နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေ တိုက်ပွဲများကြောင့် ခါတွန်က ထွက်ခွာနေကြတာပါ။ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့အကြား အာဏာလုနေတဲ့ ဆူဒန်နိုင်ငံခါတွန်မြို့တိုက်ပွဲတွေကြောင့် နိုင်ငံတကာက သူ့နိုင်ငံသားတွေကို ဆူဒန်ကနေ ခေါ်ထုတ်နေသလို ဒေသခံတွေလည်း ရတဲ့နည်းလမ်းတွေနဲ့ ခါတွန် မြို့တော်ကနေ ထွက်ခွာနေကြပါတယ်။ မြို့မှာ ကျန်ခဲ့တဲ့ သူတွေ စားဝတ်နေရေးအခက်အခဲ ဖြစ်နေပြီး နေ့စဉ်အခြေခံစားသောက်စရာနဲ့ သောက်ရေရဖို့ ခက်ခဲနေပါတယ်။
ခါတွန်မှ ထွက်ခွာခြင်း

၁
ဆူဒန်ကနေ လေယာဉ်နဲ့ ခေါ်ထုတ်လာတဲ့ ဂျော်ဒန်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဂျော်ဒန်နိုင်ငံ အမ္မန်မြို့က စစ်လေယာဉ်ကွင်းကို တင်္နလာနေ့ ဧပြီ ၂၃၊ ၂၀၂၃ မှာ ဆိုက်ရောက်လာကြတာပါ။

၂
ဆူဒန်နိုင်ငံ၊ ခါတွန်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက သံဝန်ထမ်းတွေ ခေါ်ထုတ်နေပုံကို နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ဗွီဒီယိုကနေ တိုက်ရိုက်ကြည့်ရှုနေတာဖြစ်ပါတယ်။ (ဧပြီ ၂၂၊ ၂၀၂၃)

၃
ခါတွန်ဒေသခံတွေလည်း တနိုင်တပိုင်သယ်ပိုးပြီး မြို့တော်ခါတွန်နဲ့ ဝေးရာအရပ်ဒေသတွေကို ထွက်ခွာနေကြပါတယ်။ (ဧပြီ ၁၉၊ ၂၀၂၃)

၄
စပိန်အစိုးရကတော့ ဆူဒန်နိုင်ငံကို စေလွှတ်ထားတဲ့ သံဝန်ထမ်းတွေ၊ အဲဒီမှာ နေထိုင်နေတဲ့ သူ့နိုင်ငံသားတွေကို စစ်တပ်ရေယာဉ်နဲ့ သွားခေါ်ထုတ်လာခဲ့ပါတယ်။ ခရီးတထောက် ဂျီဘူတီနိုင်ငံကို ရောက်ရှိလာခဲ့ လေယာဉ်ကနေ ဆင်းဖို့ ပြင်နေကြတာပါ။ (ဧပြီ ၂၄၊ ၂၀၂၃)