သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကို လွတ်လပ်ရေးနေ့ အခမ်းအနားဖိတ်တဲ့မက္ကဆီကို ဝေဖန်ခံရ


မက္ကဆီကို လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်လာတဲ့ မက္ကဆီကိုသမ္မတ အင်ဒရေ မန္နူရယ်လိုပက်ဇ် အိုဘရာဒို (ဗဟို) (စက်တင်ဘာ ၁၆၊ ၂၀၂၃)
မက္ကဆီကို လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်လာတဲ့ မက္ကဆီကိုသမ္မတ အင်ဒရေ မန္နူရယ်လိုပက်ဇ် အိုဘရာဒို (ဗဟို) (စက်တင်ဘာ ၁၆၊ ၂၀၂၃)

စနေနေ့က မက္ကဆီကိုရဲ့လွတ်လပ်ရေးနေ့ချီတက်ပွဲမှာ ရုရှားကိုယ်စားလှယ်အဖွဲ့ ကို ဖိတ်ခြင်းအားဖြင့် မက္ကဆီကိုသမ္မတ အင်ဒရေ မန္နျူရယ်လ် လိုပက်ဇ် အိုဘရာဒို(Andres Manuel Lopez Obrador) ဟာ အဝေဖန်ခံနေရပါတယ်။

ရုရှားစစ်တပ်ပါဝင်လာတဲ့အတွက် လွတ်လပ်ရေးပွဲတော်ဟာ ညစ်ထေးသွားခဲ့တယ်လို့ ဝေဖန်ကြသူတွေထဲကတယောက်ဖြစ်တဲ့ ယူကရိန်းသံအမတ်ကြီး Oksana Dramaretska က ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ရာဇဝတ်သားတွေရဲ့ ဘွတ်ဖိနပ်တွေနဲ့ လက်တွေက သွေးတွေနဲ့ စွန်းထင်းနေလို့ပါပဲ လို့ သူက ဆိုပါတယ်။

ပဋိပက္ခအတွင်း မက္ကဆီကိုရဲ့ကြားနေမှုကိုလည်း သံအမတ်ကြီးက ယခင် တွစ်တာ ဖြစ်တဲ့ X လူမှုစာမျက်နှာကနေ မေးခွန်းထုတ်လိုက်ပါတယ်။ ထောင်ချီတဲ့ ယူကရိန်းတွေသေနေရပြီး ဒီကနေ့ မက္ကဆီကိုရဲ့ လူသားဝါဒဟာ ကျူးကျော်သူ ပူတင်ဘက်က ရပ်လိုက်ပါတယ်လို့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် အမီလီယို အယ်လ်ဗားရက်ဇ် အီကားဇား E(milio Álvarez Icaza) က သူ့ရဲ့လူမှုစာမျက်နှာကနေ ပြောလိုက်ပါတယ်။

သမ္မတလိုပက်ဇ် အိုဘရာဒို López Obrador က ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ကြားနေပါတယ်လို့ ထပ်ခါ ပြောခဲ့ပေမဲ့ တချို့က ရုရှားဘက်တိမ်းတယ်လို့ သူ့ကို စွပ်စွဲကြပါတယ်။ စနေနေ့က စစ်ရေးပြပွဲအခမ်းအနားကို တရုတ်၊ ကိုလမ်ဘီယာ၊ ကျူးဘား၊ အီကွေဒို၊ အယ်ဆာဗေဒို၊ နီကာရာဂွါနဲ့ ဗင်နီဇွဲလားတို့အပါအဝင် အခြားနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG