သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် အရေးပေါ်ကာလ WHO ရုတ်သိမ်းတော့မည်


German Health Minister Lauterbach and Director-General of the WHO Dr. Adhanom Ghebreyesus meet in Geneva
German Health Minister Lauterbach and Director-General of the WHO Dr. Adhanom Ghebreyesus meet in Geneva

=== [[ ZAWGYI ]] ===

ကိုဗစ် အရေးပေါ်ကာလ WHO ရုတ်သိမ်းတော့မည်

၂၀၂၃ ခုနှစ်ထဲမှာ COVID-19 ကပ်‌ရောဂါကို အရေးအပေါ် အခြေအနေကနေ ရုတ်သိမ်းသွားဖို့ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ဧပြီလ (၆) ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဒီနှစ် ဘယ်လပိုင်းမှာလဲ ဆိုတာတော့ အချိန်အတိအကျ မပြောသေးပါဘူး။

“ဒီနှစ်ထဲမှာ ပြန်လည် ရုတ်သိမ်းနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သုံးလတစ်ကြိမ်လုပ်တဲ့ အရေးပေါ်ကော်မတီ အစည်းအဝေးက လာမယ့် မေလဆန်းလောက်မှာ ဖြစ်မယ်။ အဲ့ဒီမှာ COVID-19 အတွက် သီးသန့် အရေးပေါ် ကော်မတီ အစည်းအဝေးလုပ်မှာပါ။” လို့ Tedros တက်ဒရို့စ်က ပြောပါတယ်။

ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီဟာ COVID-19 ကို မူလ အကဲဖြတ်ပြီးနောက် ၃ နှစ်ကျော်ကြာတဲ့အထိ နိုင်ငံတကာအတွက် စိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ထားတာပါ။

COVID-19 ရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်ပြီးလည်း ယူဆချက်အားလုံးကို ထည့်သွင်း စဉ်းစားနေပြီး တရုတ်နိုင်ငံကိုလည်း အချက်အလက်တွေ ပိုမို မျှဝေပေးဖို့ ထပ်ခါတလဲလဲ မေတ္တာရပ်ခံခဲ့တဲ့အကြောင်း ဂျီနီဗာမှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တက်ဒရို့စ်က ပြောပါတယ်။

ဗိုင်းရပ်စ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ပြီး ဈေးရုံ အသားတန်း တခုက စတင်ခဲ့ဖွယ်ရှိတယ်လို့ အများအပြားက ယူဆထားကြတာပါ။ ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့တဲ့ ဒီရောဂါကြောင့် လူပေါင်း ၇ သန်းနီးပါး သေဆုံးခဲ့ရပါတယ်။

COVID ကပ်ရောဂါ အစောပိုင်း ကာလတွေတုန်းက တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေက အချက်အလက် သိုမှီးတဲ့ ဒေတာဘေ့စ်ထဲမှာ ထည့်သွင်းတဲ့ ဒေတာတွေအရ ရောဂါ ဇစ်မြစ်ဆိုင်ရာ အချက်အလက်တွေပါပြီး raccoon လို့ခေါ်တဲ့ တိရစ္ဆာန် အမျိုးအစား အကောင်တွေကနေတဆင့် လူတွေကိုကူးစက်ခဲ့တာ ဖြစ်ဖွယ်ရှိတယ်ဆိုတဲ့ အချက် ပါကြောင်း နိုင်ငံတကာသုတေသီတွေက ပြောပါတယ်။

WHO ရဲ့ COVID-19 ဆိုင်ရာ နည်းပညာပိုင်း ဦးဆောင်သူ ဒေါက်တာ မယ်ရီဗန်ခါခိုဗာ Maria Van Kerkhove က တရုတ်နိုင်ငံက နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ ရောဂါ မူလဇစ်မြစ်နဲ့ပတ်သက်ပြီး သဲလွန်စတချို့ သိခဲ့ရပေမယ့် အဖြေအတိအကျတော့ မရသေးဘူးလို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ်ထဲက အစောဆုံး ရောဂါဖြစ်စဉ်တွေကို WHO အနေနဲ့ သိပ္ပံပညာရှင်တွေနဲ့အတူ ပူးပေါင်းလေ့လာ နေတယ်လို့ ဆိုပါတယ်။ လိုအပ်တဲ့ သုတေသနအချို့ကို တရုတ်နိုင်ငံမှာ လုပ်ဆောင်ခဲ့တာ ရှိ၊မရှိလည်း WHO က မသိသေးဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===









XS
SM
MD
LG