သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကားစက်ရုံအလုပ်သမား သောင်းကျော်ဆန္ဒပြနေ 


Michigan ပြည်နယ် Wayne မြို့က Ford ကုမ္ပဏီကားစက်ရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမားများ (စက်တင်ဘာ ၁၅၊ ၂၀၂၃)
Michigan ပြည်နယ် Wayne မြို့က Ford ကုမ္ပဏီကားစက်ရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမားများ (စက်တင်ဘာ ၁၅၊ ၂၀၂၃)

အမေရိကန် မော်တော်ကားလုပ်ငန်းကြီး ၃ ခုက အလုပ်သမား ၁၃,၀၀၀ လောက်ဟာ ဒီကနေ့ သောကြာနေ့ကူးချိန်ကစပြီး သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။ General Motors (GM), Ford နဲ့ Chrysler ကားကုမ္ပဏီရဲ့ မိခင် Stellantis ကုမ္ပဏီတွေက လုပ်ငန်းခွင် အကျိုးခံစားခွင့်နဲ့ ကုမ္ပဏီအကြီးအကဲတွေနဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကြား နောက်ဆုံးသတ်မှတ်ချိန်အထိ သဘောတူညီမှု မရတာကြောင့် ခုလိုအလုပ်သမားတွေ သပိတ်မှောက်နေကြတာဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ သဘောထားနဲ့ပတ်သက်လို့ ကားစက်ရုံလုပ်သားများသမဂ္ဂ UAW ဥက္ကဋ္ဌ Jesse Ramirez က ခုလိုပြောကြားခဲ့ပါတယ်။

“ကုမ္ပဏီတွေ စီးပွားကျဆင်းခဲ့တဲ့အချိန်က အလုပ်သမားတွေ အနစ်နာခံခဲ့ကြပါတယ်။ လုပ်အားခ၊ နေထိုင်စားရိတ်အတွက် အပိုဆောင်းပေးတာ၊ ပင်စင်အတွက် စုဆောင်းငွေ စတာတွေလည်း မယူခဲ့ကြပါဘူး။ ဒါပေမယ့်လည်း အကျိုးခံစားခွင့်နဲ့ ပတ်သက်ပြီး ခွဲခြားသတ်မှတ်တယ်ဆိုရင်တော့ အခုချိန်မှာ အမြတ်အစွန်းများစွာ ရရှိနေတဲ့ကုမ္ပဏီ ပြိုလဲမသွားအောင် တချိန်က ဝိုင်းဝန်း ကျားကန်ပေးခဲ့ကြတဲ့၊ ဒီကုမ္ပဏီအတွက် အနစ်နာခံခဲ့ကြတဲ့ ကျနော်တို့ အလုပ်သမားတွေအနေနဲ့ ကိုယ်ရရှိရမယ့် အခွင့်အရေးအတွက် တောင်းဆိုရမယ့် အချိန်ကျလာပြီ” - လို့ ကားစက်ရုံလုပ်သားများသမဂ္ဂ UAW ဥက္ကဋ္ဌ Jesse Ramirez က ပြောသွားတာဖြစ်ပါတယ်။

ဆန္ဒပြကားစက်ရုံဝန်ထမ်းတွေကို ၄ နှစ်အတွင်း လစာ ၄၀ ရာခိုင်နှုန်းနီးပါး တိုးပေးဖို့ သမဂ္ဂဘက်က တောင်းဆိုနေတာဖြစ်ပါတယ်။ GM ကုမ္ပဏီကတော့ UAW သမဂ္ဂဝင်တွေကို လစာ ၂၀ ရာခိုင်နှုန်းပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ လက်မခံဘဲ သပိတ်မှောက်နေကြပါတယ်။

ဓါတ်ဆီနဲ့ ဒီဇယ်သုံး ထရပ်ကားတွေကရရှိတဲ့ အကျိုးအမြတ်တွေကနေ အလုပ်သမားတွေအတွက် လုပ်အားခ ပိုပေးဖို့၊ လျှပ်စစ်သုံးကားတွေ ထုတ်လုပ်လာချိန်မှာ လက်ရှိလုပ်သားတွေ အလုပ်အကိုင် ဆက်ရရှိဖို့၊ အလုပ်သမားသမဂ္ဂဘက်က တောင်းဆိုထားပါတယ်။

အမြတ်အစွန်းများစွာရရှိတဲ့ မော်တော်ကားတွေ ထုတ်လုပ်တဲ့ Michigan ပြည်နယ်၊ Wayne မြို့က Ford မော်တော်ကားစက်ရုံ၊ Missouri ပြည်နယ်၊ Wentzville မြို့က GM ကားစက်ရုံ၊ Ohio ပြည်နယ်၊ Toledo မြို့က Jeep စက်ရုံ၊ ပစ္စည်းအပိုင်းအစတွေတပ်ဆင်တဲ့ လုပ်ငန်းခွင်ကနေ အလုပ်သမားတွေ ဆန္ဒပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG