သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Move Forward ပါတီ ယာယီခေါင်းဆောင်သစ်ခန့်


Move Forward ရှေ့သို့ချီပါတီ ခေါင်းဆောင်သစ် Chaithawat Tulathon
Move Forward ရှေ့သို့ချီပါတီ ခေါင်းဆောင်သစ် Chaithawat Tulathon

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရ Move Forward ရှေ့သို့ချီပါတီ ခေါင်းဆောင်သစ် ခန့်အပ်လိုက်ပါတယ်။ ခေါင်းဆောင်ဟောင်း Pita Limjaroenrat နှုတ်ထွက်ခဲ့ပြီးနောက် အရင်က ပါတီအတွင်းရေးမှူးချုပ်တာဝန်ယူခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် Chaithawat Tulathon ကို ခေါင်းဆောင်သစ်အဖြစ် ယာယီရွေးချယ်လိုက်တာဖြစ်ပါတယ်။ ခေါင်းဆောင်ဟောင်း Pita (ဖိထာ) ကိုဝန်ကြီးချုပ်မလုပ်နိုင်အောင် လွှတ်တော်ထဲမှာ စစ်တပ်ခန့်အမတ်တွေနဲ့ Conservative လွှတ်တော်အမတ်တွေက ကန့်ကွက်ခဲ့ကြသလို ရုပ်မြင်သံကြားထုတ်လုပ်ရေးလုပ်ငန်းတခုမှာ အစုရှယ်ယာပါဝင်တယ်ဆိုတဲ့ တိုင်ကြားချက်ကို စစ်ဆေးနေတာကြောင့် Pita ကို အခြေခံဥပဒေခုံရုံးကနေ လွှတ်တော်အမတ်အဖြစ်ကနေ ယာယီ ဖယ်ရှားထားပါတယ်။

ဒါကြောင့် သူ့ပါတီအနေနဲ့ လွှတ်တော်မှာ အတိုက်အခံပါတီအဖြစ်ရပ်တည် ဆောင်ရွက်လို့ရအောင်ဆိုပြီး ပါတီခေါင်းဆောင်တာဝန်ကနေ စက်တင်ဘာ ၁၅ ရက်နေ့မှာ Pita နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဥပဒေကြောင်းအရ Pita အနေနဲ့ လောလောဆယ် အတိုက်အခံခေါင်းဆောင်အနေနဲ့ရော လွှတ်တော်အမတ်တာဝန်ကိုပါ တာဝန်ယူလို့ မရချိန်ဖြစ်တာမို့ သူ့အနေနဲ့ ပါတီရဲ့ ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူတာဖြစ်တယ်လို့ Chaithawat ကသတင်းထောက်တွေကို ဒီနေ့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ လွှတ်တော်မှာ Pita လွှတ်တော်အမတ်တာဝန်ကို ပြန်ထမ်းဆောင်နိုင်တာနဲ့ သူဆင်းပေးမှာဖြစ်တယ်လို့ ပြောကြားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG