သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တေလာဆွိဖ်ရုပ်ရှင် တကမ္ဘာလုံး လက်မှတ်စတင်ရောင်းချ


The Eras Tour ဂီတခရီးစဉ်အစီအစဉ်တရပ်အနေနဲ့ အမေရိကန်ပြည်ထောင်စု Nashville ပြည်နယ် Nissan အားကစားကွင်းမှာ သီဆိုဖျော်ဖြေနေတဲ့ အဆိုတော် Taylor Swift (မေ ၅၊ ၂၀၂၃)
The Eras Tour ဂီတခရီးစဉ်အစီအစဉ်တရပ်အနေနဲ့ အမေရိကန်ပြည်ထောင်စု Nashville ပြည်နယ် Nissan အားကစားကွင်းမှာ သီဆိုဖျော်ဖြေနေတဲ့ အဆိုတော် Taylor Swift (မေ ၅၊ ၂၀၂၃)

မြောက်အမေရိကတိုက် မြို့ကြီးတွေမှာ စင်တင်ဂီတပွဲတွေကျင်းပပြီး ဖျော်ဖြေရေးခရီးစဉ်ကနေ ဒေါ်လာသိန်းထောင်ပေါင်းများစွာရရှိခဲ့တဲ့ ပေါ့ပ်ဂီတ အကျော်အမော် တေလာဆွိဖ်ဟာ သူ့ပွဲတွေကို လာမကြည့်ရတဲ့သူတွေဆီကိုပါ သူ့ စတိတ်ရှိုးတွေကို အရောက်ပို့ပေးမှာပါ။ အမေရိကန်ပြည်ထောင်စုက ဂီတရပ်ဝန်းမှာ တနွေလုံး နေရာယူလွှမ်းမိုးထားခဲ့တဲ့ သူ့ပွဲစဉ်တွေကို မှတ်တမ်းရုပ်ရှင်ရိုက်ထားပြီး မြင်ကွင်းကျယ် ရုပ်ရှင်ဖန်သားပေါ်မှာ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ "Taylor Swift: The Eras Tour" လို့ သူ့ဖျော်ဖြေရေးခရီးခေါင်းစီးနာမည်ကိုပဲ ပြန်ပေးထားတဲ့ သူ့ရဲ့ ဖျော်ဖြေရေးခရီးမှတ်တမ်းရုပ်ရှင်ကို အခု ကမ္ဘာတဝန်း ရုပ်ရှင်ရုံတွေမှာ ပြသတော့မယ်လို့ စက်တင်ဘာ ၂၆ ရက်နေ့ကပဲ ကြေညာသွားပါတယ်။ အရင်ကတော့ သူ့ကားကို အောက်တိုဘာ ၁၃ ရက်နေ့မှာ မြောက်အမေရိကရုပ်ရှင်ရုံတွေမှာ စတင်ပြသမယ်လို့ ဩဂုတ်လမှာ ပြောထားတာပါ။

“ဒီဖျော်ဖြေရေးခရီးတခုတည်းဘဲ တမ္ဘာလုံးဆီရောက်လာမှာ မဟုတ်ပါဘူး၊ အခု ဒီ The Eras Tour ဂီတဖျော်ဖြေပွဲရုပ်ရှင်ကိုလည်း တကမ္ဘာလုံးမှာ အောက်တိုဘာ ၁၃ မှာ ပြသွားမယ်ဆိုတာပြောပြရလို့ အရမ်းပျော်ပါတယ်” လို့ တေလာဆွိဖ်က သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာမှာ ရေးထားတာပါ။ သူက လက်မှတ်ရောင်းချပေးတဲ့ အင်တာနက်လိပ်စာကိုလည်း ဖော်ပြထားပါတယ်။ မူလက အမေရိကားမှာပဲ ပြမယ့်အစီအစဉ်ကို တကမ္ဘာလုံးမှာ ပြမယ်ဆိုပြီး ပြောင်းလိုက်တာ ဖြစ်ပါတယ်။

သူအခုလို လုပ်တာက ရုပ်ရှင်ရုံကုမ္ပဏီကြီးတွေအတွက် တော်တော် အသက်ရှုချောင်သွားစေတာပါ။ AMC Entertainment၊ Cineplex၊ Cinemark ဒီလို ရုပ်ရှင်ရုံကုမ္ပဏီကြီးတွေမှာက ဟောလီးဝုဒ်သရုပ်ဆောင်တွေ၊ ဇာတ်ညွှန်းဆရာတွေ သပိတ်မှောက်ထားလို့ နာမည်ကြီးရုပ်ရှင်ကားတွေ တင်စရာနည်းနေတာပါ။ ဥပမာဆိုရင် Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးပြီး ပရိသတ်တွေလည်း စောင့်မျှော်နေတဲ့ Dune အပိုင်း ၂ ဇာတ်ကားက နိုဝင်ဘာမှာ ရုံတင်ဖို့ စီစဉ်ထားပေမဲ့ အခု နောက်နှစ် နွေဦးကို ရွှေ့ထားရပါတယ်။ သပိတ်မှောက်ထားတဲ့ မင်းသား၊ မင်းသမီးတွေက သိပ္ပံဆန်းကြယ်ကားတွေအတွက် မကြော်ငြာပေးဘူး ပြောလို့ပါ။

တေလာဆွိဖ်ရဲ့ ဇာတ်ကားက ၃ နာရီ နီးပါးကြာပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ရုံတင်မှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးတွေကတော့ လူကြီးလက်မှတ်တစောင်ကို ၁၉.၈၉ ဒေါ်လာ၊ ဒါကတော့ တေလာဆွိဖ်ရဲ့ မွေးသက္ကရာဇ်၊ သူ့ရဲ့ တေးဓာတ်ပြားလည်း ဖြစ်တဲ့ “၁၉၈၉” နဲ့ ဂဏန်းတူဖြစ်ပါတယ်။ ကလေးလက်မှတ်ဖိုးကတော့ ၁၃.၁၃ ဒေါ်လာ နဲ့ ရောင်းချပါမယ်။

XS
SM
MD
LG