သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

*ဖေါင်တိန်တွေ ၀ယ်လိုအား ရှိနေဆဲ*


*ဖေါင်တိန်တွေ ၀ယ်လိုအား ရှိနေဆဲ*
please wait

No media source currently available

0:00 0:03:57 0:00

ဘောလ်ပွိုင့် လက်နှိပ်စက် ကွန်ပျူတာကီးဘုတ်နဲ့ အခုဖုန်းပေါ်မှာ စကားပြောရုံနဲ့ စာပေါ်တဲ့ နည်းပညာအထိ တိုးတက်လာပေမယ့် ဖောင်တိန်ပင်န်ကို ခုအထိ ဝယ်လိုအား ရှိနေတုန်းပါပဲ။ အမေရိကန် အင် ဂျင်နီယာ တယောက်ကြောင့် ဖောင်တိန်က ပြောင်းလဲလာပါတယ်။ Steve Herman သတင်းဆောင်းပါးကို ဦးတင်မောင်သန်း ပြောပြပါမယ်။

(INTRO))

ဘောလ်ပွိုင့်၊ လက်နှိပ်စက်၊ ပြီးတော့ ကွန်ပျူတာ ကီးဘုတ် နဲ့ အခု ဖုန်းပေါ်မှာ စကားပြောရုံ နဲ့ စာ ပေါ်တဲ့အထိ နည်းပညာ တိုးတက်လာပါတယ်။ ဒီလို နည်းပညာတွေ ပေါ်လာတိုင်း စာရေးကိရိယာ ဖောင်တိန် ပင်န် ရဲ့ အသုံးဝင်မှု ပြီးသွားပြီ လို့ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉ ရာစု က တီထွင်ခဲ့တဲ့ ဖောင်တိန် ကို ခုအထိ ဝယ်လိုအား ရှိနေတုန်းပါပဲ။ အမေရိကန် လူငယ် အင်ဂျင်နီယာလေးတစ်ယောက် ရဲ့ ကျေးဇူးကြောင့် ဖောင်တိန် က ပြောင်းလဲဖြစ်ပေါ်လာနေပြန်ပါတယ်။ ဗွီအိုအေ ရဲ့ သတင်းထောက်ချုပ် Steve Herman .. Philadelphia က ပို့လိုက်တဲ့ သတင်းဆောင်းပါး ကို ဦးတင်မောင်သန်း က တင်ပြပေးပါလိမ့်မယ်။

((NARRATOR))

ဖီလာဒဲဖီးယား မြို့ က ဂိုထောင်တစ်လုံးထဲမှာ အမေရိကန် မှာ ဘယ်သူမှ မလုပ်တာတစ်ခု ကို Ian Schon က လုပ်နေပါတယ်။ အင်္ဂလိပ်အသံအတိုင်း ဗမာလိုလည်း နစ်လို့ သိကြတဲ့ ဖောင်တိန် အသွား ကို titanium ကနေ လက်နဲ့ ထုတ်လုပ်နေတာပါ။ လုပ်ငန်း ထူထောင်သူ Ian Schon က ခုလို ပြောပါတယ်။

((natsot up of grinding/dissolve to soundbite shot))

((Ian Schon, SchonDSGN Founder))

“တခြား တံဆိပ်တွေ၊ အတိတ်တုန်း က လုပ်ခဲ့ကြတဲ့ ကုမ္ပဏီတွေ နဲ့ ကျွန်တော်တို့ ခြားနားတာကတော့ လုပ်ပုံကိုင်ပုံပါပဲ။ ဒီ အလုပ်ရုံထဲမှာ ရှိတဲ့ ပစ္စည်းတွေ က သမရိုးကျအားဖြင့်၊ အာကာသ ဟင်းလင်းပြင်ဆိုင်ရာ ဒါမှမဟုတ် ဆေးဘက် ဆိုင်ရာ ပစ္စည်းတွေ ကို ထုတ်လုပ်ရာမှာ သုံးပါတယ်။ ဒါ ကို ကျွန်တော်တို့ က ဖောင်တိန် နစ်တွေ ထုတ်လုပ်ရာမှာ သုံးတာ က ခြားနားပါတယ်။”

((NARRATOR))

၂၁ ရာစု ထဲမှာ၊ အလုပ်မဖြစ်နိုင်ဘူး လို့ အလိုလို သိနိုင်တာ ကို စွန့်စားပြီး အသုံးပြုသူ လူနည်းစု စျေးကွက် ပစ္စည်း ကို ရင်းနှီးထုတ်လုပ်နေတာပါ။ အီယန် က ခုလို ဆိုပါတယ်။

((Ian Schon, SchonDSGN Founder))

