သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားရောက် ကန်စစ်သား ပြန်လာနိုင်မှု တရုတ်အစိုးရကူညီခဲ့

တောင်ကိုရီးယားဘူတာရုံ ရုပ်မြင်သံကြားမှာလာနေတဲ့ အမေရိကန် စစ်သား Travis King သတင်း (စက်တင်ဘာ၊ ၂၀၂၃)
တောင်ကိုရီးယားဘူတာရုံ ရုပ်မြင်သံကြားမှာလာနေတဲ့ အမေရိကန် စစ်သား Travis King သတင်း (စက်တင်ဘာ၊ ၂၀၂၃)

တရုတ် ပိုင်နက် နယ်မြေ ကတဆင့် မြောက်ကိုရီးယား ကနေ အမေရိကန် စစ်သား Travis King ထွက်ခွါဖို့ ခွင့်ပြုခဲ့တဲ့အတွက် အမေရိကန် သမ္မတ အိမ်ဖြူတော် က တရုတ် အစိုးရ နဲ့ ဆွီဒင် အစိုးရတို့ကို ဗုဒ္ဓဟူးနေ့ က ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။

အမေရိကန် စစ်တပ် က တပ်သား ထရာဗစ် ကင်း Travis King မြောက်ကိုရီးယား ကနေ တရုတ် က တဆင့် ထွက်ခွါရာမှာ လွယ်ကူချောမွေ့အောင် ကူညီခဲ့တဲ့အတွက် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အစိုးရ ကို ကျွန်တော်တို့ ကျေးဇူးတင်ရှိပါတယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန် Jake Sullivan က ကြေညာချက် မှာ ပြောပါတယ်။ TRAVIS KING ဟာ ခု အခါမှာတော့ တောင်ကိုရီးယား မှာ ရှိတဲ့ အမေရိကန် စစ်စခန်းကနေ အမေရိကန် နိုင်ငံ ကို ပြန်လာနေပြီ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မီလ်လာ Matthew Miller က ဗုဒ္ဓဟူးနေ့ က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ဆွီဒင်တာဝန်ရှိသူတွေ က အမေရိကန် စစ်သား ထရာဗစ် ကင်း Travis King ကို မြောက်ကိုရီးယား နဲ့ တရုတ် နယ်စပ် ကို ခေါ်ဆောင်လာခဲ့ကြတာပါ။ နယ်စပ် ကို တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး နီကိုလာ့စ်ဘန်း Nicholas Burns, တရုတ်နိုင်ငံဆိုင်ရာ ဆွီဒင် သံအမတ်ကြီး နဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန က အနည်းဆုံး အရာရှိတစ်ယောက် တို့ က လာရောက်ခေါ်ဆောင်ကြတာပါ။ တရုတ်ပြည်ကနေ ထရာဗစ် ကင်း Travis King ကို တောင်ကိုရီးယား စစ်စခန်း က တဆင့် အမေရိကန် ကို ပြန်ခေါင်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

မြောက်ကိုရီးယားရောက် ကန်စစ်သား ပြန်လာနိုင်မှု တရုတ်အစိုးရကူညီခဲ့
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG