သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အနိုင်ရ


ဒုတိယအကျော့ ရွေးကောက်ပွဲအနိုင်ရ လက်ရှိတူရကီသမ္မတ အာဒိုဝန်

တူရကီနိုင်ငံမှာ တနင်္ဂနွေနေ့ကလုပ်တဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ မဲအရေအတွက် ၅၂.၂ ရာခိုင်နှုန်းနဲ့ လက်ရှိတူရကီသမ္မတ Recep Tayyip Erdogan ( ရေဂျပ် တာရစ် အာဒိုဝန်) ကအနိုင် ရခဲ့ပါတယ်။ သူ့ရဲ့ပြိုင်ဖက် Kemal Kilic daroglu (ကာမဲလ် ကလစ်ချ် ဒါရိုဂလူ)ကတော့ ၄၇.၈ ရာခိုင်နှုန်းပဲ ရခဲ့ပါတယ်။

“အခုရွေးကောက်ပွဲမှာ ဘယ်သူမှ အရှုံးမရှိပါဘူး။ ပြည်သူ ၈၅ သန်း အနိုင်ရလိုက်တာပါ” လို့ အာဒိုဝန်က ပြောသွားတာပါ။

ပြိုင်ဖက် Kilicdaroglu (ကလစ်ချ် ဒါရိုဂလူ ) ကတော့ ရွေးကောက်ပွဲ ရလဒ်ကို တစုံတရာ အငြင်းပွားတာမရှိခဲ့သလို၊ မကြာသေးမီနှစ်များအတွင်းမှာ “တရားမျှတမှုအရှိဆုံး” ရွေးကောက်ပွဲလို့လည်း ပြောခဲ့ပါတယ်။

အာဒိုဝန်ဟာ ပထမအကျော့ရွေးကောက်ပွဲမှာ သူ့ရဲ့ ပြိုင်ဖက်ပါတီကို နှာတဖျားအသာနဲ့ အနိုင်ရခဲ့ပေမဲ့ ဆီးရီးယားဒုက္ခသည်သန်းပေါင်းများစွာကို ပြန်လည်ခေါ်ယူရေးအပါအဝင် တင်းမာသောအမျိုးသားရေးမူဝါဒ တွေနဲ့ ပတ်သက်ပြီး ကလစ်ချ်ဒါရိုဂလူ ဟာ သူ့ရဲ့ ပြိုင်ဖက်အဖြစ် ဆက်လက်ရပ်တည်နေခဲ့တာပါ။

ဝေဖန်သူတွေကတော့ အာဒိုဝန်ဟာ ဒီမိုကရေစီကို နှိမ့်ချမှု၊ အတိုက်အခံနဲ့ ဝေဖန်သူတွေကို ပိတ်လှောင်ကာ အာဏာကို ဗဟိုချုပ်ကိုင်ဖို့ လုပ်နေသူသာဖြစ်တယ်လို စွပ်စွဲထားပါတယ်။

တူရကီ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အနိုင်ရ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG