သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄၀ ကျော်အမျိုးသမီးတွေ ခန္ဓာကိုယ် ကျစ်လစ် သန်စွမ်းအောင် ဘယ်လို ထိန်းမလဲ


လူမှုစီးပွား အကျပ်အတည်းတွေကြား ရုန်းကန်နေကြတဲ့ အိမ်ထောင်ရှင် လူလတ်ပိုင်း အမျိုးသမီးတွေဟာ ကိုယ့်ရဲ့ တကိုယ်ရည်ကျန်းမာရေး ဦးစားမပေးနိုင်တာတွေ ရှိတာကြောင့် ဒီလိုလူတွေ လိုက်ပါ လုပ်ဆောင်နိုင်မယ့် ကျန်းမာရေး အသိပညာပေး သင်တန်းတွေ ပို့ချပေးနေတယ်လို့ ကိုယ်ကာယကျန်းမာရေး နည်းပြ မော်ဒယ် သန္တာလှိုင်က ပြောပါတယ်။

ရုပ်ပိုင်းစိတ်ပိုင်း ကျန်းမာ ကြံ့ခိုင်နေဖို့အတွွက် အသက်အရွယ်မရွေး လူတိုင်း ကိုယ်လက်လှုပ်ရှား လုပ်သင့်တယ်လို့ သရုပ်ဆောင်မော်ဒယ် တဦးလည်းဖြစ်၊ ကိုယ်ကာယကျန်းမာရေး ပညာပေး သင်တန်းတွေ ပို့ချပေးနေတဲ့ မသန္တာလှိုင်က ပြောပါတယ်။ နေ့တဓူဝ လူမှုစီးပွား အကျပ်အတည်းတွေကြား ရုန်းကန်ကြရတဲ့အခါ အထူးသဖြင့် အိမ်ထောင်ရှင် လူလတ်ပိုင်း အမျိုးသမီးတွေဟာ ကိုယ့်ရဲ့ တကိုယ်ရည်ကျန်းမာရေး ဦးစားမပေးနိုင်တာတွေ ရှိတာကြောင့် ဒီလိုလူတွေ လိုက်ပါ လုပ်ဆောင်နိုင်မယ့် ကျန်းမာရေး အသိပညာပေး သင့်တန်းတွေ ပို့ချပေးနေတဲ့အကြောင်းလည်း ပြောပါတယ်။ ကိုယ်ကာယကျန်းမာရေး နည်းပြ မော်ဒယ် သန္တာလှိုင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

အမျိုးသမီးတွေ အသက်အရွယ်မရွေး ခန္ဓာကိုယ် ကျစ်လစ် သန်မာ ကျန်းမာနေဖို့ ဘယ်လို နည်းလမ်းကောင်းတွေ အကြံပေးထားလဲ ဆိုတာကိုတော့ ရှေ့သီတင်းပတ်မှာ စောင့်မျှော်နားဆင်နိုင်ပါတယ်။

XS
SM
MD
LG