အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ဖျက်သိမ်းပြီး နယ်စပ် ခြံစည်းရိုးခတ်တာကို အပြီးသတ်ဖို့ ပြည်ထောင်စု အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနကို တိုက်တွန်းထားကြောင်း မဏိပူရ ပြည်နယ် ဝန်ကြီးချုပ် N Biren Singh က စနေနေ့မှာ ပြောပါတယ်။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်အရ အိန္ဒိယ-မြန်မာ နယ်စပ် နှစ်ဖက် အနီးမှာ နေထိုင်ကြတဲ့ လူတွေဟာ စာရွက်စာတမ်း မပါဘဲ နှစ်ဖက် နယ်စပ်ကို ၁၀ မိုင် နီးပါး အထိ ဝင်ထွက် သွားလာခွင့် ပြုထားတာပါ။ “လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နယ်စပ်ကို စနစ်တကျ အစောင့်အကြပ် ချထားရမယ့်အစား၊ နယ်စပ် မျည်း သုညအမှတ်မှာ တပ်ဖြန့်ထားရမယ့်အစား အိန္ဒိယ ပိုင်နက်ထဲ ၈-၉ မိုင် လောက် အတွင်းထဲကျမှ နယ်ခြား အစောင့်ချထားတာကို တွေ့ရတယ်” လို့ မဏိပူ ဝန်ကြီးချုပ်က ပြောပါတယ်။ “တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေ” ဝင်လာမှုကို အစိုးေအနေနဲ့ ဆက်လက်ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ်ကို ပြီးပြည့်စုံအောင် ကာရံထားဖို့ လိုအပ်ကြောင်း သတင်းထောက်တွေကို မဏိပူ ဝန်ကြီးချုပ်က ပြောခဲ့ကြောင်း အိန္ဒိယ သတင်းတွေမှာ ရေးသားကြပါတယ်။ “ပြည်ထဲရေး ဝန်ကြီးဌာနက မဏိပူရ ပြည်နယ် အတွင်း နိုင်ငံတကာ နယ်စပ် တလျှောက် မိုင် ၃၇ ကျော် အရှည် ရှိတဲ့ ခြံစည်းရိုးခတ်ဖို့လည်း ပြင်ဆင်နေတယ်” လို့လည်း ဆိုပါတယ်။ မကြာသေးမီက ဖြစ်ခဲ့တဲ့ မဏိပူရပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခ နောက်ကွယ်မှာ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ပါဝင်တယ်ဆိုပြီး စွပ်စွဲမှုတွေ ဖြစ်နေတာပါ။ အိန္ဒိယရဲ့ မဏိပူရပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ၂၄၂ မိုင် နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ (၄) လကျော်ကြာ ခိုက်ရန်ဖြစ်ပွားမှု အကြောင်းရင်းတွေထဲမှာ သစ်တောပြုန်းတီးမှု၊ တရားမဝင်ဘိန်းစိုက်ပျိုးမှု တွေကြောင့် အပြင် မြန်မာနိုင်ငံကနေ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် မဏိပူ ပြည်နယ် အတွင်း ခရိုင်တချို့မှာ လူမျိုးစုတွေရဲ့ လူဦးရေ တည်ရှိမှု အချိုးအစား ပြောင်းလဲလာတာကြောင့် ဖြစ်ရတာလို့ Meitei ကသည်း အဖွဲ့တွေက စွပ်စွဲကြသလို မြန်မာနိုင်ငံဘက်ကနေ စစ်သွေးကြွတွေဆီ လက်နက်တွေ ပံ့ပိုးနေတယ်လို့လည်း စွပ်စွဲကြပါတယ်။
အိန္ဒိယမြန်မာနယ်စပ် လွတ်လပ်စွာသွားလာခွင့် ဖျက်သိမ်းဖို့ မဏိပူဝန်ကြီးချုပ် တိုက်တွန်း
ဗွီဒီယို ကြည့်ရှုရန်
-
၂၂ ဒီဇင်ဘာ၊ ၂၀၂၄
ရခိုင်မှာ လက်နက်ချတဲ့ စစ်ကောင်စီတပ်တွေ အောင်စိတ် ပျောက်ဆုံးနေပြီ
-
၂၂ ဒီဇင်ဘာ၊ ၂၀၂၄
ဂျာမနီဈေးပွဲတော် တိုက်ခိုက်သူနောက်ကြောင်း တာဝန်ရှိသူတွေ ထုတ်ပြန်
-
၂၂ ဒီဇင်ဘာ၊ ၂၀၂၄
ပင်လယ်နီမှာ အမေရိကန်တိုက်လေယာဉ် မှားယွင်းပစ်ခတ်ခံရ