သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူတိုင်း လိုက်ပါနိုင်မယ့် ကျန်းမာရေး နည်းလမ်းတွေ မျှဝေပေးနေတဲ့ မော်ဒယ်သန္တာလှိုင်


T Fitness နဲ့ T’s Workshop ကျန်းမာရေး သင်တန်းတွေ စခဲ့ပြီး အရွယ်စုံ အလွှာစုံက လူမျိုးစုံ လိုက်ပါ လုပ်ဆောင်နိုင်မယ့် ကျန်းမာရေးနည်းလမ်းတွေနဲ့ အသိပညာ မျှဝေတာတွေ လုပ်နေတယ်လို့ သရုပ်ဆောင် မော်ဒယ် သန္တာလှိုင်က ပြောပါတယ်။

လူတိုင်း လိုက်ပါနိုင်မယ့် ကျန်းမာရေး လေ့ကျင့်ခန်းတွေ မျှဝေပေးနေသူ မော်ဒယ်သန္တာလှိုင်

ကိုယ်လက်ကျန်းမာရေး လေ့ကျင့်ခန်းကို တနေ့တည်း အချိန် အများကြီး ပေးတာထက် နေ့စဉ် ပုံမှန် လုပ်သွားဖို့ ပိုပြီး အရေးကြီးတယ်လို့ သရုပ်ဆောင် မော်ဒယ် သန္တာလှိုင်က အကြံပေးပါတယ်။ T Fitness နဲ့ T’s Workshop ကျန်းမာရေး သင်တန်းတွေ စတင် တည်ထောင်ခဲ့ပြီး အရွယ်စုံ အလွှာစုံက လူမျိုးစုံ လိုက်ပါ လုပ်ဆောင်နိုင်မယ့် ကျန်းမာရေး သင်တန်းတွေနဲ့ အသိပညာ မျှဝေတာတွေ လုပ်နေတဲ့ အကြောင်းလည်း ပြောပါတယ်။ အမျိုးသမီးတွေ အသက်အရွယ်မရွေး ခန္ဓာကိုယ် ကျစ်လစ် သန်မာ ကျန်းမာနေဖို့ မော်ဒယ်သန္တာလှိုင်က ဘယ်လို နည်းလမ်းကောင်းတွေ အကြံပေးထားလဲ ဆိုတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက မေးမြန်း တင်ဆက်ထားပါတယ်။

XS
SM
MD
LG