No media source currently available
မြန်မာနိုင်ငံက ‘ဝ’ ဒေသမှာ သံဖြူထုတ်လုပ်မှုတွေ ဆိုင်းငံ့မယ့် သတင်းကြောင့် ကမ္ဘာ့ဈေးကွက်မှာ ရိုက်ခတ်နေပါတယ်။ တနင်္လာနေ့က လန်ဒန်ဈေးကွက်မှာ သံဖြူဈေးဟာ ဖေဖော်ဝါရီလနှောင်းပိုင်းကစလို့ အမြင့်ဆုံးအဖြစ် ၉.၂ ရာခိုင်နှုန်းကျော် တက်ခဲ့ပြီး တတန်ကို ဒေါ်လာ ၂၇,၀၀၀ ကျော်အထိ ဈေးပေါက်ခဲ့ပါတယ်။