သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ လူကုန်ကူးခံရမှု ပိုဆိုးလာ


မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ လူကုန်ကူးခံရတဲ့ အခြေအနေဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုဆိုးလာတယ်လို့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာပြီး လူမှုစီးပွား အကျပ်အတည်း ပိုဆိုးလာတာနဲ့အမျှ လူကုန်ကူးခံရဖို့ အခြေအနေတွေ ပိုများလာပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ လူကုန်ကူးခံရတဲ့ အခြေအနေဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုဆိုးလာတယ်လို့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာပြီး လူမှုစီးပွား အကျပ်အတည်း ပိုဆိုးလာတာနဲ့အမျှ အမျိုးသမီးတွေ လူကုန်ကူးခံရဖို့ အခြေအနေတွေ ပိုများလာပါတယ်။ တချိန်တည်းမှာလည်း အကူအညီပေးရေး အဖွဲ့တွေအတွက် အခက်အခဲ စိန်ခေါ်မှုတွေ ပိုများလာတယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) မမွန်းနေလီက ပြောပါတယ်။ မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ပြထားပါတယ်။

XS
SM
MD
LG