သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီနွယ် လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းတွေ ဆွစ်ဇလန်အရေးယူ


စစ်ကောင်စီခေါ်ယူတဲ့ ကာလုံအစည်းအဝေး (ဇူလိုင် ၃၁၊ ၂၀၂၃)
စစ်ကောင်စီခေါ်ယူတဲ့ ကာလုံအစည်းအဝေး (ဇူလိုင် ၃၁၊ ၂၀၂၃)

မြန်မာ စစ်အာဏာသိမ်းကောင်စီ လက်အောက်ခံ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနဲ့ လူပုဂ္ဂိုလ် (၆)ဦးကို ဆွစ်ဇာလန်နိုင်ငံက သြဂုတ်လ (၃)ရက်နေ့ ရက်စွဲနဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။ ဒါဟာ အရင်လက ဥရောပသမဂ္ဂ (EU)က ပိတ်ဆို့ အရေးယူခဲ့သူတွေကို ဆွစ်ဇာလန်က နောက်ဆက်တွဲ အရေးယူခဲ့တာပါ။

အဲဒီမှာ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကယားပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ်ဟောင်း ဦးပိုးရယ်အောင်သိန်း၊ စစ်ကောင်စီရဲ့ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ အလုပ်သမားဝန်ကြီး တာဝန်ယူခဲ့တဲ့ ဒေါက်တာပွင့်ဆန်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကျော်မင်းတို့ ပါဝင်ပါတယ်။

သူတို့ဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေမှာ ပါဝင်ပတ်သက်တာကြောင့် အရေးယူခဲ့တာဖြစ်ကြောင်း ဆွစ်ဇာလန်အစိုးရ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အီးယူ ဥရောပသမဂ္ဂကလည်း ဇူလိုင်လ ၂၀ တုန်းက မြန်မာဝန်ကြီး ၃ ဦးနဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးနဲ့ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းဌာနတို့ကို ဒဏ်ခတ်အရေးယူလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG