သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် "အမျိုးသမီး အသံ" ထုတ်လွှင့်ခွင့် ပြန်ရ


Taliban shut down Radio Sadai-e- Banowan or Voice of Women in Badakhshan province over alleged airing music.
Taliban shut down Radio Sadai-e- Banowan or Voice of Women in Badakhshan province over alleged airing music.

=== [[ ZAWGYI ]] ===

အာဖဂန် "အမျိုးသမီး အသံ" ထုတ်လွှင့်ခွင့် ပြန်ရ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းက အမျိုးသမီးတွေ ဦးစီး လုပ်ကိုင်တဲ့ ရေဒီယိုအသံလွှင့်ဌာန တခုဟာ ထုတ်လွှင့်မှုတွေ ပြန်လည် စတင် နိုင်ခဲ့ပါတယ်။ ဒေသ ဘာသာစကား ဒါရီ လို “ဆာဒိုင်း ဘာနာဝမ် - အမျိုးသမီး အသံ” လို့ အမည်ရတဲ့ အဲဒီ ရေဒီယိုလိုင်းဟာ မွတ်ဆလင် ဝါတွင်း ဥပုသ်လမှာ သီချင်းထုတ်လွှင့်ခဲ့လို့ တာလီဘန်အာဏာပိုင်တွေက သီတင်းတစ်ပတ်ကြာ ပိတ်ခဲ့တာပါ။ သောကြာနေ့မှာတော့ ထုတ်လွှင့်မှုတွေ ပြန်လည်စတင်ကြောင်း တာလီဘန်အရာရှိ တဦးက ပြောသလို အသံလွှင့်ဌာနရဲ့ အကြီးအကဲကလည်း အတည်ပြုပါတယ်။

ဒီရေဒီယိုဌာနက ဘဒါရှန် ပြည်နယ်မှာ အသံလွှင့်နေတာ ၁၀ နှစ် ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့ တခုတည်းသော အမျိုးသမီးအသံလွှင့်ဌာန ဖြစ်ပါတယ်။ အဲဒီမှာ ဝန်ထမ်း ၈ ဦး ရှိတဲ့ အနက် ၆ ဦးက အမျိုးသမီးတွေပါ။

တာလီဘန်က ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ကို လိုက်နာပြီး ဘယ်လို တေးဂီတမျိုးမဆို ထုတ်လွှင့်တာမျိုး မလုပ်ဖို့ သဘောတူခဲ့လို့ အသံလွှင့်ဌာနကို ပြန်လည် ဖွင့်ခွင့်ပေးခဲ့တဲ့ အကြောင်း
ဘဒါရှန် ပြည်နယ်မှာ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ဒါရိုက်တာ မူဇူဒင် အာမက်ဒီက ပြောပါတယ်။

သတင်းထောက်တွေ ဘေးကင်းရေးနဲ့ သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ပေးတဲ့ အာဖဂန် သတင်းထောက်များ ဘေးကင်းရေး ကော်မတီက ထုတ်လွှင့်မှု ပြန်လည်စတင်တာကို ကြိုဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အာဖဂန်ကို တာလီဘန်တို့ တကျော့ ပြန် သိမ်းပိုက်ပြီးနောက် သတင်းသမား အများအပြား အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ရန်ပုံငွေ နည်းပါးတာ၊ သတင်းထောက်တွေ နိုင်ငံကနေ ထွက်ခွာသွားကြတာတွေကြောင့် မီဒီယာတိုက်တွေ ပိတ်ထားရကြောင်း အာဖဂန် လွတ်လပ်တဲ့ သတင်းထောက်များအသင်းကနေ ဆိုပါတယ်။

တာလီဘန်တွေဟာ အမျိုးသမီးတွေကို အလုပ်အကိုင် အများစုမှာ ပိတ်ပင်ထားသလို တက္ကသိုလ်အပါအဝင် ဆဋ္ဌမတန်း အထက် ပညာသင်ကြားခွင့်လည်း မပြုပါဘူး။ ဂီတကို တရားဝင် ပိတ်ပင်ထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်း တာလီဘန်တွေ အုပ်ချုပ်တုန်းက နိုင်ငံတဝန်းမှာ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ သတင်းစာအများစုကို ပိတ်ပင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG