သုံးရလွယ်ကူစေသည့် Link များ

 
ကချင် မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း စစ်ကောင်စီတိုက်ခိုက်မှု စစ်ရာဇဝတ်မှု မြောက်နိုင် (Amnesty International)
နောက်ဆုံးရသတင်း

ကချင် မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း စစ်ကောင်စီတိုက်ခိုက်မှု စစ်ရာဇဝတ်မှု မြောက်နိုင် (Amnesty International)


လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု လူ ၃၀ နီးပါး သေဆုံး
လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု လူ ၃၀ နီးပါး သေဆုံး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာချုပ်ရှိရာ၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ညက စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်မှုကြောင့် ကလေးတွေ အပါအဝင် လူ ၃၀ နီးပါး သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်က စစ်ရာဇ၀တ်မှုမြောက်ကြောင်း ကျွမ်းကျင်သူတွေရဲ့ လေ့လာချက်နဲ့ မျက်မြင်သက်သေတွေကို ကိုးကားပြီး Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အောက်တိုဘာ ၁၃ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁ နာရီခွဲ လောက်မှာ တရုတ်နယ်စပ်အနီးက အဲဒီ စစ်ရှောင်စခန်းမှာ ပထမ ပြင်းထန်တဲ့ ဗုံးကြီး တလုံးကွဲခဲ့ပြီး အဲဒီနောက် အနီးနားက စစ်ကောင်စီတပ်စခန်းတွေကနေ မော်တာတွေနဲ့ ဆက်တိုက် ပစ်ခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောကြောင်း Amnesty International ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်က ဒီတိုက်ခိုက်မှုကို ငြင်းဆိုပြီး အမိုနီယမ်နိုက်ထရိုက် (ယမ်း) သိုလှောင်ရုံပေါက်ကွဲလို့ ဖြစ်တယ်လို့ အောက်တိုဘာ ၁၁ ရက် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် ဒီပေါက်ကွဲမှုက ယမ်း သိုလှောင်ရာနေရာမဖြစ်နိုင်တဲ့ ပုံမှန် ယဥ်အသွားအလာ ရှိတဲ့ နေရာမှာ ပေါက်ကွဲခဲ့တာ ဖြစ်တဲ့ အပြင် အချိန်ကိုက် တိုက်ခိုက်ခဲ့တဲ့ လက္ခဏာတွေ တွေ့ခဲ့ရတယ်လို့ Amnesty International ရဲ့ လက်နက်ကျွမ်းကျင်သူက ပြောပါတယ်။

လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း ပေါက်ကွဲမှု ၃၀ နီးပါးသေဆုံး
လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း ပေါက်ကွဲမှု ၃၀ နီးပါးသေဆုံး

တိုက်ခိုက်မှုအပြီး ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အသေးစိတ် လေ့လာခဲ့ရာမှာ ပေါက်ကွဲမှုကြီးတခုကြောင့် အနီးအနားက ဘုရားကျောင်း၊ ကလေး မူကြို စာသင်ကျောင်းနဲ့ နေအိမ်အများအပြားအပါအဝင် အဆောက်အအုံ ဒါဇင်နဲ့ချီ ပြားပြားဝပ် ပြိုကျပျက်စီးခဲ့ပြီး မီးလောင်ကျွမ်းခဲ့တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်ခဲ့တဲ့ ချိုင့် ကျင်း အရွယ်အစားနဲ့ အပျက်အစီးတွေကိုလည်း လေ့လာခဲ့ပြီး နောက်မှာ ဒါက စစ်ကောင်စီ စစ်တပ် အသုံးပြုလေ့ရှိတဲ့ လေကြောင်းကနေ ပစ်ခတ်နိုင်တဲ့ ကြီးမားတဲ့ ပြင်းထန်တဲ့ ဗုံးအမျိုးအစားနဲ့ ကိုက်ညီနေတယ်လို့ Amnesty International က ပြောပါတယ်။ အနီးဝန်းကျင်မှာ အရပ်သားတွေ ရှိတဲ့ အနေအထားမှာ အသုံးပြုဖို့ လုံးဝ မသင့်လျော်တဲ့ တိကျမှန်ကန်မှု မရှိတဲ့ ပဲ့ထိန်း လမ်းညွှန်မဲ့ဗုံးကို အသုံးပြုခဲ့တာဟာ သေချာသလောက်နီးပါးရှိတယ်လို့ ဆိုပါတယ်။

လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း ပေါက်ကွဲမှု ၃၀ နီးပါးသေဆုံး
လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း ပေါက်ကွဲမှု ၃၀ နီးပါးသေဆုံး

လိုင်ဇာကနေ (၃) မိုင်လောက် အကွာမှာ ရှိတယ် အဲဒီ စခန်းမှာ စစ်ဘေးရှောင် မိသားစု ၁၅၀ ဝန်းကျင် နေထိုင်နေပြီး အနီးက မုန်လိုင်ခက် ရွာမှာလည်း အခြားအရပ်သားနေအိပ်တွေရှိတယ်လို့ ဆိုပါတယ်။ “မြန်မာစစ်တပ်ရဲ့ ဒီလူသတ်တိုက်ခိုက်မှုဟာ အရပ်သားတွေရဲ့ အသက်ကို လုံးဝဂရုမစိုက်ကြောင်း သက်သေပြနေတယ်” လို့ Amnesty International ရဲ့ ဒါရိုက်တာတဦး ဖြစ်သူ Matthew Wells က ပြောပါတယ်။

မိုင်လိုင်ခက် စစ်ရှောင်ဒုက္ခသည်စခန်းကို လေကြောင်းတိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လက်နက်ကိုင်နဲ့ အရပ်သား ခွဲခြားခြင်း မရှိဘဲ အကုန်လုံး သိမ်းကျုံးတိုက်ခိုက်တဲ့ ဖြစ်ရပ် အများအပြားထဲက တခု ဖြစ်ပြီး အဲဒီလို တိုက်ခိုက်မှု အများစုမှာ စစ်ရာဇ၀တ်မှုမြောက်တယ်လို့ Amnesty International က ပြောပြီး မြန်မာစစ်တပ်ကို လေယာဥ်လောင်စာဆီနဲ့ လက်နက်ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။”

XS
SM
MD
LG