သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိုတော် ဗျူဟာ သေဆုံးတယ်ဆိုတဲ့ သတင်းအမှားပျံ့


အဆိုတော် ဗျူဟာ
အဆိုတော် ဗျူဟာ
Thae Ei Mon

Thae Ei Mon

တေးသံရှင်ဗျူဟာ သေဆုံးတဲ့ သတင်းအမှားကို ဖြန့်ဝေထားတဲ့ ဖေ့ဘုတ် အကောင့်

အဆိုတော်ဗျူဟာ
ဒီမနက်4နာရီလောက်က
ဆုံးသွားပါပြီ
Comfrim ပါ
မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်

Source: Thae Ei Mon Facebook
သတင်းမှား
ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နာမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ တေးသံရှင်ဗျူဟာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ မေလ ၂၆ ရက် နံနက်ပိုင်းက ပျံ့နှံ့လာတာတွေရ့ပါတယ်။

တေးသံရှင်ဗျူဟာ သေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မိသားစုဝင်ဖြစ်တဲ့ ဖခင်ဖြစ်သူ တေးရေးနိုင်မြန်မာက အတည်ပြုထားခြင်းမရှိပါဘူး။ ဖခင်ဖြစ်သူ တေးရေးနိုင်မြန်မာရဲ့ သတင်းမီဒီယာတွေကို ဖြေကြားပြောဆိုမှုမှာ သားဖြစ်သူ ဗျူဟာ သေဆုံးတဲ့သတင်းကို အတည်ပြုခြင်းမရှိဘဲ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေကြောင်းသာ အတည်ပြုပြောဆိုထားတာတွေ့ရပါတယ်။


တေးရေးနိုင်မြန်မာဧ။် ဖေ့စ်ဘွတ်စာမျက်နာကြည့်ရှုရန်

တေးသံရှင် ဗျူဟာ သေဆုံးတဲ့သတင်းမဟုတ်မှန်ကြောင်းနဲ့ စစ်တပ်က အဆိုတော်ဗျူဟာကို အခြားနေရာတစ်ခုကို ပြောင်းပြီး စစ်ဆေးနေတာကို သိရကြောင်း အဆိုတော်ဗျူဟာနဲ့ နီးစပ်သူ တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Chindwin News Agency မှာ ဖော်ပြထားပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီ ခေါင်းဆောင်တွေကို ဝေဖန်ပြောဆိုတာကြောင့် တေးသံရှင် ဗျူဟာကို မေလ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဆိုတော် ဗျူဟာ သေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ အချက်အလက်စစ်ဆေးမှုများအရ တေးသံရှင် ဗျူဟာ သေဆုံးတယ်ဆိုတဲ့ သတင်းဟာ အတည်ပြုနိုင်ခြင်း မရှိဘဲ လူမှုကွန်ရက်စာမျက်နာပေါ် ပျံ့နှံ့လာတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရှိရပါတယ်။

XS
SM
MD
LG