သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး မြန်မာအမျိုးသမီး FIFA ဘောလုံးဒိုင် ဒေါ်ကော့ဂျာ


မြန်မာနိုင်ငံက ပထမဆုံး အမျိုးသမီး FIFA ဒိုင်အဖြစ် ၁၀ နှစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အာရှနိုင်ငံတွေထဲမှာ အကောင်းဆုံး အမျိုးသမီးဒိုင် ၃ ယောက် ရွေးချယ်ရာမှာလည်း ပါဝင်ခဲ့တဲ့ ဒေါ်ကေ့ာဂျာ က သူ့အတွေ့အကြုံတချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ပြောပြထားပါတယ်။

နိုင်ငံတကာအဆင့် ဘောလုံးပြိုင်ပွဲတွေမှာ FIFA ဒိုင်တယောက်အဖြစ် တာဝန်ထမ်းခွင့်ရဖို့ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ အဓိက အရေးကြီးသလို၊ စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ တခြား လိုအပ်တဲ့ အရည်အချင်းတွေ ပြည့်မီဖို့ အားစိုက် ကြိုးစားရတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA မှာ မြန်မာနိုင်ငံကနေ ပထမဆုံး အမျိုးသမီး ဒိုင်အဖြစ် တာဝန်ခဲ့တဲ့ ဒေါ်ကော့ဂျာက ပြောပါတယ်။ FIFA ဒိုင်အဖြစ် ၁၀ နှစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အာရှနိုင်ငံတွေထဲမှာ အကောင်းဆုံး အမျိုးသမီးဒိုင် ၃ ယောက် ရွေးချယ်ရာမှာလည်း ပါဝင်ခဲ့တဲ့ ဒေါ်ကောဂျာ က သူ့အတွေ့အကြုံတချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ပြောပြထားပါတယ်။ မခင်ဖြူထွေး က တွေ့ဆုံ မေးမြန်း တင်ဆက်ထားပါတယ်။

နိုင်ငံတကာ ပြိုင်ပွဲတွေမှာ နိုင်ငံဂုဏ်ဆောင်နိုင်ဖို့အတွက် ကိုယ့်မိခင်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုတွေ အထူးအရေးကြီးတဲ့အကြောင်း နဲ့ ကိုယ်တိုင် ဖြတ်သန်း ကျော်လွှားရတဲ့ အခက်အခဲ အတွေ့အကြုံတွေကိုတော့ ဒေါ်ကော့ဂျာနဲ့ မေးမြန်းခန်း ဒုတိယပိုင်းမှာ ကြည့်ရှု နားဆင်နိုင်ပါတယ်။

XS
SM
MD
LG