နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေ တိုက်ပွဲများကြောင့် ခါတွန်က ထွက်ခွာနေကြတာပါ။ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့အကြား အာဏာလုနေတဲ့ ဆူဒန်နိုင်ငံခါတွန်မြို့တိုက်ပွဲတွေကြောင့် နိုင်ငံတကာက သူ့နိုင်ငံသားတွေကို ဆူဒန်ကနေ ခေါ်ထုတ်နေသလို ဒေသခံတွေလည်း ရတဲ့နည်းလမ်းတွေနဲ့ ခါတွန် မြို့တော်ကနေ ထွက်ခွာနေကြပါတယ်။ မြို့မှာ ကျန်ခဲ့တဲ့ သူတွေ စားဝတ်နေရေးအခက်အခဲ ဖြစ်နေပြီး နေ့စဉ်အခြေခံစားသောက်စရာနဲ့ သောက်ရေရဖို့ ခက်ခဲနေပါတယ်။
ခါတွန်မှ ထွက်ခွာခြင်း

၅
ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့များက ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာတော့ ခါတွန်လေဆိပ်မှာ ရပ်နားထားတဲ့ ပြင်သစ်စစ်လေယာဉ်ပေါ်မှာ လိုက်ပါမယ့်သူတွေရဲ့ ပစ္စည်းတွေကို စစ်သားတွေက တင်ဆောင်ပေးနေတာပါ။(ဧပြီ ၂၃၊ ၂၀၂၃)

၆
ဆူဒန်နိုင်ငံ၊ ခါတွန်မြို့တော်ကနေ စပိန်သံဝန်ထမ်းတွေ၊ စပိန်နိုင်ငံသားတွေကို တင်ဆောင်ပြီး ထွက်ခွာမယ့် လေယာဉ်ကို စပိန် စစ်လေယာဉ်တွေခြံရံပြီး လေယာဉ်ပြေးလမ်းမှာ တွေ့ရတာပါ။ (ဧပြီ ၂၃၊ ၂၀၂၃)

၇
ပြင်သစ်သမ္မတ Emmanuel Macron အီမန်နျူရယ် မက်ခရွန် သူ့ရဲ့ တွစ်တာလူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံပါ။ ရက်စွဲတပ်မထားတဲ့ ဒီပုံမှာ ဆူဒန်ကနေ နိုင်ငံခြားသားတွေကို ပြင်သစ်လေတပ် လေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်တာကို တွေ့ရပါတယ်။ (ဧပြီ ၂၃၊ ၂၀၂၃)

၈
ဆူဒန်နိုင်ငံက ထွက်ခွာမယ့်သူတွေကို ဆော်ဒီရေတပ်အရာရှိတွေ သင်္ဘောပေါ်ကနေ ဆီးကြိုခဲ့ပါတယ်။ ဆော်ဒီအာရေးဘီးယားနိုင်ငံက သူ့နိုင်ငံသားတွေအပါအဝင် ဆူဒန်မှာရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို ဆောဒီရေတပ်သင်္ဘောကြီးနဲ့ လာရောက်ခေါ်ဆောင်သွားခဲ့တာပါ။ (ဧပြီ ၂၂၊ ၂၀၂၃)