သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တေလာဆွိဖ်ရုပ်ရှင်ရုံတင်မယ့်ရက် တခြားဇာတ်ကားတွေရှောင်


The Eras Tour ဂီတခရီးစဉ်အစီအစဉ်တရပ်အနေနဲ့ အမေရိကန်ပြည်ထောင်စု Nashville ပြည်နယ် Nissan အားကစားကွင်းမှာ သီဆိုဖျော်ဖြေနေတဲ့ အဆိုတော် Taylor Swift (မေ ၅၊ ၂၀၂၃)
The Eras Tour ဂီတခရီးစဉ်အစီအစဉ်တရပ်အနေနဲ့ အမေရိကန်ပြည်ထောင်စု Nashville ပြည်နယ် Nissan အားကစားကွင်းမှာ သီဆိုဖျော်ဖြေနေတဲ့ အဆိုတော် Taylor Swift (မေ ၅၊ ၂၀၂၃)
ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Taylor Swift တေလာဆွိဖ်ဟာ ဒေါ်လာသန်းထောင်ချီရခဲ့တဲ့ ဖျော်ဖြေရေး ခရီးစဉ်နဲ့ စံချိန်သစ်တွေ တင်ခဲ့ပြီးနောက်မှာတော့ အခုလာပြန်ပါပြီ၊ ဒီတနွေလုံး ကမ္ဘာ့ဂီတမြင်ကွင်းမှာ နေရာယူခဲ့တဲ့ သူ့ဖျော်ဖြေရေး ခရီးစဉ် မှတ်တမ်းရုပ်ရှင်ကို ရုံတင်ပြီး မြင်ကွင်းကျယ် ငွေရောင်ပိတ်ကားမှာ ပြသမှာ ဖြစ်ပါတယ်။
Taylor Swift: The Eras Tour" မှတ်တမ်းရုပ်ရှင်ကို မြောက်အမေရိကားမှာ အောက်တိုဘာ ၁၃ မှာ ရုံတင်မယ်လို့ တေလာဆွိဖ်က အရင်က တွီတ်တာ၊ အခု နာမည်ပြောင်းလိုက်တဲ့ X အက်စ် လူမှုကွန်ရက်စာမျက်နှာမှာ ဩဂုတ်လကုန်က ကြေညာသွားပါတယ်။ “The Eras Tour" ဖျော်ဖြေရေးခရီးက အခုအထိ ကျွန်မဘဝ သက်တမ်းတလျှောက် အဓိပ္ပာယ်အပြည့်ဝဆုံး၊ အင်အားတွေ အပေးဆုံး အတွေ့အကြုံပဲ ဖြစ်ပါတယ်။ ကျွန်မ အဲဒီလို ပြောခွင့်ရတာလို့လည်း အင်မတန် ပျော်ရွှင်မိပါတယ် “ပိတ်ကားကျယ်ပေါ်မှာ မကြာခင်ကြည့်နိုင်ကြတော့မှာပါနော်” လို့ တေလာဆွိဖ်က ပြောပါတယ်။
ဒီခရီးစဉ်ပြီးမြောက်ဖို့မှာ အယ်ရာစ်မှာ ဝတ်တဲ့ အဝတ်အစားတွေ၊ သူငယ်ချင်းတွေ ပေးတဲ့ လက်ပတ်ကြိုးတွေ၊ သီချင်းဆိုကြတာ ကကြတာတွေက အများကြီး အကူအညီဖြစ်ခဲ့တယ်လို့ တေလာဆွိဖ်က ပြောပါတယ်။
ဒီလို သူ့မှတ်တမ်းရုပ်ရှင် ရုံတင်မယ့်ကိစ္စကလည်း AMC Entertainment လို, Cineplex လို Cinemark လို ရုပ်ရှင်ရုံကြီးတွေအတွက် တော်တော် ကူညီရာရောက်သွားတာပါ။ ဟောလီးဝုဒ်ရုပ်ရှင်လုပ်ငန်းကြီးမှာ မင်းသား၊ မင်းသမီးတွေ၊ ဇာတ်ညွှန်းရေးသူတွေ သပိတ်မှောက်ကြလို့ ရုပ်ရှင်ကားကြီးတွေ မထွက်နိုင် ဖြစ်နေချိန်မှာ သူ့ကားလို နာမည်ကြီး လူစိတ်ဝင်စားတဲ့ကား ရုံတင်နိုင်မှာ ဖြစ်ပါတယ်။
ဥပမာဆိုရင် Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက လူအများကြည့်ချင်နေတဲ့ Dune အပိုင်း ၂ ရုပ်ရှင်ကားကကို ရုံမတင်နိုင်ပဲ နောက်နှစ် နွေဦးပေါက်အထိ ရွှေ့ဆိုင်းထားရပါတယ်။ သပိတ်မှောက်ထားတဲ့ မင်းသား၊ မင်းသမီးတွေက sci-fi သိပ္ပံဆန်းကြယ်ကားတွေကို မကြော်ငြာပေးဘူး ဆိုလို့ပါ။
သူတို့လို ဟောလီးဝုဒ်သပိတ်မှောက်လို့ မဟုတ်ပဲ ရုံတင်ရက် ရွှေ့ဆိုင်းတဲ့ ကားတွေလည်း ရှိပါတယ်။ အခု တေလာဆွိဖ်ရဲ့ မှတ်တမ်းရုပ်ရှင် အောက်တိုဘာ ၁၃ မှာ ရုံတင်မှာလို့ဆိုပြီး ရက်ရွှေ့တဲ့ ဇာတ်ကားတွေမှာဆိုရင် "The Exorcist: Believer" ရုပ်ရှင်ကားက တပတ်စောထွက်ဖို့ရွှေ့လိုက်ပြီး အောက်တိုဘာ ၆ ရက်နေ့ ရုံတင်ပါမယ်။
နာမည်ကြီးမင်းသမီး Meg Ryan ရဲ့ အချစ်ဇာတ်မြူးကား "What Happens Later" ကတော့ တေလာဆွိပ်ဇာတ်ကားအတွက် နောက်ဆုံးသတင်းပတ် နိုဝင်ဘာ ၃ ရက်နေ့ကို ရွှေ့လိုက်ပါတယ်။ မင်းသမီး Hilary Swank ပါဝင်သရုပ်ဆောင်ထားတဲ "Ordinary Angels" ဇာတ်ကားကလည်း နဂိုက အောက်တိုဘာ ၁၃ ထွက်ဖို့ ဖြစ်ပြီး အခုတော့ ရက်ရွှေ့ထားပေမဲ့ ရက်ကို မကြေညာသေးပါဘူး။
တေလာဆွိဖ်ရဲ့ ဇာတ်ကားက ၃ နာရီ နီးပါးကြာပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ရုံတင်မှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးတွေကတော့ လူကြီးလက်မှတ်တစောင်ကို ၁၉.၈၉ ဒေါ်လာ၊ ဒါကတော့ တေလာဆွိဖ်ရဲ့ မွေးသက္ကရာဇ်၊ သူ့ရဲ့ တေးဓာတ်ပြားလည်း ဖြစ်တဲ့ “၁၉၈၉” နဲ့ ဂဏန်းတူဖြစ်ပါတယ်။ ကလေးလက်မှတ်ဖိုးကတော့ ၁၃.၁၃ ဒေါ်လာနဲ့ ရောင်းချပါမယ်။
XS
SM
MD
LG