ပါဘူး။

တကယ်မဟုတ်တဲ့ အကြောင်းအရာတခုကို ဟာသနှော အရူးလုပ်လေ့ရှိကြတဲ့ ဒီနေ့ ဧပြီ ၁ ရက်နေ့မှာပဲ တိုက်တိုက်ဆိုက်ဆိုင် လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ တာဝန် တစ်လတာ စယူတဲ့ ရုရှားကို ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးသမားတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာပါ။

ယူကရိန်းကို ရုရှား ကျုးကျော်စစ် ၁ နှစ်ကျော်လာတဲ့ အချိန်၊ ICC ရာဇဝတ်ခုံရုံးမှာလည်း သမ္မတပူတင် ဖမ်းဝရမ်း ထုတ်ခံထားရသလို၊ အိမ်နီးချင်း Belarus နိုင်ငံမှာ နျူကလီယားလက်နက်တွေ ချထားဖို့ ပြင်နေတဲ့ ရုရှားအနေနဲ့ ကုလသမဂ္ဂရဲ့ သြဇာအာဏာ အရှိဆုံး လုံခြုံရေးကောင်စီကို ဘယ်လို ထိန်းကြောင်းမှာလဲလို့ ဝေဖန်သူတွေက မေးခွန်းထုတ်နေကြတာပါ။

စစ်ရာဇဝတ်ကောင်က ကုလလုံခြုံရေးကောင်စီကို ဦးဆောင်လို့ ဖြစ်ပါ့မလားလို့ ဥရောပပါလီမန်ရဲ့ Lithuania နိုင်ငံဆိုင်ရာ အမတ် Andrius Kubilius က ဒီသီတင်းပတ်ထဲမှာပဲ ဥရောပပါလီမန်မှာ ပြောခဲ့ပါတယ်။ ယူကရိန်း ကလေးငယ်တွေကို တရားမဝင် အဓမ္မ ပြောင်းရွှေ့ခေါ်ဆောင်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲပြီး သမ္မတပူတင်ကို စစ်ရာဇဝတ်မှု ကျူးလွန်မှုနဲ့ ICC တရားရုံးက မတ်လ ၁၇ ရက်နေ့ကပဲ ဖမ်းဝရမ်း ထုတ်ထားခဲ့တာပါ။

ကမ္ဘာမှာ စစ်ရေးအရ အရေးယူမှုတွေပါ လုပ်နိုင်တဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံပါ သြဇာအရှိန်အဝါရှိတဲ့ လုံခြုံရေးကောင်စီကို ဦးဆောင်မယ့် ရုရှားအနေနဲ့ သူ့ရဲ့ ယူကရိန်းစစ်ပွဲအကြောင်းပြချက်တွေ အတင်းသွတ်သွင်းဖို့ ကြိုးစားလာရင်တော့၊ အကြီးအကျယ် ပြန်ချေပတာ ခံရလိမ့်မယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ ICG ရဲ့ ကုလဆိုင်ရာ ညွှန်ကြားရေးမှူး Richard Gowan ကလည်း ထောက်ပြ ပြောဆိုပါတယ်။

=== Unicode ====






XS
SM
MD
LG