သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကားစက်ရုံလုပ်သားတွေအရေး ညှိနှိုင်းမှုပြန်လည်စတင်မယ် 


အမေရိကန် ကားကုမ္ပဏီဝန်ထမ်းများသမဂ္ဂ (United Auto Workers-UAW) ကိုထောက်ခံတဲ့ ဆန္ဒပြပွဲမြင်ကွင်း (စက်တင်ဘာ ၁၅၊ ၂၀၂၃)
အမေရိကန် ကားကုမ္ပဏီဝန်ထမ်းများသမဂ္ဂ (United Auto Workers-UAW) ကိုထောက်ခံတဲ့ ဆန္ဒပြပွဲမြင်ကွင်း (စက်တင်ဘာ ၁၅၊ ၂၀၂၃)

အမေရိကန် ကားကုမ္ပဏီဝန်ထမ်းများသမဂ္ဂ (United Auto Workers-UAW) က သူတို့တောင်းဆိုနေတဲ့ လုပ်အားခနဲ့ လုပ်ငန်းခွင်ခံစားခွင့် တိုးရရေးကိစ္စတွေအတွက် ကားကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေ ဒီကနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြန်လည် စတင်မယ်လို့ ပြောပါတယ်။ General Motors (GM) ၊ Ford Motor နဲ့ Chrysler ကားလုပ်ငန်းရဲ့ မိခင်ကုမ္ပဏီ Stellantis ကဝန်ထမ်း တသောင်းခွဲနီးပါးဟာ မနေ့ သောကြာနေ့ကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာပါ။

ဒီ ကားကုမ္ပဏီတွေဟာ ဒီနှစ်ပိုင်းအတွင်း အမြတ်အစွန်း အများအပြား ရရှိခဲ့တာကြောင့် ဝန်ထမ်းတွေကို လုပ်အားခ တိုးပေးသင့်တယ်လို့ သမ္မတ Joe Biden ကလည်း ယူဆပါတယ်။

“ဝန်ထမ်းတွေရဲ့ ထူးခြားတဲ့ လုပ်ငန်းကျွမ်းကျင်မှုနဲ့ အနစ်နာခံခဲ့မှုတွေကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းအတွင်းမှာ ကားကုမ္ပဏီတွေဟာ စံချိန်တင်ပြီး အမြတ်ရခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလို ရခဲ့တဲ့ အမြတ်အစွန်းတွေကို ကုမ္ပဏီတွေဘက်က တရားမျှတစွာ ဝန်ထမ်းတွေအတွက် လုပ်ခလစာ တိုးပေးတာမျိုး မရှိခဲ့ဘူးလို့ ကျနော်ထင်ပါတယ်” - လို့ သမ္မတ Biden က မနေ့ သောကြာနေ့မှာ ပြောခဲ့တာပါ။

အမေရိကန်က ကားကုမ္ပဏီတွေအကြား တခုနဲ့ တခု အပြန်အလှန် ချိတ်ဆက်မှုတွေရှိနေတဲ့အတွက် အခုလို အလုပ်သမားတွေ ဆန္ဒပြမှုကြောင့် ဆယ်စုနှစ်များစွာအတွင်း Ford Bronco ၊ Jeep Wrangler ၊ Chevrolet Colorado နဲ့ တခြား ကားအတော်များများရဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ Ford ကုမ္ပဏီက ပြောပါတယ်။

အခုလို ကားထုတ်လုပ်ရေးစက်ရုံတွေက ဝန်ထမ်းတွေ ဆန္ဒပြနေကြတဲ့အတွက် မော်တော်ကားထုတ်လုပ်မှုတွေ ရပ်ဆိုင်းပြီး ရေတိုမှာ ကားဈေးတွေတက်ပြီး၊ ရေရှည်မှာ တိုင်းပြည် စီးပွားရေးပါ ထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပေမယ့် ကားကုမ္ပဏီ ဝန်ထမ်းများသမဂ္ဂဥက္ကဌ Shawn Fain ကတော့ သူတို့ဟာ စီးပွားရေးတခုလုံး ထိခိုက်အောင် လုပ်နေတာမဟုတ်ဘဲ ဘီလီယံနဲ့ချီ ချမ်းသာ ကြွယ်ဝကြတဲ့ သူဌေးတွေကို တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG