သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်


ဆူဒန်နိုင်ငံ ခါတွန်မြို့တော် ဒိုဟာနိုင်ငံတကာဆေးရုံအနီး မီးခိုးတွေထွက်နေတာကို အဝေးကမြင်တွေ့ရစဉ် (ဧပြီ ၂၁၊ ၂၀၂၃)
ဆူဒန်နိုင်ငံ ခါတွန်မြို့တော် ဒိုဟာနိုင်ငံတကာဆေးရုံအနီး မီးခိုးတွေထွက်နေတာကို အဝေးကမြင်တွေ့ရစဉ် (ဧပြီ ၂၁၊ ၂၀၂၃)

ပြည်တွင်းစစ် ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ ဆူဒန်နိုင်ငံမှာ နှစ်ဘက် တိုက်ခိုက်နေတဲ့ အဖွဲ့တွေကြား ၃ ရက်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဒီကနေ့ စတင်ပါတယ်။ ခိုင်မြဲတဲ့ အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့ ကုလသမဂ္ဂ ကြားဝင် ကြိုးပမ်းနေတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ပြောဆိုသွားပါတယ်။

“တင်းမာမှုတွေ လျှော့ချပြီး စေ့စပ်ညှိနှိုင်းမှုတွေ ပြန်လုပ်ဖို့ အတွက် ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့တွေနဲ့ မပြတ် ဆက်သွယ် ဆောင်ရွက်နေပါတယ်။ ယာယီမဟုတ်ဘဲ၊ ခိုင်မြဲတဲ့ အပစ်အခတ် ရပ်စဲရေး အမြန်ဆုံး ရရှိဖို့ ကျနော်တို့ ဆက်ပြီး အားထုတ် ကြိုးပမ်းသွားပါမယ်” လို့ အတွင်းရေးမှူးချုပ် Antonio Guterres ကပြောဆိုသွားတာပါ။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်တဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးအတွင်းတွေ့ရတဲ့ ကုလအတွင်းရေးမှူးချုပ် Antonio Gutterres (ဧပြီ ၂၄၊ ၂၀၂၃)
နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်တဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးအတွင်းတွေ့ရတဲ့ ကုလအတွင်းရေးမှူးချုပ် Antonio Gutterres (ဧပြီ ၂၄၊ ၂၀၂၃)

ဆူဒန် အစိုးရစစ်တပ်နဲ့ လက်နက်ကိုင် ပြည်သူ့စစ်တွေကြား ကုလသမဂ္ဂက ကြားဝင် ညှိနှိုင်းမှုတွေ အပြင်းအထန် အားစိုက်လုပ်ခဲ့ရပြီးတဲ့နောက် ဒီကနေ့ စတင်တဲ့ ၃ ရက်ကြာ အပစ်ရပ်စဲရေးကို နှစ်ဘက်လုံးက လိုက်နာမယ့်အကြောင်း ကတိပြုထားပါတယ်။ ဆူဒန်နိုင်ငံမှာ ဒီလ ၁၅ ရက်နေ့က စလို့ တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၄၂၇ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၃၇၀၀ ကျော် ရှိတဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG