သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အရေး ကော်မတီဖွဲ့ဖြေရှင်းဖို့ ထိုင်းလွှတ်တော်ကို MFP ပါတီတောင်းဆို

Thai Parliament in Bangkok on July 13, 2023.
Thai Parliament in Bangkok on July 13, 2023.

ထိုင်းနိုင်ငံ အနောက်ဖက်ခြမ်း မြန်မာနိုင်ငံနယ်စပ် တလျောက်မှာရှိတဲ့ မဲ့ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီ၊ ရပ်ချ်ဘူရီ ခရိုင်တွေအတွင်း ယာယီခိုလှုံနေတဲ့ ဒုက္ခသည်တွေအရေး ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းအသစ်တွေ ရှာဖွေနိုင်အောင် လွှတ်တော်မှာ ဒုက္ခသည်များဆိုင်ရာကော်မတီခွဲ တခုကို ဖွဲ့စည်းတည်ထောင်ဖို့ ရှေ့သို့ချီပါတီ Move Forward Party နဲ့ တရားမျှတရေးပါတီ Fair Party တို့က လွှတ်တော်မှာ တင်ပြတောင်းဆို လိုက်ပါတယ်။

ဒီကိစ္စကို လွှတ်တော်မှာဆွေးနွေးဖို့ ပါတီနှစ်ခုပူးတွဲပြီး သြဂုတ်လ ၃၁ ရက်နေ့က တင်သွင်းခဲ့တယ်လို့ MFP ပါတီလွှတ်ေ တာ်ကိုယ်စားလှယ် Manop Keereepuwadol မနွတ် ကရီပူဝါဒို က ေပြာဆိုပါတယ်။

ဒီ လွှတ်တော်ကော်မတီခွဲကို လူ့အခွင့်ရေးကျွမ်းကျင်သူတဦးက ဦးဆောင်သင့်ပြီး ဒုက္ခသည်တွေအတွက် အကောင်ဆုံး လုပ်ေ ဆာင်ပေးနိုင်မယ့် နည်းလမ်းတွေကို လေ့လာတင်ပြသင့်တယ်လို့ MFP Move Forward Party လွှတ်တော်ကိုယ်စားလှယ် Mr. Manop ကပြောဆိုခဲ့ပါတယ်။

ထိုင်းနယ်စပ်တလျောက် ဒုက္ခသည် ၉ သောင်းကျော် နေထိုင်လျှက်ရှိပြီး၊ အဲဒီအထဲက ဒုက္ခသည်အများစုဟာ ၁၉၈၅ ခုနှစ် လောက်ကတည်းက စတင်နေထိုင်ခဲ့ကြတာ ဖြစ်တယ်လို့ Mr. Manop က ဆက်လက် ပြောဆိုပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံ မဟုတ်တဲ့အတွက် ဒီဒုက္ခသည်တွေကို ယာယီခိုလှုံနေထိုင်သူတွေ အဖြစ်သာ ထိုင်းနိုင်ငံက လက်ခံထားတာ ဖြစ်တယ်လို့လည်း MFP ပါတီ လွှတ်တော်ကိုယ်စားလှယ် Mr. Manop ကပြောဆိုခဲ့ပါတယ်။

ထိုင်းမြန်မာနယ်စပ်တလျောက် မြန်မာနိုင်ငံက စစ်ပွဲတွေကြောင့် ထွက်ပြေးလာခဲ့ရတဲ့ဒုက္ခသည်တွေ သိန်းနဲ့ချီပြီး ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG