သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းတွေလုံခြုံမှုရှိရေး ရိုဟင်ဂျာတွေတောင်းဆို


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ရေကြီးမြေပြိုမှုကြောင့် ရိုဟင်ဂျာ ၆ ဦးသေဆုံး
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ရေကြီးမြေပြိုမှုကြောင့် ရိုဟင်ဂျာ ၆ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ ရိုဟင်ဂျာဒုက္ခသည်တွေ ဖမ်းဆီး၊ သတ်ဖြတ်ခံရနေရတာကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက လုံခြုံရေးအထူးအစီအမံတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးပါလို့ ဒုက္ခသည်တွေက မေတ္တာရပ်ခံတောင်းဆိုနေပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ လုံခြုံမှုကင်းမဲ့ လာနေတာနဲ့ လူကုန်ကူးပွဲစားတွေ တိုးလာနေတဲ့အပေါ် ရိုဟင်ဂျာတို့ စိုးရိမ်ချက်တွေကို စုစည်းပြီး မဆုမွန် တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ ရိုဟင်ဂျာဒုက္ခသည်တွေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက လုံခြုံရေးအထူးအစီအမံတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးပါလို့ ဒုက္ခသည်တွေက မေတ္တာရပ်ခံတောင်းဆိုနေပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ လုံခြုံမှုကင်းမဲ့ လာနေတာနဲ့ လူကုန်ကူးပွဲစားတွေ တိုးလာနေတဲ့အပေါ် ရိုဟင်ဂျာတို့ စိုးရိမ်ချက်တွေကို စုစည်းပြီး မဆုမွန် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ ဒီလပိုင်းအတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တချို့ ဖမ်းဆီးခံရတာ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေများလာနေတာပါ။ ရိုဟင်ဂျာစခန်းတွေထဲမှာ ARSA အစွန်းရောက်အဖွဲ့ကလည်း ပစ်မှတ်ထား သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ Ramadan ဥပုသ်ကာလမှာ ဒုက္ခသည်စခန်းထဲမှာပဲ အိမ်အပြန်လမ်းခရီးမှာ ရိုဟင်ဂျာဒုက္ခသည်တဦးကို အမည်မသိလူအုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရပြီးနောက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က အပူတပြင်း လိုက်လံရှာဖွေခဲ့လို့ အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဘေးကင်းလုံခြုံတဲ့နေရာကို ရွှေ့ပြောင်းနေရာချထားပေးခဲ့ရပါတယ်။

ဒီလို ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းတွေထဲ အကြမ်းဖက် အသတ်ဖြတ်ခံရမှုတွေ ခပ်စိတ်စိတ်များလာနေတဲ့ အခြေအနေအပေါ် ရိုဟင်ဂျာဒုက္ခသည်တွေကြား အသက်အန္တရာယ် စိုးရိမ်မှုတွေနဲ့ စိုးရိမ်ပူပင်မှုတွေ ပိုတိုးလာနေပါတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ ပြီးခဲ့တဲ့နှစ်ကထက်ကို ပိုပြီးတော့ လုပ်ကြံသတ်ဖြတ်ခံရမှုတွေ ပိုတိုးလာနေတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ ၂၀၂၃ ခုနှစ် နှစ်စကစလို့ ကမ့်တွေထဲ လုံခြုံရေးအခြေအနေဟာ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ဖြစ်နေပြီး အိမ်မှာနေရင်းကို အသတ်ခံရတဲ့အထိ ရန်ပြုခံရမှာကို စိုးရိမ်နေကြရတယ်လို့ အမည်မဖော်လိုသူ ရိုဟင်ဂျာဒုက္ခသည်တဦးက ပြောပါတယ်။

“ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွေရဲ့ အခြေအနေက တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်နေတာကို တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ်ကစလို့ သုံးလအတွင်းမှာကို စခန်းခေါင်းဆောင်အပါအဝင် အသတ်ဖြတ်ခံရသူပေါင်းက (၁၇) ဦးအထိ သတ်ဖြတ်ခံရတာကို တွေ့မြင်ရပါတယ်ခင်ဗျ။ လက်နက်ကိုင်တွေကြောင့် ဒုက္ခသည်တွေမှာ စိုးရိမ်စိတ်သောကစိတ်တွေနဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်ခင်ဗျ။ အထူးသဖြင့် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားတဲ့သူတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် စခန်းတာဝန်တွေကို တာဝန်ထမ်းဆောင်နေသောရိုဟင်ဂျာခေါင်းဆောင်တွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်နေတာ တွေ့ရပါတယ်။ သူတို့ကို ရှင်းလင်းဖယ်ရှားမှု အမြန်ဆုံးမလုပ်ဘူးဆိုရင် ရိုဟင်ဂျာအများအပြား နောက်ထပ်သေဆုံးနိုင်တာကို တွေ့မြင်ရပါတယ်ခင်ဗျ။”

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လက်ရှိလုံခြုံရေးအခြေအနေနဲ့ အသက်အန္တရာယ် စိုးရိမ်ရလောက်အထိ ရင်ဆိုင်နေရတဲ့အတွက် နိုင်ငံတကာက ရိုဟင်ဂျာတွေအတွက် အထူးလုံခြုံရေး ရယူပေးဖို့ အရေးပေါ်လိုအပ်တယ်လို့ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည် နောက်တယောက်က ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“လုံခြုံရေးအခြေအနေက တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်ပြီး စိုးရိမ်စရာကောင်းတယ်။ အကြမ်းဖက်သမား အဖျက်သမားတွေကလည်း တော်တော်များလာနေတယ်။ အခုဆိုရင် ကျနော်တို့က ဘယ်သူ့ကိုမှ မယုံနိုင်ဘူး ဖြစ်နေတယ်။”

မဆုမွန် ။ ။ ဟုတ်ကဲ့ အဲ့တော့ စခန်းတွင်း လုံခြုံရေး အခြေအနေက ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း ဥပုသ်စောင့်ပြီးအပြန် အဖမ်းခံရတာရှိတယ် နောက် အိမ်မှာနေနေပြီးတော့လည်း လုံခြုံရေးကလည်း စိုးရိမ်ရတယ်ဆိုတော့ ဒီကမ့်တွေထဲက လုံခြုံရေးတွေကို ဘာတွေ တင်းတင်းကျပ်ကျပ် ဆက်ပြီးလုပ်ပေးဖို့ လိုအပ်မယ်လို့ ထင်လဲ။ ဘင်္ဂလားဒေ့ရှ်အစိုးရကရော ကမ့်တာဝန်ခံတွေကရောလေ။

“ဟုတ်ကဲ့ အခုက ဘင်္ဂလားဒေ့ရှ်အစိုးရက မနိုင်တော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက အကြမ်းဖက်အဖျက်သမားတွေက တော်တော်လေးကို များနေပြီ။ အဲ့တာကြောင့် အခုဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့ကို မနိုင်ဘူး ဖြစ်နေတယ်။ တကယ့်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီ။ အဲ့ဒါကြောင့် ဖြစ်နိုင်ရင် နိုင်ငံတကာ လုံခြုံရေးကိုပါ လိုချင်တယ်။”

မဆုမွန် ။ ။ ဟုတ်ကဲ့။ အဲ့ဒါကို ကုလသမဂ္ဂနဲ့ UNHCR နဲ့ အဲ့ဒီ့မှာ ရှိနေကြတဲ့ NGO တွေ INGO အဖွဲ့တွေကရော သိထားကြလားရှင့် ဒီ့လောက်အထိ လုံခြုံရေးအခြေအနေ စိုးရိမ်ဖို့ကောင်းတယ်ဆိုတာလေ။

“ဟုတ်ပါတယ်။ နိုင်ငံတကာကနေ ဒီဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးယူကိုယူရမှာ။ အဲ့လိုလုပ်မှ ကျနော်တို့ ဒီကမ့်တွေထဲက အခြေအနေကို ထိန်းလို့ရမှာ နို့မဟုတ်ရင် ကမ့်အခြေအနေကို ထိန်းလို့မရဘူး။”

မဆုမွန် ။ ။ ဟုတ်ပြီ အဲ့ဒီ့တော့ အဓိက ဘာတွေ လုပ်ပေးစေချင်လဲ။ လုံခြုံရေးအခြေအနေပိုပြီးတော့မှ ကောင်းအောင် လုပ်ပေးဖို့ဆိုရင် ကမ့်တွေထဲမှ ဘာတွေကို စနစ်တကျပိုလုပ်ပေးချင်ပါလဲရှင့်။

“လောလောဆယ် ကျနော်တို့အတွက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရကမ့်ထဲမှာ လုံခြုံရေးတာဝန်ယူပေးထားတာ ရှိတယ်။ ဒါပေမဲ့ ဒီအင်အားလောက်နဲ့ ကမ့်ထဲက လုံခြုံရေးအခြေအနေကို ထိန်းချုပ်လို့မရဘူး တကယ်ဖြစ်လာရင်။ အဲ့တာကြောင့် နိုင်ငံတကာ အင်တာပိုလ်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ကမ့်ကိုတာဝန်ယူမှာ ကျနော်တို့တွေ နေရတာ လုံခြုံအေးချမ်းမှာပါ။"

အသက်အန္တရာယ်လုံခြုံရေး အတွက်ပါ အထူးစိုးရိမ်စရာဖြစ်လာနေတဲ့အခြေအနေမှာ ရိုဟင်ဂျာတွေဟာ သူတို့ ဘဝရေရှည် နေထိုင်ရပ်တည်ရေးနဲ့ အနာဂတ်အတွက် အာမခံချက် မရှိတာရယ် အခုဆိုရင် နည်းလမ်းပေါင်းစုံသုံးပြီး နေရပ်ကနေ စွန့်ခွာထွက်ပြေးဖို့ ကြိုးစားလာနေကြပါတယ်။ လမ်းခရီးမှာ အဖမ်းဆီးခံရ ပင်လယ်ထဲ အသက်ဆုံးရတဲ့ အခြေအနေတွေနဲ့ပါ ရင်ဆိုင်လာနေကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

“နောက်တခု ကျနော်တို့ပြဿနာတက်တာက ကမ့်တိုင်းလိုလိုမှာ ပွဲစားတွေက တော်တော်များနေပြီ ဒီမှာ။ အပြင်က ပွဲစားတွေကရော ကမ့်ထဲက ပွဲစားတွေကရော ရိုဟင်ဂျာဒုက္ခသည်တွေကို တခြားနိုင်ငံတွေဆီကို ပို့ပေးတယ်။ လူကုန်ကူးမှုက တော်တော်လေး ကမ့်တွေထဲက များလာနေတယ် အဲ့တာကိုလည်း ဘယ်လိုမှ Control ထိန်းချုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့အတွက် လုံခြုံရေးအခြေအနေက တော်တော်လေးကို အားနည်းချက်ရှိလို့။ လုံခြုံရေးအတွက် အားနည်းချက်အကြီးဆုံးတခုက အပြည့်အဝ တာဝန်ယူနိုင်မှု မရှိတာပဲ။ ဒါကြောင့် လူတွေက ထွက်ပြေးချင်လာတော့ ပွဲစားတွေကနေ တဆင့်ဆက်သွယ်တယ် သူတို့က တခြားနိုင်ငံတွေဆီကို ပို့ပေးမယ်ပြောတယ်။ အဲ့ဒီ့မှာတင် လမ်းတဝက်တပျက်မှာ သေတဲ့သူတွေက သေကုန်တယ် ထောင်ကျတဲ့သူတွေက ထောင်ကျကုန်တယ်။ နောက် တချို့ လူအုပ်စုလိုက်ကြီး မလေးရှားတိုင်း ထိုင်းတို့ဘက်တွေအထိ ရောက်ကုန်တယ်။ အဲ့တာကြောင့် ကျနော်တို့ ဒုက္ခသည်စခန်းအခြေအနေက လုံခြုံရေးစိုးရိမ်ရ- ထွက်ပြေးတဲ့သူကလည်း ထွက်ပြေးနဲ့ တော်တော်လေး ဖရိုဖရဲဖြစ်နေပြီ။ အဲ့တာကြောင့် နိုင်ငံတကာကနေ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့အတွက် လုံခြုံရေးတာဝန်ယူမှသာ အေးချမ်းမှာပါ။ မဟုတ်ရင်တော့ လုံးဝကို လုံခြုံရေးက စိတ်ချလို့မရဘူးဖြစ်ပါပြီ။”

လတ်တလောမှာတော့ သိန်းချီတဲ့ရိုဟင်ဂျာတို့ အိမ်ပြန်နိုင်ရေး အခြေအနေကတော့ ကုလသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုတွေအရ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အပြီး အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဘက်ခြမ်းကို ဟိန္ဒူတွေအပါအဝင် ရိုဟင်ဂျာ ၁၀၀၀ ကို နေရပ်ပြန်လက်ခံဖို့ မြန်မာစစ်ကောင်စီက စီစဉ်နေပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်ကလည်း အခုလို နေရပ်ပြန်ရေးရှေ့ပြေးအစီအစဉ်အပေါ် မယုံကြည်ကြတဲ့အခြေအနေမို့ ကမ့်ထဲမှာလည်း လုံခြုံရေးစိုးရိမ်ရ-ပြည်ပကိုထွက်ခွာရင်လည်း အန္တရာယ်တွေနဲ့ ကြုံတွေ့နေရတဲ့အခြေနေ မရေရာမှုတွေနဲ့နေထိုင်နေ ရတယ်လို့ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။

===== Unicode ======



















XS
SM
MD
LG