“ဖောင်တိန်ပင်န် က လက်တွေ့မကျလှပါဘူး။ စွန်းထင်းနိုင်တယ်ဗျာ။ ဘောလ်ပွိုင့်လောက် မကောင်းဘူး။ စျေးလည်း ကြီးပါတယ်။ ဒါ ကိုက ဖောင်တိန် အသုံးပြုကြသူတွေ ရဲ့ ဓလေ့ နဲ့ ကိုက်နေပါတယ်။ အကျိုးအကြောင်း မကျလှပဲ ထူးဆန်းတဲ့ ဓလေ့ပေါ့ဗျာ။”

((NARRATOR))

Philadelphia မြို့ က သတင်းစာဆရာတွေ ထူထောင်ခဲ့ပြီး နှစ် ၁၃၀ ကြာ ကလောင် နဲ့ ခဲတန်ကလပ် မှာ သူ စုဆောင်းထားတာတွေ ပြရင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်သူ၊ ဖောင်တိန်သုံးနေသူ Tony Blair က ခုလို ပြောပါတယ်။

((Tony Blair, Fountain Pen User))

“ကွန်ပျူတာ ကို သုံးတဲ့အခါ၊ အာရုံများနိုင်ပါတယ်။ ကွန်ပျူတာကနေဘာလုပ်ပါ ပြောတဲ့ စာတွေ ပေါ်လာနိုင်ပါတယ်။ စိတ်ကူး ပျက်သွားနိုင်ပါတယ်။ တစ်ခုခု ကို ရိုက်လိုက်တဲ့အခါ ကျွန်တော် မှတ်မိနိုင်ပါမလား။ လက်နဲ့ စာရေးတာကတော့ မှတ်မိတယ်လို့ ကျွန်တော်ထင်ပါတယ်။”

((Steve Herman, VOA News))

လက်ရေး နဲ့ စာတွေ မရကြတော့တဲ့ လူငယ်မျိုးဆက်တွေအတွက်တော့ ဖောင်တိန် က နံပတ်လှည့်ဖုန်း ဒါမှမဟုတ် ဖလင် ကင်မရာတွေလို ထူးဆန်းတဲ့ ပစ္စည်းဖြစ်ကြမှာပါ။

ဖီလာဒဲလ်ဖီးယား က Omoi Zakka ဂျပန် စာရေးကိရိယာဆိုင်ရှင် Liz Sieber (pron. seeber) မှာ အဲဒီလို ရှေးပစ္စည်းတွေ စုဆောင်းထားတာ ရှိပါတယ်။ ဖောင်တိန်၊ စာရွက် နဲ့ မင်လည်း ရောင်းပါတယ်။ Liz က ခုလို ပြောပါတယ်။

((Liz Sieber, Omoi Zakka Owner))

“ဖောင်တိန်အသွား နစ်တွေ မတူကြတာ ကို တချို့လူတွေ က တကယ့် ကို နားလည်ကြပါတယ်။ စစ်လုပ်နစ် နဲ့ လက်လုပ်နစ် ကွာခြားတာ နားလည်ကြပါတယ်။ တခါမှ အရင် က မကြိုးစားခဲ့ဖူးဘဲ၊ ခု အခါမှာ စျေးလည်းမကြီး သုံးရလွယ်ပြီး စက္ကူအမျိုးမျိုး နဲ့ ရေးခြစ်ကြည့်ချင်ကြတဲ့သူတွေ အများကြီးရှိနေတာလည်း ကျွန်မတို့ တွေ့ရပါတယ်။”

((NARRATOR))

အမေရိကန် က ဆိုင်တွေထက် ဂျပန် က ဆိုင်တွေ က Schon ရဲ့ ဖီလာဒဲဖီးယား လုပ် ဖောင်တိန်တွေ ကို ရောင်းကြပါတယ်။ အမေရိကန် က ပို့ကုန်ပစ္စည်းလေးတစ်ခု ဖြစ်နေပါပြီ။ Schon က ခုလို ဆိုပါတယ်။

((Ian Schon, SchonDSGN Founder))

“အဲဒီ စိန်ခေါ်ချက် ကို ကျွန်တော် ကြိုက်တယ်ဗျာ။ ကျွန်တော် က အောက် က ကစားရတာ ကြိုက်ပါတယ်။ စီးပွါးရေး လုပ်ကိုင်ပုံ နဲ့ ပတ်သက်လာတဲ့အခါ လုပ်ကိုင်နေကျပုံစံတွေ ကို ဖီဆန်လုပ်ကိုင်ရတာ ကျွန်တော် ကြိုက်တယ်ဗျ။ ဒါ က ဖောင်တိန် ကို သုံးကြတဲ့သူတွေ ရဲ့ စိတ်အတိုင်းပါပဲ။”

((NARRATOR))

အဲဒီ စိန်ခေါ်ချက် က အမေရိကန် စွန့်ထွင်ဦးစီး လုပ်ငန်းရှင်တွေ ရဲ့ ဇာတ်ကြောင်းမှာ စာမျက်နှာအသစ် တစ်မျက်နှာ ကို ရေးနေပါပြီခင်ဗျာ။

XS
SM
MD
LG