သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်မရာရှေ့ စကားပြောနေရင်း ရပ်တန့်သွားတဲ့ လွှတ်တော်အမတ် Mitch McConnell


ကင်မရာရှေ့ စကားပြောနေရင်း ရပ်တန့်သွားတဲ့ လွှတ်တော်အမတ် Mitch McConnell
please wait

No media source currently available

0:00 0:01:03 0:00

အမေရိကန်အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလစ်ကန်အမတ် Mitch McConnell ဟာ ဇူလိုင် ၂၆ ရက်နေ့က လွှတ်တော်အဆောက်အဦမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း စကားပြောရင်း ရုတ်တရက်အချိန်အတော်ကြာရပ်တန့်သွား တွေ့ရပါတယ်။ သူ့နံဘေးကသူတွေလည်း သူ့ကို စကားပြောစင်အဝေးကို ခေါ်ဆောင်သွားခဲ့ရပါတယ်။

ကင်မရာရှေ့ စကားပြောနေရင်း ရပ်တန့်သွားတဲ့ လွှတ်တော်အမတ် Mitch McConnell

အမေရိကန်အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလစ်ကန်အမတ် Mitch McConnell ဟာ ဇူလိုင် ၂၆ ရက်နေ့က လွှတ်တော်အဆောက်အဦမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း စကားပြောရင်း ရုတ်တရက်အချိန်အတော်ကြာရပ်တန့်သွား တွေ့ရပါတယ်။ သူ့နံဘေးကသူတွေလည်း သူ့ကို စကားပြောစင်အဝေးကို ခေါ်ဆောင်သွားခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သတင်းထောက်တွေရှေ့ ပြန်လည်ရောက်ရှိလာပြီး သူ့အခြေအနေကောင်းမွန်ကြောင်း ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံရေးမှာ သြဇာညောင်းတဲ့ ရီပတ်ဘလစ်ကန်ပါတီခေါင်းဆောင် အသက် ၈၁ နှစ်အရွယ် Mitch McConnell ဟာ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ခလုပ်တိုက် ချော်လဲလို့ ဦးခေါင်းထိခိုက်မိပြီး ဆေးရုံတင်ခဲ့ရတာပါ။ သူ့လွှတ်တော်သက်တမ်းတလျှောက် မြန်မာ့ဒီမိုကရေစီရေးကို တွန်းအားပေးတဲ့ ဆုံးဖြတ်ချက်တွေ၊ အရေးယူပိတ်ဆို့မှုတွေကို အထက်လွှတ်တော်မှာ ဦးဆောင်ချမှတ်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံကို သွားရောက်ပြီး အဲဒီအချိန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ပုဂ္ဂိုလ်ရေးအရလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးသူဖြစ်ပါတယ်။

XS
SM
MD
LG